ခွင့် (၁၅)

997 98 17
                                    

"အစ်ကို....ကျွန်တော်ကျောင်းတက်တုန်းကစာအုပ်အဟောင်းတွေထည့်တဲ့ ကတ္ထူပုံးလေးတွေ့မိသေးလား"

Phuwin ကလိုအပ်တဲ့စာအုပ်တွေနဲ့ စာရွက်စာတမ်းတွေကို luggage ထဲစီထည့်ရင်း Pond ကိုလှမ်းမေးလိုက်သည်။

"ဘယ်စာသင်နှစ်ကဟာလဲညီ"

Pond က Phuwin ရဲ့အဝတ်အစားအသုံးအဆောင်တွေကိုတခြား luggage ထဲထည့်ပေးနေရင်းပြန်မေးသည်။

"final ကဟာအစ်ကို"

"အင်း.......
final ကဟာဆိုရင် စာကြည့်ခန်းထဲက ဝင်ဝင်ချင်းဒုတိယမြောက်စာအုပ်စင်ရဲ့အ‌ပေါ်ထပ်မှာ ကတ္ထူပုံးနှစ်ပုံးရှိတယ်
ညာဘက်က အငယ်လေး final တုန်းကစာအုပ်တွေထည့်ထားတဲ့ပုံး
ဘယ်ဘက်က ညီ final တုန်းကစာအုပ်တွေထည့်ထားတဲ့ပုံး
ဘာလို့လဲ......ယူချင်လို့လား
အစ်ကိုသွားယူပေးမယ် ညီ မမီလောက်ဘူး"

"မီပါတယ် ကျွန်တော်ပဲသွားယူတော့မယ်"

ပြောပြီးပြီးချင်း အခန်းထဲကလှစ်ခနဲထွက်သွားတဲ့ Phuwin ရဲ့ကျောပြင်ကိုကြည့်ကာ Pond ခပ်ပြုံးပြုံးနဲ့ခေါင်းယမ်းလိုက်သည်။
ပြီးရင် စက္ကန်းအနည်းငယ်အတွင်း "အစ်ကိုရေ" ဆိုတဲ့ခေါ်သံကျယ်ကျယ်လေးကိုကြားရပေအုံးမည်။

တစ်....နှစ်.....သုံး....လေး....ငါး

"အစ်ကိုရေ..."

Pond အသံထွက်ကာရယ်မောမိတော့သည်။

ဒီကောင်လေးကတော့....။

Pond လုပ်လက်စကိုခဏရပ်ထားပြီးစာကြည့်ခန်းထဲကိုလိုက်သွားတော့ စာအုပ်စင်ကိုကျောနဲ့ကပ်ကာ မတ်တပ်ရပ်နေသည့်ကောင်လေးက သွားကြီးကြီးလေးတွေပေါ်တဲ့အထိ ဟီး ခနဲရယ်ပြပြီးမျက်နှာချိုသွေးသည်။
အသဲယားစရာကောင်းလိုက်တာလေး။
Pond ကသဘောတကျရယ်မောလိုက်ရင်း ပါးအိအိလေးတွေကို ခပ်ဖွဖွဆွဲညှစ်လိုက်သည်။

"အစ်ကိုမပြောဘူးလား ညီ မမီပါဘူးလို့"

"ကျွန်တော်က အစ်ကိုဆင်းယူနေရမှာစိုးလို့"

"ကောင်းပါ့ဗျာ
အခုတော့ နှစ်‌ယောက်စလုံးဆင်းရတာပေါ့
ဖယ် အစ်ကိုယူပေးမယ်"

2 m စွန်းစွန်းမြင့်တဲ့စာအုပ်စင်ပေါ်က ကတ္ထူပုံးလေးက အရပ် 185 cm မြင့်တဲ့ Pond တောင် ခြေဖျားထောက်ပြီးလှမ်းယူမှ မှီလေသည်။

ခွင့်Where stories live. Discover now