ခွင့် (၁၇)

871 99 11
                                    


"တခြားဆိုင်က သရက်သီးကိတ်နဲ့ အဲ့ဆိုင်ကဟာနဲ့ဘာကွာလို့လဲညီမလေးရာ ကိုလတ် အလုပ်နဲ့ကတစ်လမ်းစီပဲကို"

"ကိုလတ်ကလည်း Rem ကအဲ့ဆိုင်ကဟာစားချင်တာကို
ဝယ်ခဲ့ပေးပါ အဲ့ဆိုင်ကသရက်သီးကိတ်က တခြားဆိုင်ကဟာတွေထက်ပိုအရသာရှိတယ်လို့"

"အေးဟာ....အေး အေး"

"ပြီးရော အဲ့ဒါဆို Rem စောင့်နေမှာနော် ကိုလတ်ဝယ်လာပေးတဲ့မုန့်စားပြီးမှ Rem အိပ်မှာ"

"ဟုတ်ကဲ့ပါ ခင်ဗျ"

Phet ခပ်ရွဲ့ရွဲ့ပြန်ဖြေလိုက်တော့ Rem ကသဘောတကျရယ်မောကာဖုန်းချသွားသည်။ ထို့နောက် Phet လည်းကားလေးကို Rem ကြိုက်တဲ့ cake ဆိုင်ရှိရာ ကျောက်ဖရားမြစ်ဘေးသို့ဦးတည်လိုက်လေသည်။
ကိတ်ဆိုင်ကပြန်ထွက်လာတော့ ညကိုးနာရီပင်ကျော်လေပြီ။
Phet စိတ်ဖိစီးမှုတွေပြေလိုပြေငြား မြစ်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေးအေးလေးကိုအားပါးတရရှိုက်သွင်းလိုက်သည်။
Phet ရဲ့ဆောက်လုပ်ရေး ဆိုက်ထဲမှာဖြစ်သွားတဲ့မတော်တဆမှုက တော်တော်လေးကြီးသွားခဲ့ပြီး တာဝန်ယူရမယ့်အပိုင်းတွေများတာကြောင့် Phet Tinaphont တို့ ဒီရက်ပိုင်း အသက်ပင်ကောင်းကောင်းမရှူနိုင်။ သေဆုံးသွားတဲ့အလုပ်သမားတွေအတွက် ပေးရမယ့်လျှော်ကြေးတွေကလည်းမနဲမနော။ အဲ့ပိုက်ဆံတွေကို ဘယ်ကနေသွားရှာရပါ့မလဲ။ ‌အဖေ့စီကထပ်တောင်းဖို့ကတော့ဘယ်လိုနည်းနဲ့မှမဖြစ်။ အဲ့လိုသာဆိုသူ့ရဲ့ဆက်ခံသူနေရာက သူများလက်ထဲကိုရောက်သွားပေလိမ့်မည်။

"ဟူး"

သက်ပြင်းကိုလေးလေးပင်ပင်ချလိုက်ရင်း ကားထဲမဝင်ခင် လမ်းမတစ်ဖက်ကို အမှတ်မထင် လှမ်းကြည့်လိုက်ချိန် တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်  Phet ရဲ့ခြေလှမ်းတွေတုံ့ခနဲရပ်တန့်သွားသည်။

မြင်ကွင်းက ကောင်လေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ပွေ့ဖက်ရင်း အနမ်းပေးနေကြသည့် မြင်ကွင်း။

တိတိကျကျပြောရရင် လွန်ခဲ့တဲ့ရက်အနဲငယ်ကမှ Phet ကို ရင့်ရင့်သီးသီး စော်ကားအနိုင်ပိုင်းသွားတဲ့ မလောက်လေးမလောက်စား ဆရာဝန်အရိုင်းအစိုင်းကောင်က တစ်ချိန်က Phet ရဲ့အပိုင်ဖြစ်လာဖို့နီးစပ်ခဲ့ဖူးတဲ့ ကောင်လေးရဲ့ခါးကို ခပ်တင်းတင်းပွေ့ပိုက်ကာ နမ်းရှို‌က်နေတဲ့မြင်ကွင်းပင်ဖြစ်လေသည်။

ခွင့်Where stories live. Discover now