ခွင့် (၃၁)

1K 96 35
                                    

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရာက ရုတ်တရက်ကြီးလန့်နိုးလာတာကြောင့် Fourth ဆတ်ခနဲထထိုင်လိုက်သည်.…...

အိမ်မက်ဆိုးမက်တာလည်းမဟုတ်ပါပဲ ချွေးစေးတွေပျံပြီး နိုးလာကာ ရင်ကလည်းအဆမတန်တုန်ယင်နေလေသည်....

တဒီတ်ဒိတ်ခုန်နေတဲ့ရင်ဘက်ကိုလက်နဲ့ဖိထားရင်း ကုတင်ဘေးကစားပွဲပေါ်မှာရှိတဲ့ ရေ‌တကောင်းထဲက ရေတစ်ခွက်ငှဲ့သောက်လိုက်တော့ မှအနဲငယ်ရင်တုန်ပြေသွားသလိုရှိသည်
ဒါပေမယ့်စိတ်ထဲမှာနေရတာပေါ့မသွား......

တစ်ခုခုကိုစိုးရိမ်နေသလို လေးလေးပင်ပင်ခံစားမှုကြောင့် လူကသက်တောင့်သက်သာမရှိနေ.....

ဖုန်းကနာရီကိုကြည့်လိုက်တော့ ညဆယ့်တစ်နာရီခွဲပင်ရှိသေးသည်......

notification light လေးကလည်းစိမ်းနေတာကြောင့် ဝင်ကြည့်လိုက်တော့ Gem က line ကစာပို့ထားခြင်းပင်

💬 အချစ်အိပ်ပြီလား......😊

💬 မောင် ‌လွမ်းလို့......😔

💬 အချစ်တကယ်အိပ်ပြီလား....😏

💬 အော်.....အခုတော့အချစ်ကမောင်မရှိပဲနေနိုင်သွားပြီပေါ့လေ🥺

💬 ရပါတယ်.....မောင့် ထိုက်နဲ့ မောင့် ကံပဲရှိပါစေတော့ ပစ်ထားလိုက်ပါ😢

💬 ပစ်ထားလိုက်ဆိုတာအလကားနောက်တာ တကယ်ပစ်မထားနဲ့.......☹️

💬 အချစ် မောင့်ကိုပစ်မထားနဲ့လို့😥

💬 အချစ်ရေ......😧😨😰😭

emoji ပေါင်းစုံနဲ့ တစ်ယောက်ထဲ drama ချိုးပြီး ဗြောင်းဆန်နေတဲ့ Gem ကြောင့် Fourth တသောသောရယ်မောမိလေတော့သည်....

သူပဲအမျိုးမျိုး.....
တက်လဲတက်နိုင်တဲ့ဟာလေး......

အငယ်ဆုံးသားမို့လို့လားမသိ တစ်ခါလေ Gem က အလွန်ချွဲသည်....

Gem ရဲ့ချစ်စရာကောင်းလွန်းတဲ့ message လေးတွေကြောင့် Fourth ရဲ့လေးပင်နေတဲ့စိတ်တွေပေါ့ပါးသွားကာ အခုမှနေသာထိုင်သာရှိသွားတော့သည်......

လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကမှပို့ထားတဲ့စာတွေဖြစ်လို့ ချက်ခြင်းတော့အိပ်မပျော်လောက်သေး.....

ခွင့်Where stories live. Discover now