ခွင့် (၂၀)

1.6K 114 70
                                    

အိပ်ယာကနိုးလို့ မျက်စိနှစ်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းလေးကြောင့် နှုတ်ခမ်းတွေ အလိုလိုပြုံးမိသွားသည်။
ညက Gem ကိုယ်တိုင် ကိုယ်လက်သုတ်သင်ပေးပြီး ကိုယ်တိုင်ကိုယ်ကျ ရွေးခြယ်ဝတ်ဆင်ပေးထားတဲ့ အပြာနုရောင်ညအိပ်ဝတ်စုံလေးနဲ့ Gem ရဲ့အလှတရားလေးဟာ Gem လက်မောင်းကိုခေါင်းအုံးပြီး ရင်ခွင်ထဲမှာကွေးကွေးလေးအိပ်မောကျလို့နေသည်။
ပါးစပ်ကလေးဟပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မှာ တစ်ချက်တစ်ချက်ဟောက်သံလေးများပင်ထွက်လို့နေသေး။
ဝဲကျနေတဲ့ ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်ပြီး Gem နဲ့အနီးဆုံးမှာရှိနေတဲ့ နဖူးဝင်းဝင်းလေးကို ဖွဖွလေးနမ်းရှိုက်လိုက်သည်။
စိတ်ရှိတိုင်းသာဆိုရင် မျက်နှာလေးတစ်ခုလုံးကို အားပါးတရမွှေးကြူလိုက်ချင်ပေမယ့် Gem ကိုအလိုလိုက်ထားတာကြောင့် ပင်ပန်းကာအိပ်ပျော်နေရှာတဲ့ ကလေးလေးနိုးသွားမှာစိုးလို့ ငြိမ်ငြိမ်လေးပဲငေးကြည့်နေလိုက်သည်။

ချစ်ရာကောင်းလိုက်တဲ့ကောင်လေး.....။

ချစ်သူရဲ့မျက်နှာချောချောလေးကိုကြည့်ပြီး နိုးထရတဲ့မနက်ခင်းဟာ ဘယ်လောက်တောင် ကျက်သရေမင်္ဂလာအဖြာဖြာရှိလိုက်သလဲဆိုတတာ ရည်းစားမရှိကြကုန်သော လူတန်းစားများမသိနိုင်။
တကယ့်ကိုစိတ်‌မကောင်းစရာပင်.....။

တစ်နာရီကျော်ကျော်လောက်အကြာမှာတော့ ရင်ခွင်ထဲကကောင်လေးကအနဲငယ်လူးလွန့်ပြီး အိပ်ယာကနိုးလာလေသည်။

"အွန်း....Gem"

ခြေတွေလက်တွေဆန့်ထုတ်ကာ အပျင်းဆန့်လိုက်မိပြီးမှ ကိုယ်လုံးလေးတစ်ချက်တွန့်သွားပြီး Gem ရဲ့နာမည်ကို ငြီးငြူသလိုလေးခေါ်လာ တော့ Gem က ကျောပြင်ကိုခပ်ဖွဖွပွတ်သပ်ကာနှိပ်နယ်ပေးသည်။

"အရမ်းနာနေသေးလား Fourth"

"ဟင့်အင်း"

"သေချာလို့လား ကျွန်တော်စိတ်မကောင်းမှာစိုးလို့ညာ ပြောနေတာလား"

"မဟုတ်ပါဘူး"

"ဘယ်လိုနေသေးလဲ ကျွန်တော့်ကိုပြောပြပါအုံး ဆေးတိုက်ရအောင်"

ခွင့်Where stories live. Discover now