Chapter-8.2
လူထုလုံခြုံရေးဗျူရိုမှ ထွက်လာပြီးသည့်နောက် ကျိုးကျင်ဟမ့် ကားကိုလေဆိပ်ထံဦးတည်လိုက်စဉ် ဖုန်းသံမြည်လာခဲ့သည်။
“မင်းဘယ်မှာလဲ…” ဖုန်းတစ်ဖက်ရှိ ယန်ချန်းရွှမ်က မေးမြန်းလိုက်၏။
ကျိုးကျင်ဟမ့်က စတီယာတိုင်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ကားကိုလှည့်လိုက်သည်။
“လူထုလုံခြုံရေးဗြူရို...”
“မင်းတကယ်ကြီး ရဲကိုခေါ်လိုက်တာလား…” ယန်ချန်းရွှမ် ရယ်မောလိုက်သည်။ “ပြောရရင် သူကဘာမှမှမဟုတ်တာ…သူ့ကိုဘယ်သူက ပြန်ပေးဆွဲမှာလဲ…”
ကျိုးကျင်ဟမ့်က လိုက်ပါရယ်မောခြင်းမရှိပဲ လေးနက်သောအမူအရာဖြင့် ဆိုလေသည်။
“S မြို့ကိုစစ်ဆေးကြည့်ဖို့ တစ်ယောက်လွှတ်ထားပြီးပြီ...မြို့တော်မှာတော့ ရဲပဲခေါ်ရလိမ့်မယ်…”
ယန်ချန်းရွှမ်က မေးလိုက်သည်။ “ဒီနိုင်ငံကထွက်သွားတယ်လို့ မင်းထင်လား…”
“သူ့ရဲ့နိုင်ငံကူးလက်မှတ်က ရက်လွန်နေတာ…ဒီနိုင်ငံထဲက ထွက်သွားလို့မရဘူး…”
“နိုင်ငံကူးလက်မှတ်အတုလုပ်လို့ရတယ်လေ…”
ကျိုးကျင်ဟမ့် အေးစက်စွာနှာခေါင်းရှံ့လိုက်သည်။ “သူ့ဉာဏ်ရည်နဲ့များ နိုင်ငံကူးလက်မှတ်အတုလုပ်နိုင်မယ်လို့ မင်းထင်တာလား…”
“ဟုတ်သားပဲ...” ယန်ချန်းရွှမ်က ခဏတာတွန့်ဆုတ်နေကာ ဆိုလာခဲ့သည်။
“မင်းဒီလိုရောတွေးမိလား…သူ အကြောင်းတစ်ခုခုကြောင့် ပြန်ပေးဆွဲခံရတာမျိုးဖြစ်နိုင်ပေမယ့် အချိန်အတော်ကြာတဲ့အထိ ဘယ်သူကမှဆက်သွယ်မရပုံကိုကြည့်ရင် လေထဲမှာဒီအတိုင်းပျောက်သွားတာလား…”
ကျိုးကျင်ဟမ့်က သူ့အားနောက်ပြောင်လိုစိတ်မရှိချေ။
“သတင်းထူးတာရှိရင် မြန်မြန်ပြော…မဟုတ်ရင် ငါဖုန်းချလိုက်တော့မယ်…”
YOU ARE READING
မျောလွင့်နေသော ပြာမှုန်များ
Fanfictionမင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ ကျန်းမာ ဘေးကင်း ဝင်ငွေတိုးကြပါစေ... ပုံအောက်မှာ Description ပါတယ်နော် ...