Chapter 29.1

232 38 0
                                    




Chapter 29.1









သူ့ကို ကောင်းကောင်းမသိပါက သူ တမင်လုပ်လိုက်သည်ဟု ယီဟွေ့ ထင်လိုက်မိမည်ဖြစ်သည်။

သူ့ကိုထွက်သွားစေလိုက်ခြင်းက အလွန်ရိုင်းရုံသာမ " သူကယီဟွေ့ " ဟူသော မသင်္ကာစရာအချက်ကို  အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။ သူ့ကိုထွက်မသွားခိုင်းလျှက်လည်း သူ နောက်မှ တကောက်ကောက်လိုက်နေခြင်းကို သဘောတူသည်နှက့် တူသွားပေလိမ့်မည်။  တုံ့ပြန်ရန်အတွက် မှန်ကန်သောနည်းလမ်းမရှိပေ။

ယီဟွေ့စိတ်ထဲ မဆုံးဖြတ်နိုင်ဖြစ်နေသည်။ သူ ခဏတာ တွန့်ဆုတ်သွားသော်လည်း ဘာမှပြန်မဖြေနိုင်မီတွင် သောက်စရာသွားဝယ်သည့်လူနှစ်ယောက် ပြန်ရောက်လာကြသည်။

" ရေသန့်လေးဘူးက တူတူပဲ ဘာမှ ရွေးမနေကြနဲ့တော့..."

ထန်ဝမ်းရှီက သူတို့ကို ရေတစ်ဘူးချင်းစီ ဝေပေးလိုက်ပြီး ယီဟွေ့အနားကိုရောက်လာကာ မတ်တပ်ရပ်နေသည့် ကျိုးကျင်ဟမ့်ကိုကြည့်ပြီး ယီဟွေ့ကို ပြန်ကြည့်လာသည်။

" မင်းတို့ ခုနက ဘာအကြောင်းပြောနေကြတာလဲ... ဘာလို့ ဆက်မပြောတော့တာလဲ..."

" ဘာမှမဟုတ်ပါဘူး..."

ယီဟွေ့က ရေဘူးအဖုံးကိုဖွင့်ပြီး တစ်ငုံသောက်လိုက်သည်။

သူတို့လေးယောက် လမ်းအတူတူ လျှောက်လာကြသည်။

လမ်း၏ဒုတိယပိုင်းက လျှောက်ရပိုမိုခက်ခဲသည်။ ကျောက်ပြားလမ်းက တောင်တစ်ဝက်အထိသာရှိပေသည်။ ဤနေရာတွင် ခရီးသွားများလည်း ပိုမိုနည်းသွားသည်။ လူအများစုက အစောပိုင်းက ပလက်ဖောင်းတွင်သာရပ်ပြီး ဆက်မသွားကြတော့ပေ။ ၎င်းက ကျယ်ပြန့်သောရှု့ခင်းကြီးဖြစ်ပြီး နေရောင်အောက်တွင်လည်း စိမ်းလန်းစိုပြည်သည့် သစ်တောကြီးရှိနေ၍ ရှု့ခင်းလာကြည့်ခြင်း၊ ပျော်ပွဲစားထွက်ခြင်းနှင့် စိတ်အပန်းဖြေရန် ပြီးပြည့်စုံသောနေရာတစ်ခုဖြစ်သည်။

သို့ရာတွင် တောင်စတက်သည်နှင့် အဆုံးအထိမတက်ပါက ဤနေရာသို့ ရောက်လာသည်ဟု မဆိုနိုင်ကြောင်း ထန်ဝမ်းရှီကပြောသည်။  ယီဟွေ့သည်လည်း ပျော်ပွဲစားထွက်လိုစိတ်မရှိ၍ ခြေထောက်များ ပျော့ခွေလာသော်လည်း တောင်ပေါ်ဆက်တက်နေသည်။

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now