Chapter 25.1

267 54 0
                                    


Chapter 25.1







သို့ရာတွင် လူတစ်ယောက်က သူ့ကိုလာနှုတ်ဆက်ပြီး ကြိုဆိုသည်ဟူသောအသိကြောင့် သူပျော်ရွှင်သွားမိသည်။

တစ်ဖက်လူက စောင့်ဆိုင်းနေရမည်စိုး၍ ယီဟွေ့က အလျင်အမြန် ပြန်ဖြေလိုက်သည်။

ဟဲလို [ ပျော်နေသော အီမိုဂျီ ]

သူ့ အာဗာတာကို ပြောင်းလိုက်သည်နှင့် ဒိုရာဟမ်ဟမ်ထံမှ စာတစ်စောင် ရောက်လာသည်။

အာဗာတာအသစ်လေးက ကြည့်ကောင်းတယ်နော် [ နှင်းဆီပန်းအီမိုဂျီ ]

ယီဟွေ့က တစ်ဖက်လူ အမြန်သိသွားမည်ဟု မမျှော်လင့်ထား၍ အံ့ဩတကြီးဖြစ်ပြီး ပျော်သွားသည်။

( ကျေးဇူးတင်ပါတယ်...)

ခဏအကြာတွင် တစ်ဖက်လူက သူ့ကို မေးလာသည်။

မင်း ဘာသာဆွဲထားတာလား [ နှင်းဆီပန်းအီမိုဂျီ ]

ယီဟွေ့က သူဂုဏ်ယူ ဝံ့ကြွားနေကြောင်းကို သိသိသာသာ မပြသချင်ပေ။

( ဟုတ်ပါတယ်...)

ဒိုရာဟမ်ဟမ်က အမြန်ပြန်ဖြေလာသည်။

အံ့ဩစရာကောင်းလိုက်တာ... [ နှင်းဆီပန်းအီမိုဂျီ ][ နှင်းဆီပန်းအီမိုဂျီ ][ နှင်းဆီပန်းအီမိုဂျီ ]

ဖန်သားပြင်ထက်တွင် ပြည့်နေသည့်နှင်းဆီပန်းများကြောင့် ယီဟွေ့၏မျက်နှာနီရဲသွားပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူက လက်ထပ်ခွင့်တောင်းခဲ့သည့်အချိန်ကသာ နှင်းဆီပန်းများ ပေးခဲ့ဖူးသည်။ ဤပန်းမျိုးက ထူးခြားဆန်းကြယ်သည့် သင်္ကေတစ်မျိုးရှိသည်ကို သူသိသည်။ တစ်ဖက်လူက အီမိုဂျီများကို မည်သည့်သဘောနှင့်မှ မဟုတ်ပဲ ရွေးချယ်ပို့လိုက်သော်လည်း သူ့စိတ်ထဲ ရှက်နေမိဆဲဖြစ်သည်။

တစ်စုံတစ်ယောက်နှင့် စကားပြောရမည့်အခွင့်အရေးကိုရှာတွေ့ရန် ခက်ခဲလွန်းလှသည်ဖြစ်ရာ ယီဟွေ့က ခေါင်းစဉ်တစ်ခုကို စပြောလိုက်သည်။

( မင်းရဲ့ အာဗာတာလည်း ကြည့်ကောင်းပါတယ်..."

ဒိုရာဟမ်ဟမ်က အားလပ်နေပုံရပြီး စက္ကန့်အနည်းငယ်အတွင်း စာချက်ချင်းပြန်လေ့ရှိသည်။

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now