Chapter 24.2

266 55 0
                                    


Chapter 24.2







ယီဟွေ့က ရင်တုန်စရာအဖြစ်အပျက်ကြောင့် ကြောက်လန့်သွားပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။ ကျန်းယီဟွေ့က ကျိန်းသေပေါက်စက်ဘီးစီးနိုင်ခြင်းကြောင့် ဤခန္ဓာကိုယ်တွင် စက်ဘီးစီးသည့်မှတ်ဉာဏ်များ ကျန်ရှိနေသည်ဟု တွေးလိုက်မိသဖြင့် နောက်လှည့်ကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း မည်သူမှ ရှိမနေပေ။

ယီဟွေ့က ကံကောင်းသည်ဟု တွေးလိုက်ပြီး စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။

........



စက်ဘီးပေါ်မှ ပုံရိပ်လေးက နောက်ဆုံးတွင် တဖြည်းပျောက်ကွယ်သွားသည်။ ကျိုးကျင်ဟမ့်က လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီးသည့်နောက်တွင် လမ်းဘေးရှိ မြက်ပင်ရှည်များထဲ၌ ဒူးကွေးထိုင်နေခဲ့ခြင်းဖြစ်သည်။

သူ မတ်တပ်ထရပ်လိုသော်လည်း လက်ဖဝါးများကို မြက်ပင်များဖြင့် ရှသွားခဲ့သည်။ သူ မတ်တပ်ရပ်လိုက်ပြီး တစ်ကိုယ်လုံးမှ မြေကြီးများကိုခါကာ လက်နှစ်ဖက်လုံးမှ ဒဏ်ရာ လတ်လတ်ဆတ်ဆတ်များကို ကြည့်နေလိုက်သည်။ ဒဏ်ရာအသစ်များက ဒဏ်ရာအဟောင်းပေါ် ထပ်သွားသည်ကိုကြည့်ကာ သူ ပျော်ရွှင်သွားမိသည်။ ယခုအခါ ရုပ်ရှင်ရိုက်ကူးရေးမှ အနားယူရန် အကြောင်းပြချက်တစ်ခု ရရှ်ိသွားပြန်ပြီဖြစ်သည်။

ရက်အနည်းငယ် ထပ်မံအနားယူရန်အတွက် ရှောင်လင်းကို ဖုန်းခေါ်လိုက်ချိန်တွင် ရှောင်လင်းက ဝမ်းနည်းစွာဖြင့် ပြောလာသည်။

" အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးလို့ ခေါ်မယ်နော်... နားရက်က ထပ်ယူလို့မရတော့ဘူးထင်တယ် အကုန်လုံးက ဒီနေရာမှာ အလုပ်စဖို့ စောင့်နေကြတာ... မျက်နှာပေါ်က ဒဏ်ရာကို မိတ်ကပ်နဲ့ဖုံးလိုက်ရင် မမြင်ရတော့လောက်ပါဘူး... ရိုက်ကူးရေးအဖွဲ့ကလည်း အာမခံကြေးပေးထားပြီးတော့ တောင်းပန်စာတစ်စောင် ပို့ထားသေးတယ် အစ်ကိုကြီး ပြန်မလာဘူးဆိုရင် အားလုံးကို မျက်နှာဖြတ်ရိုက်သလို ဖြစ်နေမှာပေါ့..."

သူ စောဒကတက်သည်ကို နားထောင်ပြီးသောအခါ ကျိုးကျင်ဟမ့်က အားနည်းဟန်ဆောင်လိုက်ပြီး ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now