Chapter 34.1

186 33 0
                                    


Chapter 34.1





ညဥ့်နက်နေပြီဖြစ်သော်ငြား ကျန်းမိသားစုအိမ်၏ခြံဝန်းတွင်မီးများထိန်နေအောင်ထွန်းထားသည်။

ယီဟွေ့သည် သူ၏ကွန်ပျုတာနှင့် Weibo ကိုဝင်ပြီး အောက်ခြေ၏ညာဘက်ထောင့်တွင် မက်ဆေ့ချ်သစ်အတွက်အချိန်မှန်အသိပေးစာကိုကြည့်လိုက်သည်။ သူသာသတိမထားဘဲနှိပ်လိုက်မိလျှင် အဆုံးမရှိမေးခွန်းများနှင့် ဆဲရေးတိုင်းထွာသည့်စကားလုံးများက သူ၏မျက်လုံးတွင်းသို့ခုန်ဝင်လာကာ သူ့အပေါ်လွှမ်းမိုးသွားလိမ့်မည်။



၎င်းတို့အထဲတွင် ဒိုရာဟမ်ဟမ်၏မက်ဆေ့ချ်ကိုရှာဖွေရန်အတော်ခက်သည်။ "ခိုးချတဲ့ကောင်" ၊ "အရှက်မရှိလိုက်တာ" ၊ "ထွက်လာပြီးတောင်းပန်စမ်း" ဆိုသောစကားလုံးများက ကျည်ဆံများအလား။ ယီဟွေ့သည်းမခံနိုင်။ ပင်ကိုယ်သိစိတ်အရ ပုန်းကွယ်ရန်ကြိုးစားနေပြီး သူ၏မျက်လုံးကိုအုပ်ကာ စားပွဲကိုရိုက်လိုက်မိသည်။ သူဖြည်းဖြည်းချင်းခေါင်းမမော့လာခင် ကျန်းရွှယ်မေ့သည်စွပ်ပြုတ်ချိုယူလာချိန်၌သူ့အားအကြိမ်ပေါင်းများစွာခေါ်နေခဲ့သည်။

"ဟုတ်သားပဲ၊ ငါ့မှာဖုန်းရှိတာပဲ" သူသည်ပျာတိပျာယာဖြင့် အိပ်ရာဘက်လှည့်သွားပြီး လှန်လှောရှာနေသည်။

လွန်ခဲ့သောတစ်နာရီက ယီဟွေ့သည်အိပ်ရာပေါ်တွင်လှဲနေပြီးအိပ်ခါနီးတွင် ဒိုရာဟမ်ဟမ်ကိုနှုတ်ဆက်ရန် Weibo ကိုဖွင့်ခဲ့သည်။ စကားပြောနေရာကိုမဖွင့်ခင် သူသည်အသစ်ပေါ်လာသည့်ဂဏန်းသုံးလုံးကိုကြည့်ကာ မှင်သက်နေခဲ့၏။

သူ Weibo ကိုဖွင့်လိုက်ချိန်တွင် ရှောင်ဟွေ့ရှား၏ Fan များကတစ်ထောင်ထက်ပိုနေခဲ့သည်။ ပုံမှန်အားဖြင့် သူဖန်တီးမှုမှရသည့် like နှင့်မှတ်ချက်အများစုမှာ ဂဏန်းနှစ်လုံးသာပေါ်တတ်သည်။ ခိုးကူးသည်ဟုသံသယရှိချက်ဖြင့်အသိပေးချက်အများအပြားကိုလက်ခံရသည်မှာပထမဆုံးအကြိမ်ဖြစ်မည်ဟုသူမျှော်လင့်မထားခဲ့။

S မြို့တွင်ရှိနေဆဲကျန်းယီမန့်သည် Weibo တွင်တွေ့လိုက်ရသည့်အခါအလောတကြီးဖြစ်သွားသည်။ သူမဖုန်းထဲတွင်ပြန်လာချင်သည့်အကြောင်းပြောသည့်အခါ ယီဟွေ့သူမကိုတားခဲ့သည်။

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now