Chapter 11.1

299 54 0
                                    


Chapter 11.1







နာရီသုံးဆယ်မျှမအိပ်ခဲ့ရပြီးနောက် မျက်လုံးများကို ပိတ်ချလိုက်ချိန်တွင် ကျိုးကျင်ဟမ့် အိမ်မက်ယောင်တစ်ခုမက်ခဲ့လေသည်။





အိမ်မက်ယောင်ဟူသည်မှာ သင်အိမ်မက်မက်နေချိန်တွင် အိမ်မက်မက်နေသည်ကို သိရှိနေပြီး ကိုယ်ပိုင်အသိစိတ်နိုးကြားနေခြင်းကိုဆိုလိုပါသည်။ သို့သော်လည်း သူ၏ရှေ့မှအရာတိုင်းမှာ ထင်ယောင်ထင်မှားဖြစ်နေမည်ဖြစ်ကာ သူသည်စောင့်ကြည့်သူတစ်ဦးအနေဖြင့်သာ ကြည့်နေနိုင်မည်ဖြစ်ပြီး လှုပ်ရှား၍မရသလို၊စကားပြောဆို၍လည်းရမည်မဟုတ်ပေ။ သူထိုအဖြစ်အပျက်ကို ကြုံခဲ့ဖူးသည့်တိုင် တစ်စုံတစ်ခုမှာ အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့ပုံပင်။





သူ ယီဟွေ့ကို သေးငယ်ကျဉ်းမြောင်းသည့်အခန်းထောင့်လေးတွင် တစ်ဦးတည်းခွေခွေလေးထိုင်နေသည်ကို မြင်လိုက်ရသည်။





ယီဟွေ့မှာ လက်ထဲမှဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့ပြီးနောက် နှစ်မိနစ်အကြာတွင် အချိန်ကိုသိရန် မျက်နှာပြင်ပေါ်သို့ ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို အသံတိတ်ရေတွက်နေခဲ့သည်။ အချိန်တစ်နာရီလုံးစောင့်ဆိုင်းရန်မှာ ခက်ခဲလှသဖြင့် ကပျာကယာပင် သူ၏လက်ဖဝါးကို လက်ပူတိုက်လိုက်ပြီး " ယောင်္ကျား " ဟူအမည်မှတ်ထားသည့် ဖုန်းနံပါတ်ကို ခေါ်ရန်ဖွင့်လိုက်သည်။





ရှည်လျားသည့် ဘိဘိဟူသောအသံမှာ တိုတောင်းသောအခန်းဆက်တစ်ခုသဖွယ် ပြောင်းလဲသွားပြီးနောက် နားထောင်နေစဉ်မှာပင် သူ့ကိုတောင်ပေါ်သို့ပို့ခဲ့သည့် လူများပြောသည်ကို ယီဟွေ့ပြန်လည်စဉ်းစားနေမိသည်။ သူတို့ပြောခဲ့သည်မှာ သခင်ငယ်လေးကျိူးသည် သူ၏အချစ်ဦးကိုရှာဖွေရန် ထွက်သွားခဲ့ပြီး ထိုသူမှာ ချောမောကာ ဉာဏ်ပညာကြီးမားပြီး ပုံ‌ဆွဲနိုင်သူတစ်ဦးဖြစ်သူဟုပင်။ သို့ဖြစ်ရာ ကျိုးကျင်ဟမ့်မှာ အသေအချာပင် ယနေ့ညပြန်လာမည်မဟုတ်ပေ။





သူတွေးနေသည့်အချိန်တိုင်းမှာပင် ယီဟွေ့၏မျက်နှာမှာ ဖြူဖျော့လာကာ ကိုင်ထားသည့်ဖုန်းမှာ တုန်ယင်နေခဲ့သည်။ သို့သော်လည်း အဆုံး၌ ဖုန်းကိုဖြေမည့်သူမရှိခဲ့ချေ။





မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now