အပိုင်း ၁

2.6K 46 0
                                    

ဒေါငျ ဒေါင် ဒေါင်
မနက်စောစောခေါင်းလောင်းထိုးသံအဆုံး စာသင်ခန်းထဲမှာလူစုံနေပြီမို့ အတန်းပိုင်ဆရာမဝင်လာမှာကိုပဲစောင့်နေလိုက်ပါတော့သည်

"ငယ် မင်းအိမ်စာပြီးခဲ့လား"

ဘေးကငယ်သူငယ်ချင်း သူ့ပြည့်ထွန်းအမေးအား အပြုံးဖြင့်သာ ခေါင်းညိတ်ပြလိုက်တော့သည်.
ကျနော့်နာမည် သဲနုငယ် မိန်းကလေးနည်းနည်းဆန်တယ်ထင်ရပေမဲ့ အိမ်မှာကတစ်ဦးတည်းသောမျိုးဆက်မို့ ပါးနဲ့မားက ချစ်လွန်းလို့ပေးခဲ့တာဆိုတော့ ကျနော်လည်းကျေနပ်ပါတယ် ခင်တဲ့သူတွေကတော့ ငယ်တို့ ငယ်ငယ်တို့ခေါ်တော့ နာမည်စီးပြီး  ကျနော်ကိုယ်ခန္ဓာကနဲနဲသေးတယ်ထင်ပါရဲ့ ..ပါးကတရုတ်စပ်မို့ အသားဖြူတဲ့အမွေအပြင်
တက္ကသိုလ်မယ်ဖြစ်တဲ့အမေ့ဆီက အပြုံးလှလှလေး ပါးချိုင့်လေးနဲ့ မျက်တောင်လှလှလေးတွေကအမွေရထားတော့ မိန်းကလေးဆန်တဲ့ရုပ်ရည်မျိုးပိုင်ဆိုင်ထားတယ်လို့ပြောရမှာပဲ..
ပါးက အစိုးရဝန်ထမ်း မားကအထည်ဆိုင်လေးဖွင့်ထားတဲ့ ကျနော်တို့အိမ်စီးပွားရေးက အဆင်ပြေပြေပါပဲ မချမ်းသာရင်တောင် ရန်ကုန်မြို့မှာ လုံးချင်းတစ်ထပ်တိုက်လေနဲ့အိမ်စီးကားလေးရှိတာက ကျနော့်အတွက်လုံလောက်တာထက်ပိုပါတယ် ရိုးသားကြိုးစားတဲ့ပါပါးနဲ့ ငွေကိုစီစစ်သုံးတတ်တဲ့မာမားရှိတာက ကံကောင်းခြင်းတမျိုးပါပဲ......

မူလတန်းကနေ ခုဆယ်တန်းရောက်တဲ့အထိ ဒီကျောင်းမှာပဲတက်ခဲ့တဲ့အတွက် ဆရာဆရာမတွေအတွက် အသဲကြော်ပဲလှော်လေးဖြစ်နေတာကတော့မဆန်းပါဘူ.....ပြီးတော့ ငယ်သူငယ်ချင်း သူ့ပြည့်ထွန်း အချစ်ရဆုံးအပြင်ဘာပဲဖြစ်ဖြစ်ဘေးနားရှိနေပေးတဲ့အတွက် ကျနော့ဘဝကြီးကအရာရာအဆင်ပြေပြေရှိနေခဲ့ပါတယ်...တစုံတစ်ယောက်မဝင်လာခင်အထိပေါ့..........
အတွေးတွေလွန်နေတုန်း အခန်းပေါက်ဝမှာလူရိပ်တွေ့တာနဲ့ တစ်တန်းလုံးထပြီး"မင်္ဂလာပါဆရာမ"ဟုညီညာစွာနုတ်ဆက်ကြပါတော့တယ်

"မင်္ဂလာပါသားတို့သမီးတို့...ဒီနေ့ဆရာမသူငယ်ချင်းတစ်ယောက်ခေါ်လာခဲ့တယ် အကုန်လုံးသူ့ကိုကူညီပေးရမယ်နော်....ကဲ သားကသူငယ်ချင်းတွေကိုမိတ်ဆက်လိုက်ပါအူး"
ဆိုတဲ့စကားအပြီး ဘေးကလူကိုအကုန်ဝိုင်းကြည့်ကြတော့သည်...

ချစ်ရပါသော သဲငယ်❤Where stories live. Discover now