အပိုင်း ၂၁

482 22 0
                                    

ဒီနေ့ သောကြာနေ့မို့
အလုပ်များကိုအကုန်လက်စသတ်နေရသည်
စနေ တနင်္ဂနွေက သားနဲ့သမီးကိုအချိန်ပေးတာကြောင့် ဒုဆေးရုံအုပ်နဲ့လွဲပြီး
သဲနုငယ်ကတော့ အိမ်မှာနားတတ်သည်
၅ရက်လုံး ဆေးရုံရော ကုသိုလ်ပြုဆေးခန်းပါပတ်ရှာလည်အောင် လှုပ်ရှားခဲ့ရတဲ့အတွက်
ဒီလိုသောကြာနေ့ ညနေအိမ်ပြန်ချိန်ဆို လူကနွမ်းလျနေတတ်၏
သက်မင်းလာဖွင့်ပေးတဲ့ခြံတံခါးဝကနေ အိမ်ဝထိကားမောင်းလာခဲ့ပြီး အိမ်ရှေ့ရောက်တော့ သက်မင်းကအလိုက်သိစွာ သူ့ဆေးအိတ်ကို လက်လွဲယူကာ နောက်ကအသာလေးလိုက်လာခဲ့တယ်
သူကတော့ အိမ်က ကလေးတွေအတွက်ဝယ်လာခဲ့တဲ့ စားစရာတချို့အိတ်ကိုကိုင်ကာ ဝင်လာခဲ့တော့ ဧည့်ခန်းထဲ ရင်ဆို့စရာမြင်ကွင်းတစ်ခုက
သူ့ကို ဆီးကြိုနေလေရဲ့....

ဆိုဖာရှည်ကြီးထက် မဟာ့ဘယ်လက် ညာလက်ကိုဖက်ကာ တဖက်တချက်စီ အိပ်နေကြတဲ့ကလေးတွေ...မဟာကတော့ Laptopနဲ့အလုပ်လုပ်နေတယ်ထင်တယ်.. ဟိုရှေ့တပတ်ကနေ သားကြီးနဲ့သမီးငယ်ပူဆာမှုကြောင့် နေ့တိုင်းမဟုတ်ပဲ သောကြာနဲ့စနေ၂ရက် အိမ်မှာအိပ်ခွင့်အား မဟာ့ကိုပေးလိုက်ရတယ်
ဒီလိုသောကြာနေ့ညနေဆို ရောက်နေတတ်ပြီး
တနင်္ဂနွေနေ့ ညနေစောင်းမှ မဟာကသူ့အိမ်သူပြန်သည်
အိမ်ကိုလာရင် ဧည့်သည်ခန်းထဲလည်းမအိပ်ပဲ
ကလေးတွေအခန်းထဲ တူတူအိပ်တတ်သည်
မနက်သဲနုငယ်က ကလေးတွေကိုသွားနိုးရင်
နှစ်ယောက်လုံးက မဟာ့ရင်ခွင်ထဲ တဖက်စီဖက်အိပ်နေကြပုံက သူမနက်တိုင်းစိတ်တိုရတဲ့မြင်ကွင်း
ဒီလိုနေ့တွေဆို သမီးငယ်ရဲ့ ဒယ်ဒီဆိုတဲ့တစာစာအသံလေးနဲ့ဆူညံနေတတ်သေးတယ်
သားကြီးလေးကပါ သူ့ဒယ်ဒီနဲ့ ညီမလေးအားတပူးပူးတကပ်ကပ်နဲ့ သဲနုငယ်သာသီးသန့်ဖြစ်နေရသည်....တကယ့်အဆင်မပြေ
ကလေးတွေကသူ့ကလေးတွေ
သူ့ရင်ထဲကနှလုံးသားအားအလုခံလိုက်ရတဲ့ခံစားချက်ကအမြဲ ခံစားရသည်
စိတ်ထဲ မကျေနပ်ပေါင်းများစွာနဲ့ သူ့အားမော့ကြည့်လာသူကို မျက်စောင်းထိုးကာ ထမင်းစားခန်းထဲ ဝင်လာခဲ့တော့တယ်...

မဟာက ကားစက်ရပ်သံကြောင့်သဲနုငယ်ပြန်လာတာကို သိပေမဲ့ ချက်ချင်းကြီးလှည့်မကြည့်မိသေးပေ....တချက်မော့ကြည့်ပြီးမှ ကွန်ပျုတာပြန်ကြည့်တော့ စိတျထဲတခုခုကစနျိုးစနောငျ့
နွမ်းလျနေတဲ့မျက်နှာလေးနဲ့ ကိုယ်ခန္ဓာသေးသေးလေးအား အားမရစွာတချက်ပြန်မော့ကြည့်လိုက်တော့ ဘလိုင်းကြီး မျက်စောင်းအထိုးခံလိုက်ရသည်....ဟမ် ဘာကိုစိတ်ကောက်နေတာပါလိမ့်....ဒီလိုမျိုးလာနေတဲ့ရက်တွေဆို မဟာကနေ့တိုင်း မျက်စောင်းထိုးခံရ ဘုဂလန့်ပြောခံရ
ခြေဆောင့်ခံရတာအမြဲပါ...ခြေဆောင့်ပြီးစိတ်တိုတာလေးကလည်း အသဲယားဖွယ်အတိ
စိတ်မတို တိုအောင်လိုက်စကာ ခြေဆောင့်ပြီးမြန်လွန်းတဲ့လက်နဲ့ သူ့အားတဖတ်ဖတ်လာရိုက်ရင်
မဟာ့ခမျာ အသဲယားလွန်းလို့ မြိုချထားလိုက်ချင်မိသည်....ခုလည်းဘာအလိုမကျဖြစ်လာမှန်းမသိ...သဲနုငယ်မလာခင်ကတည်းကနေ ထောပတ်သီးဖျော်ရည်အား မဟာကိုယ်တိုင်ဖျော်ပြီး ရေခဲသေတ္တာထဲထည့်ထားသည်
သူကိုယ်တိုင်ယူပြီးအမောပြေတိုက်ချင်တာမို့
သူ့လက်မောင်းမှာမှီအိပ်နေတဲ့ ကလေးတွေကိုအသာလေးခွာချကာ ထမင်းစားခန်းသို့လိုက်လာရတော့တယ်

ချစ်ရပါသော သဲငယ်❤Where stories live. Discover now