အပိုင်း ၈

424 22 0
                                    


     အဖြေလွှာကိုအပ်ပြီး စာမေးပွဲခန်းထဲက ထွက်လာတာနဲ့ တစ်သက်လုံးထမ်းလာရတဲ့ဝန်ထုတ်ကြီးတစ်ခုကို လွှတ်ချလိုက်သလိုပေါ့ပါးနေတော့သည် အမှတ်ပြည့်ဖြေနိုင်ခဲ့တာပဲ သူရည်မှန်းထားတဲ့ ဆေးကျောင်းကတော့မှီကိုမှီမှာပါ  ကို့ဘာသာဖြေခဲ့တာကိုအသိဆုံးပဲမလား
အိမ်ပြန်မယ် မားလက်ရာအဝစားပြီး တရေးတမောအိပ်အူးမယ် ဟိုကောင်တွေနဲ့ချိန်းထားတာက ညပိုင်းမို့အချိန်ရသေးတယ်......

"ငယ်ငယ် ဖြေနိုင်ခဲ့ရဲ့လား"

"ဦးလင်း​ပြည့်မှူးနဲ့ ဒေါ်ခင်ကံကော် သားပဲလေ
အမှတ်ပြည့်ကွက်တိဖြေနိုင်တယ်"

မေးခွန်းစာရွက်ကိုယပ်ခတ်သလို တဖြတ်ဖြတ်ခတ်ရင်း မျက်စပင့်ကာ ပြန်ဖြေသံကြောင့် ပါပါးရော မာမားပါ မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ဝိုင်းကြည့်ကျတော့သည် တကယ်ပေါ့ပါးသလိုခံစားရတာကြောင့် သူဟာစနောက်နေမိတာအမှန်
ဒီလိုမျိုးနေ့ကိုစောင့်နေခဲ့ရတာမလား လေးလံတဲ့စာတွေကြားလွတ်မြောက်သွားသလိုခံစားရတာ ဘလောက်တောင်ကောင်းလိုက်လဲ...

အခန်းမတူတဲ့သူ့ပြည့်တို့အားစောင့်မနေတော့ပဲ အိမ်ကိုသာတန်းပြန်လာတော့သည် ညကျပျော်ဖို့အားမွေးရအူးမယ်မလား.......

အိမ်ပြန်ရောက်တော့ အဝတ်စားမြန်မြန်လဲပြီး မားချက်ထားတဲ့ထမင်းဝိုင်းကို အားရပါးရစားလိုက်တော့သည် တရေးအိပ်မည် ညကျသွားဖို့အကျီလှလှလေးရွေးရအူးမယ် အလုပ်တွေများတော့မှာပဲ ညဘက်အပြင်မထွက်ဖူး barကိုလည်းမသွားဖူးသောကြောင့် သူရင်ခုန်နေတာအမှန်
ရင်ခုန်တယ်ဆိုမှ ရင်ခုန်ရတဲ့သူတစ်ယောက်အား သတိရမိသေးတယ် စာမေးပွဲစစစ်ကတည်းကနေ
သူတို့ကောင်းကောင်းမတွေ့ရသေးဘူး  ပိုးချိုဇင်အကြောင်းကြားပြီးနောက် မဟာ့ကို
သူခပ်တန်းတန်းပဲဆက်ဆံမိတော့သည် တိတ်တိတ်ကလေးရင်ခုန်သံကို ပြန်သိမ်းဆည်းထားရတာ လွယ်တော့မလွယ်ပါ မဖြစ်သင့်ဘူးဆိုတဲ့တားမြစ်ချက်အား ၅မိနစ်တစ်ခါ ခေါင်းထဲရိုက်သွင်းထားရတာလည်းသူတကယ်ပင်ပန်းနေပြီ
ညကျရင် ဟန်ဆောင်မျက်နှာဖုံးတပ်ရအူးမယ်
မမြင်ချင်ပေမဲ့ မကြားချင်ပေမဲ့ ပိုးချိုဇင်ကငြင်းမှာမဟုတ်တာကို သူသေချာသိသည် တခါတလေကျ ထူးဆန်းနေပေမဲ့ ငါကမိန်းကလေးတစ်ယောက်လိုပါပဲဟု အော်ပြောချင်လိုက်မိ​သေးသည်
အချစ်ဦးနဲ့ညားရအောင် သူကမားလိုကံကောင်းအူးမတဲ့လား ပုံမှန်မဟုတ်တဲ့သူ့အတွက်ကကော အချစ်ဦးက သူချစ်နေတာတောင်သိနိုင်ပ့မလား.....တွေ့ချင်တဲ့စိတ်ကတစ်ဝက်  ရင်နာရမဲ့မြင်ကွင်းကြောင့် ကြောက်နေမိတာကတစ်ဝက်
ပင်ပန်းလှပြီ......ဘာကြောင့်ရယ်များသူ့ဆီမှာမှ
ခုလိုဖြစ်လာဖို့ကံကဖန်လာရတာလဲ........

ချစ်ရပါသော သဲငယ်❤Where stories live. Discover now