အပိုင်း ၃၂

749 22 7
                                    


ခုရက်ပိုင်းတွင် မဟာစေစားရာတစ်ယောက်
သဲနုငယ်အနားပင်မကပ်နိူင်လောက်အောင်
အလုပ်တွေရှုပ်နေပြန်သည်....
ကုမဏီကိုလည်းမနက်အစောကြီး သဲနုငယ်ပင်မနိုးသေး ထသွားရကာ ပြန်လာချိန်မှာလည်းကလေးတွေရောသဲနုငယ်ပါအိပ်နေသည့်ညသန်းခေါင်ကြီးဖြစ်နေသည်
ထိုအခြင်းအရာကို ၄ရက်မြောက်ပြီးချိန်တွင်
သဲနုငယ်သီးမခံနိုင်တော့....လွန်ခဲ့တဲ့၂ရက် သူသတိထားမိချိန်ကတည်းကနေ သူ့စိတ်ထဲအဆင်မပြေနေတာပင်...မဟာများသူ့ကိုစိတ်ကုန်သွားတာလား...သားနဲ့သမီးကိုပင်အချိန်မပေးနိုင်တဲ့ထိ ဘယ်အရာကများအရေးကြီးနေတာလဲ...
သူတို့နဲ့တူတူနေရတာကို သဘောမကျလို့များ
ခုလိုမျိုး ပြုမူနေတာလားဆိုတဲ့အတွေးတွေနဲ့
အိပ်မရစားမဖြောင့်ဖြစ်နေတာကိုသူမခံစားနိုင်တော့....
မြတ်မင်းကို တိုးတိုးလေးကပ်မေးသော်လည်း
ဘောစ့်က တကယ်အလုပ်ရှုပ်နေတာပါ
ဘောစ့်အိမ်ကနေထွက်ကတည်းကနေ ပြန်လာတဲ့အချိန်ထိသူကဘေးနားရှိနေတာပါ
ကိုငယ်ထင်နေသလိုမျိုးမဟုတ်ပါဘူး.. ဆိုတဲ့စကားတွေသာပြန်ကြားရသည်....
မြတ်မင်းကမလိမ်တတ်တာသိပေမဲ့ သူလည်းယုံရခက်သည်မဟုတ်လား..
ဒီညတော့ သူကော်ဖီ၂ခွက်သောက်ကာ တမင်ထိုင်စောင့်နေသည်...
သားနဲ့သမီးက အရိပ်အကဲသိသူတွေပီပီ
သူ့ဒယ်ဒီအလုပ်ရှုပ်နေတာကိုနားလည်ပေးကြပေမဲ့ သူကတော့ဘယ်လိုမှဆက်သီးခံမရ...
မဟုတ်တရုတ်အတွေးတွေ ခေါင်းထဲဝင်တာကိုခံစားနေမဲ့အစား ဒဲ့ပဲရှင်းလိုက်တော့မည်...
ဦးဦးဆီကပေးတဲ့ အိမ်ကြီးပေါ်လည်းသူမပျော်တော့...မဟာသာသူ့ကိုစိတ်ကုန်ရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးကရင်ထဲပူလောင်လှ၏...

တစ်ဖက်တွင်လည်း မဟာတစ်ယောက်အတွေးများနေရသည်...မနက်ကမြတ်မင်းကိုသဲနုငယ်ခေါ်မေးတဲ့အကြောင်း သူ့ကိုလာပြောပြတော့
သူ့မှာအိမ်ပြန်ရင်ဖြေရှင်းစရာ ဆင်ခြေမရှိ....
ဒီရက်ပိုင်း သူအရမ်းအလုပ်ရှုပ်နေသည်...
စာရင်းတွေရော ပရိုမိုးရှင်းကိစ္စတွေရောအပြီးဖြတ်နေရသဖြင့် နေ့တိုင်းအစည်းအဝေးတက်နေရတဲ့အပြင် မနက်ရောညပါရုံးမှာတချက်မနားရ

အကြောင်းအရင်းမူကား...သူသည် သဲနုငယ်ကိုလက်ထပ်ခွင့်တောင်းပြီး မိသားစုတစ်လနီးပါး အပန်းဖြေခရီးတွေလျောက်သွားမည်ဖြစ်သောကြောင့် သူ့အလုပ်တွေအပြီးသတ်နေရတာပင်..
သားနဲ့သမီးရှိနေလို့ နားလည်မှုနဲ့တူတူနေကြပေမဲ့
သူ့အချစ်ဦးလေးအား တန်ဖိုးထားကာ တရားဝင်လက်ထပ်နိုင်ရန် သူကြိုးစားနေခြင်းပင်...
ဒီအမျိုးသားဟာ သူ့အပိုင်ဖြစ်ကြောင်းကို
နိုင်ငံခြားထိသွားပြီး အတည်ပြုမှာမို့
Overseaထိသွားပြီး လက်ထပ်မည့်အပြင်
ကလေးတွေနွေရာသီကျောင်းပိတ်ရက်မို့ သူတို့နိုင်ငံအစုံ ခရီးထွက်ကြမည်...
သားနဲ့သမီးအား သူတို့မရောက်ဖူးတဲ့နိုင်ငံတွေအကုန်အလည်ပို့မည်...သူနေခဲ့တဲ့နိုင်ငံပါသွားပြီး
လေးလေးငယ်နဲ့လည်းတွေ့ပေးရအူးမည်..
အဲ့ကိစ္စတွေလုံးပန်းနေရတာကြောင့်
သူ့ခမျာ ဒီရက်တွေအတွင်း သဲနုငယ်နားပင်မကပ်နိုင် သူ့ပြန်ရောက်လို့အိပ်ပျော်နေတတ်တဲ့သူကို သူဝင်အိပ်ခါမှ ခပ်ဖွဖွလေးဖက်ကာ အနမ်းပေးရသည်...နိုးသွားရင်မေးမြန်းမှာမို့
သူ့မှာဖြေရှင်းရမှာလည်းစိုးတာကြောင့် အရမ်းမလုပ်ရဲ...
ဘယ်လိုပဲဆိုဆို ဒီကိစ္စကိုမသိစေချင်သေးပေ..
ပြီးတော့ သူ့အားပညာပြခဲ့တဲ့ဖေကြီးအား ကုမဏီကိုအပ်ခဲ့ပြီး အေးဆေးခြေဆန့်ချင်လို့ ဒီလိုအလုပ်ရှုပ်ခံနေတာပင်...
သူမရှိမဖြစ်လိုအပ်တဲ့ကိစ္စဟူသမျှကို အပြီးသတ်ကာ ကျန်တဲ့ကိစ္စတွေကို ဖေကြီးအားတာဝန်ပေးမည်...ဒါသူရဲ့လက်စားချေမှုပင်...
ဦးထိပ်တန်းမဟာတစ်ယောက် သူ့မိန်းမနားမှာကပ်မရအောင်ထိ အလုပ်တွေပေးခဲ့မည့်အရေးတွေးကာ ဒီတစ်ခါတော့ဖေကြီးအလှည့်ဟု
သဘောတကျရီမိတော့၏...

ချစ်ရပါသော သဲငယ်❤Where stories live. Discover now