အပိုင်း ၄

554 30 0
                                    

သူ့ကိုသူတကယ်နားမလည်နိုင်တော့ဘူး အတန်းထဲရောက်တာနဲ့ သဲနုငယ်ကိုအရင်ရှာ တွေ့ရင်ထိုင်ကြည့် ခေါင်းထဲပုံမှန်မဟုတ်တဲ့အတွေးတွေ ထိုင်တွေးရင်း တကယ်သူ့ဘဝကနားမလည်နိုင်စရာပဲ
သဲနုငယ် သူ့ကိုစကားကောင်းကောင်းမပြောတာ ၃ရက်ရှိနေပြီ သူမေးလိုက်တဲ့မေးခွန်းကစိတ်ဆိုးစရာကောင်းနေတာသိပေမဲ့ သူလည်းပြန်မချော့မိ
ယောင်္ကျားလေးသူငယ်ချင်းတွေကြားထဲ ပြန်ချော့ရတယ် စိတ်ဆိုးတယ်ဆိုတာကပုံမှန်မဟုတ်ဘူးမလား သူတို့ဘာဖြစ်နေကြတာလဲ ဒီနေ့တော့အဖြေရအောင် သေချာမေးမှရတော့မယ် ဒီတိုင်းကြီးအုံတုံတုံနဲ့နေရတာ အဆင်မပြေလှဘူး
    
    အိမ်ကထွက်လာကတည်းကနေ ဒီနေ့သဲနုငယ်ကိုသေချာမေးပြီး စိတ်ဆိုးနေလည်းသူပြန်ဖြေရှင်းပေးလိုက်မယ် ၃ယောက်နေတဲ့အထဲသူ့ကိုပဲကွက်ပြီးစကားမပြောတာက တကယ်အဆင်ပြေမနေဘူး လက်ထဲလမ်းကဆင်းဝယ်ခဲ့တဲ့ ဆွမ်းမွှေးကိတ်လေးနဲ့ပဲ မျက်နှာလုပ်လိုက်တော့မယ်
ချိုတဲ့အရာတွေမကြိုက်တဲ့သဲနုငယ်က ဆွမ်းမွှေးကိတ်ကိုတော့ကြိုက်တယ်မလား သူတို့ပြန်အဆင်ပြေသွားမှာပါ

"မဟာ...."
အတန်းထဲမဝင်ခင် နောက်မှသူ့ပြည့်ခေါ်သံကြောင့် ရပ်စောင့်နေလိုက်တော့တယ်
"မင်း ဒီနေ့စောသားပဲ"
"အင်း.....ငါ့ကိုသဲနုငယ် စကားကောင်းကောင်းမပြောလို့ သူနဲ့ဒီနေ့ဖြေရှင်းမို့စောလာခဲ့တာ မင်းသိလား ငါစိတ်ထဲအဆင်မပြေဘူးကွာ"
"ကဲပါ ငါလည်းကြားကနေပြောပေးမယ် ငယ်ငယ်ကစိတ်ဆိုးပြေလွယ်ပါတယ် မင်းကလည်းနောက်ဆို သူမကြိုက်တဲ့စကားတွေရှောင်ပေါ့
သူရုပ်ကနူးညံ့နေပေမဲ့ သူ့စိတ်ကတကယ့်ယောင်္ကျားစိတ်ပါ ယောင်္ကျားရောမိန်းမပါစိတ်မဝင်စားပဲ စာပဲသေချာလုပ်ပြီးအေးဆေးနေတဲ့သူပါ မင်းလည်းခုဆိုသိလောက်ရောပေါ့"
"ကိတ်နဲ့ချော့ရင်တော့ ရလောက်မှာပါ ငါကိတ်ဝယ်ခဲ့တယ်"
"ငါ့ဖို့ရော  ငါ့အတွက်မပါရင်ဝင်မပြောပေးဘူးနော် မင်းဘက်က"
"ပါတယ် အငတ်ရဲ့ မြန်မြန်သွားမယ်လာ"
         သူတို့အတန်းထဲဝင်တာနဲ့ သဲနုငယ်က စာတွေပြန်နွေးနေတာမြင်လိုက်ရတယ်
သူနဲ့သူ့ပြည့်ကတစ်ယောက်နဲ့တစ်ယောက် မျက်စပစ်ပြီး
"ငယ်ငယ်  ရောက်တာကြာပြီလား ငါကမရောက်လောက်သေးဘူးထင်နေတာ"
"မားကဆိုင်ကိုစောသွားမယ်ဆိုလို့ ငါပါတစ်ခါထဲလိုက်လာခဲ့တာ"
"သဲနုငယ်"
  မဝံ့မရဲနဲ့သူခေါ်လိုက်မိတော့တယ်
"အင်း  ပြောလေ"
"မင်းအတွက်ဝယ်ခဲ့တာ မင်းကြိုက်တယ်မလား"
"ဘာလဲ   ငါကမုန့်ဝယ်ပေးလိုက်ရင် စိတ်ဆိုးပြေပြီထင်နေလို့လား အဲ့လောက်လွယ်မလား"
"မဟုတ်ပါဘူး ငါကလေ ငါ...ငါ"
"လွယ်တယ်......ငါဆွမ်းမွှေးကိတ်အကြိုက်ဆုံးပဲ"
အမ်.....မဟာခနတော့ကြောင်ပြီးကြည့်မိနေသည်သူ့ပြည့်နဲ့သဲနုငယ်က သူ့ကိုကြည့်ပြီး တဟားဟားအေယ်ရယ်နေကြလေတော့တယ်....
    ခုမှပဲစိတ်အဆင်ပြေတော့တယ် နေရထိုင်ရလည်းသက်တောင့်သက်သာရှိသွားသလိုပဲ
လာဗင်ဒါ ဟုတ်တယ် ဒီအနံ့လေးကတကယ်စိတ်ချမ်းသာစရာကောင်းတယ် ကျောင်းပိတ်ရက်တွေဆို သူတစ်ခုခုလိုနေသလိုခံစားနေရတာ ဒီအနံ့ကြောင့်များ    ဘယ်တုန်းကတည်းကနေ အမွှေးနံ့တွေကို သူသဘောကသြှားတာပါလိမျ့..
    ဆရာမဝင်လာလို့ ရှေ့ကိုပြန်လှည့်သွားတဲ့သဲနုငယ်နောက်ကျောကိုထုံးစံအတိုင်းငေးနေမိတော့ပြန်တယ်......ဖြူဖွေးတဲ့အသား ခပ်မို့မို့ပါးပြင် နှာတံစင်းစင်း မျက်တောင်ရှည်တွေက တစောင်းကြည့်ရင်တောင် အတော်အတန်ရှည်လွန်းနေတာမလား ပါးပြင်ကသွေးကြောတွေပါမြင်ရအောင်နုဖတ်နေလွန်းပြန်တယ် ကော်ဖီရောင်ဆံပင်ရှည်ကို ခပ်မြင့်မြင့်ထုံးထားလို့ ရှင်းလင်းနေတဲ့လည်တိုင်မှာ မွှေးညင်းနုတွေက ကပိုကယို နားသယ်စကနေလည်ဂုတ်နားထိ ကျနေတဲ့မွှေးညင်းနုတွေက ဘာလို့ဒီလောက်ကြည့်ကောင်းနေရတာလဲ အန္တရာယ်များလိုက်တာ..
သဲနုငယ်လိုယောက်ျားက တကယ့်အန္တာရယ်များတဲ့ကောင်လေးပဲ.....
    တွေးနေတုန်း သူ့ပါးပြင်မှာ ပူနွေးတဲ့ခံစားချက်ရလာတယ်  လက်နဲ့စမ်းကြည့်မိတော့ မျက်ရည်တွေ....မြတ်စွာဘုရား.... လည်တိုင်ကအမွှေးနုတွေက သူ့ကိုမျက်ရည်ကျတဲ့ထိ ခံစားချက်ပေးတာလားဆိုပြီး အလန့်တကြားဘုရားတိမိတော့တယ်......
   ကျောင်းဆင်းချိန်ဆိုတာ ကျောင်းသားတွေအတွက်အပျော်ဆုံးအချိန်ပါပဲ...စာသင်ခန်းထဲကသူ့ထက်ငါအရင်ပြေးထွက်ကြပြီး ဂိတ်ဝထိနုတ်ဆက်မပြီးနိုင် မနက်ဖန်ဘာလုပ်ကြမယ်ချိန်းဆိုပြီ ကျောင်းပိတ်ဝန်းကျင်မှာရယ်သံတွေနဲ့ စည်ကားနေတော့တယ်
   လာကြိုတဲ့ကားကိုရှာနေတုန်း
"မဟာ ပိတ်ရက်ကျ မားက မာလာရှမ်းကောလုပ်ကျွေးမို့တဲ့ ငါ့အိမ်လာလည်နော် မင်းကိုလည်းမားက ငါပြောပြလို့ရင်းနီးနေပြီးသား"
"ငါမေကြီးကိုပြောလိုက်အူးမယ်လေ လာဖြစ်မှာကသေချာပါတယ် မင်းရဲ့မားလက်ရာဆိုရင်ငါမငြင်းနိုင်ပါဘူး"
"ok...မနက်ဖန်ကျသေချာခွင့်တောင်းခဲ့နော်  တာ့တာ"
ပါးချိုင့်ပေါ်အောင်ပြုံးပြသွားပြီး သူ့ပြည့်နဲ့စနောက်ကာထွက်သွားတဲ့ကျောပြင်ကိုထပ်ငေးမိပြန်တယ်....
ဟူး.....ငါဘာဖြစ်နေတာလဲ ဘာဖြစ်ချင်နေတာလဲ
"သား မဟာ....ဦးလေးနဲနဲနောက်ကျသွားတယ်
ကျောင်းဆင်းတာကြာပြီလား.."
"ခုပဲဆင်းတာ ဦးလေး နောက်မကျပါဘူး"
အတွေးစက အကြိုအပို့လုပ်တဲ့ဦးလေးလာမှပဲပြတ်တော့မယ်
မဖြစ်တော့ဘူး ကို့ဘာသာအဖြေရှာမရရင်  ကိုကြီးကိုပြောပြီးအကြံတောင်းမှရတော့မယ်ဆိုပြီး
အိမ်ပြန်မို့သာစိတ်စောမိတော့တယ်...... 
  

ချစ်ရပါသော သဲငယ်❤Where stories live. Discover now