အပိုင်း ၃၀

704 25 5
                                    


..Warning မပေးပါဘူးနော်
ပေးရလောက်တဲ့ထိကို ကွက်ကွက်ကွင်းကွင်းမရေးထားတဲ့တွက် ဂီမပေးထားပါဘူး
ဘယ်အသက်ရွယ်မဆို ဖတ်လို့ရပါတယ်.

အခန်းတံခါးကိုဆွဲဖွင့်လိုက်တာနဲ့ အခန်းထဲလေထုကအေးစိမ့်နေတာမို့ သဲနုငယ်ပခုံးတချက်တွန့်သွားမိ၏....ဘေးကနေအရိပ်တကြည့်ကြည့်ဖြစ်နေသူက ချက်ချင်းပခုံးသေးသေးလေးအားဆွဲယူကာ ရင်ခွင်ထဲထည့်ထားလိုက်တော့သည်..

"မင်း အေးနေမှာစိုးလို့..."

ဘာလုပ်တာလဲဆိုတဲ့အကြည့်စူးစူးနဲ့ကြည့်လာသူအား အကြောင်းပြချက်ပေးရပြန်သည်...
မဟာ့စကားကို သိပ်ကျေနပ်ဟန်မပေါ်သော်လည်း ရုန်းကန်ခြင်းတော့မရှိ....
ခေါင်းတစ်လုံးစာနိမ့်နေတဲ့အရပ်ကလေးကိုပိုင်ဆိုင်သူလေးအား ငုံ့ကြည့်နေရင်းတောင် အချစ်တွေတိုးလာမိတဲ့အဖြစ်....
သူအချစ်ရူး ရူးနေပြီပဲ...

ကျယ်ဝန်းလှတဲ့အခန်းကြီးကြောင့် သဲနုငယ်မှာ
ပါးစပ်အဟောင်းသားဖြင့်အံ့သြနေရ၏
Kingsizeကုတင်ကြီးက အခန်းအလယ်တည့်တည့်မှာ ထီးထီးမားမားကြီး..စာအုပ်ဗီဒိုတွေ
အရုပ်စင်တွေ ပန်းပင်တွေကြောင့် အခန်မှာနေရာလွတ်ကသိပ်မရှိသလိုပင်....
ရေချိုးခန်းအိမ်သာဘေးတွင် အဝတ်လဲခန်းသက်သက်ရှိပြီး ထိုအခန်းထဲဝယ်
အဝတ်အစားကို သူ့နေရာအလိုက်သပ်ရပ်စွာစီတန်းထားသေးသည်
နာရီသက်သက်စီတန်းထားသောမှန်ဗီဒိုကြီးက
သဲနုငယ်အား မျက်လုံးပိုပြူးစေသည်..
Suit မျိုးစုံ Coatမျိုးစုံ necktie မျိုးစုံတို့ဖြင့်ပြည့်နက်နေကာ Brandသီးသန့်စီတန်းထားသောကြောင့် ဘဝတွက်ဒီတခါသာမြင်ဖူးသည့်မြင်ကွင်းမျိုးပင်....
သူ့ယောက်ျားက ဒီလောက်ချမ်းသာတာလား..

"ရေအရင်ချိုးမလားသဲငယ်...ပြီးမှအေးဆေးနားလေ ကလေးတွေကကြာအူးမှာ.."

"အင်း..."

သဲနုငယ်ရဲ့တုန့်ပြန်သံက အဖျားခတ်တုန်ယင်နေတာကြောင့် မဟာခိုးရီမိတယ်..
ဒီဟာလေးက သူ့ပိုင်ဆိုင်မှုတွေကြောင့် တုန်တောင်တုန်နေတယ်တဲ့လား...
သူ့အိမ်မှာဆို အသံတစာစာနဲ့စွာနေတတ်တဲ့သူက
မဟာ့အခန်းကိုပဲပြရသေးတယ် အသံပင်သိပ်မထွက်ချင်တော့...ဒီတခါတော့မဟာအလှည့်ပဲ
အကွက်ကောင်းရောက်တုန်း အနိုင်ကျင့်ရမယ်

ချစ်ရပါသော သဲငယ်❤Where stories live. Discover now