အပိုင်း ၃၁

417 20 9
                                    

"ပါပါးနဲ့မား အဆင်ပြေပြေရှိကြတယ်မလား
ငယ်ဒီနေ့ ပါပါးတို့ကိုမိတ်ဆက်ပေးစရာလူတစ်ယောက်ခေါ်လာခဲ့တယ်...
ပါးနဲ့မားတို့သိပြီးသားလူပါ.ခုအခြေနေမှာ
ငယ်ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ပါပါးတို့နားလည်ပေးမယ်ဆိုတာသိပါတယ်
ငယ်က ပါးနဲ့မားကိုအရမ်းချစ်တယ်ဆိုတာ သိတယ်မလား...ငယ်လည်းအကောင်းဆုံးရပ်တည်နေတာမို့ ငယ့်ကိုစိတ်ချလို့ရပါတယ်...."

အုတ်ဂူဖြူဖြူ၂ခုရှေ့ မိသားစုလို့ထင်ရတဲ့ လူကြီးနှစ်ယောက်နဲ့ကလေးငယ်လေး၂ယောက်ရပ်နေသည်ကို ငေးကြည့်နေသော သုသာန်စောင့်ဦးလေးကြီး.....
တိုးဝေ့တိုကျလာသော လေအေးအေးတွေကြား ခပ်ဖွဖွပြုံးမိနေတဲ့ ကွမ်းဝါးလို့နီရဲနေတဲ့နုတ်ခမ်းတစ်စုံ
သူ့အတွေးထဲတွင် သူ့ဆန္ဒပြည့်ဝသွားသလို
ကောင်ငယ်လေးအား စိတ်ချရသွားသလိုမျိုးခံစားနေရသည်.....
ခါတိုင်း တစ်ယောက်ထဲပြိုလဲနေတဲ့ ကောင်ငယ်လေးက ခုမှီခိုစရာတံတိုင်းကြီးတစ်ခုပိုင်ဆိုင်လိုက်ရသလို ကားပေါ်ကအဆင်းတွင် စိတ်ချမ်းသာနေတဲ့မျက်နှာလေးနဲ့ ပြုံးပြကတည်းကနေ သူပီတိတွေဖြာနေတာပင်...
သူ့ကိုအမြဲနွေးထွေးတတ်တဲ့ကောင်လေးက ခုနွေးထွေးမှုကိုခံစားနေရတာပင်...
သူ့ဆုတောင်းတွေ မေတ္တာတွေရောင်ပြန်ဟပ်ခဲ့ပြီ
ဘေးကနေ အရပ်မြင့်မြင့်မားမားနဲ့ မြေပေါ်ခြေချတာကအစ အဆင့်တန်းမြင့်တဲ့သူပီပီ အရှိန်အဝါရှိနေတဲ့ တစ်ယောက်က ကောင်လေးမျက်နှာကိုအရိပ်တကြည့်ကြည့်မို့ ဘယ်လိုအခြေနေလဲသူနားလည်သည်....
ကလေးငယ်လေးနှစ်ယောက်မှာ သားလေးဖြစ်သူနဲ့ရုပ်ဆင်းတူလွန်းလှတာကြောင့် သူ့စိတ်ထဲဒွိဟဖြစ်နေရုံထက် ဘာမှမပိုပေ....
ဘုရားဟောတရားလိုပဲ ဆုတောင်းမှားခဲ့ကြတာထင်တယ် ဒါပေမဲ့မှားတဲ့ဆုတောင်းကိုက မှန်နေတာမျိုး....
ကောင်လေးအမြဲဝယ်ပေးနေကျဖြစ်တဲ့ သူ့အတွက်မနက်စာထုပ်ကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး ဝမ်းသာမျက်ရည်တစ်စက်ကျမိသည်
နောက်ဆုံးတော့ ကောင်လေးငယ်က
အထီးမကျန်တော့ဘူးပေါ့လေ....

အဖျားခတ် တုန်ယင်နေတဲ့အသံနဲ့ မိဘတွေကို နုတ်ဆက်နေတဲ့ သဲနုငယ်အား
မဟာမှာ  ဘေးကနေပြီးပခုံးအားဖွဖွလေးပုတ်ကာ နှစ်သိမ့်ပေးမိ၏...
ဘယ်လောက်ပဲ ကလေးအဖေနေရာရောက်ကာ
ရင့်ကျက်နေပြီဆိုသော်လည်း မိဘတွေရှေ့ရောက်ရင် ကလေးပြန်ဖြစ်သွားတာပါပဲ
တစ်ဦးတည်းသောသား မိဘတွေကပိုးမွေးသလို ယုယခံခဲ့ရတဲ့သား ငယ်ငယ်ရွယ်ရွယ်နဲ့ လောကအလယ်မှာ ကြံ့ကြံ့ခံနိုင်အောင် အားတင်းခဲ့ရသူမို့
သူ့မှာလည်းပြိုလဲအားငယ်ရမဲ့အချိန်ဆိုတာ ပေးရမှာပင်....သဲနုငယ်ဝမ်းနည်းလေ မဟာနောင်တတွေရနေလေပါပင်...အချိန်တွေပြန်နောက်ဆုတ်လို့မရပေမဲ့ လက်ရှိပိုင်ဆိုင်နေတဲ့အချိန်မှာတော့
သူအကောင်းဆုံး ချစ်ပေးတော့မယ်....
သားနဲ့သမီးအတွက် သူ့ချစ်ရသူအတွက် အတိတ်ကအရိပ်ဆိုးတွေမေ့အောင်ထိ သူချစ်ပြမည်..
သူဆိုတာ အအေးချမ်းဆုံးအရိပ်ပေးနိုင်တဲ့ ရင်ခွင်တစ်ခုဖြစ်နေရမည်...
ဒီဘဝတွင်ချစ်မဝမှာသေချာနေတာကြောင့်
ယခုအချိန်ကစနောက်ဘဝထိပါ သူ့အပြစ်တွေကိုပြန်ဆပ်ပြီး ချစ်ပေးနေဖို့ ကံပါလာအောင်လည်း
ဘုရားဝတ်ပြုတိုင်း ဆုတောင်းနေမှာပင်...

ချစ်ရပါသော သဲငယ်❤Where stories live. Discover now