အပိုင်း ၉

420 26 0
                                    


   အလာတုန်းကလိုပဲ အပြန်မှာလည်း ကားပေါ်မှာသူနဲ့သူ့ပြည့်နှစ်ယောက်ထဲရယ်ပါ  ဘာကြောင့်မှန်းမသိစကားတွေကပြောမထွက်ပဲ နွေးထွေးတဲ့အနမ်းလေးကိုပြန်တွေးလိုက် ခေါင်းငုံ့ပြုံးမိလိုက်နဲ့ သူတိတ်ဆိတ်စွာထိုင်နေမိတော့သည်
ဘေးကသူ့ပြည့်ထွန်းဆိုတဲ့ ငမူးကောင်ကတော့ ခေါင်းငိုက်စိုက်နဲ့အိပ်ပျော်နေလေရဲ့ ပြောတော့ ငယ်ငယ့်ကို ကျနော်ဂရုစိုက်မှာပါ မားနဲ့ပါးစိတ်ချပါဆိုပြီး ဖင်ခေါင်းကျယ်ခဲ့တာ ခုကျ သူ့ကိုလိုက်ထိန်းနေရတာ ဒီကလူ ကားပေါ်တောင်မနည်းရောက်အောင်တင်ခဲ့ရတာ တွေ့မယ် နောက်နေ့အိမ်လာလို့ကတော့ ဗိုက်ခေါက်ပြတ်အောင်လိမ်ပစ်အူးမယ် လူကဖြင့်၁၇နှစ် ကော့တေးပဲလေဆိုပြီး သောက်လိုက်တာ ခွက်၁၀ ကျော်  အန်ဖတ်မကြုံးရတာကံကောင်း
သူ့ပြည့်ကိုဒီလောက်သောက်တတ်လိမ့်မယ်ထင်မထားဘူး  ဟိုတစ်ယောက်ကဘာထူးလဲ ခပ်တည်တည်နဲ့ပေါ်တင်နမ်းသွားပြီး သူမဟုတ်တဲ့အတိုင်း ရည်းစားအသစ်ကိုသွားပို့မယ်ဘာညာနဲ့ ကားငှားပေးလိုက်တာတောင်ကျေးဇူးတင်ရမယ်
ပျော်မယ်ကဲမယ်လို့ထွက်လာပြီးမှ သူပဲနစ်နာတယ် အမူးသမားထိန်းရတာနဲ့ အနမ်းခံလိုက်ရတာနဲ့
တော်ပြီ နောက်တစ်ခါဒီကောင်တွေနဲ့မလိုက်တော့ဘူး......စိတ်ကူးထဲအပြစ်တွေပတ်တင်နေပြီး သူ့ပြည့်ကိုအိမ်ပြန်လိုက်ပို့ သူ့အိမ်ကိုပြန်လာနဲ့လူကဖတ်ဖတ်ကိုမောရော  မားကဘုရားရှိခိုးနေလို့ ပါပါးကစောင့်နေပေးတော့ ပူညံပူညံသိပ်မကြားရ မားဆိုသူ့ကိုစစ်လားဆေးလားပြောနေအူးမယ် အခန်းထဲခပ်သွက်သွက်ဝင်ခဲ့ပြီး အကျီတောင်မလဲအား ဒီနေ့ခံစားမှုလေးကို ဒိုင်ယာရီလေးပေါ် ရေးထားရအူးမယ်.......

စာအုပ်ကိုဖွင့်လိုက်တာနဲ့ ဓာတ်ပုံလေးတစ်ပုံပါမြင်လိုက်ရတော့ သူ့စိတ်ကပိုကြည်နူးသွားရသည် ကျောင်းကထိန်နေ့က စုပေါင်းဓာတ်ပုံရိုက်နေတုန်း မဟာက သူ့ဘေးရောက်လာကာ ရုတ်တရက် ကင်မရာသမားအား ကျနော်တို့နှစ်ယောက်ကိုတစ်ပုံလောက်ဆိုပြီး သူ့ပခုံးအားဖွဖွလေးဖက်ကာရယ်ပြီးရိုက်လေတယ် သူကသာရုတ်တရက်မို့အံ့သြပြီး မဟာကိုမျက်လုံးအကြောင်သားနဲ့လှမ်းမော့ကြည့်နေခိုက် ဓာတ်ပုံဆရာက ကွက်တိရိုက်သွားလေတော့
ပုံထဲမှာ မဟာကရှေ့ကြည့်ရယ်နေပြီး သူက
မဟာ့ကိုမော့ကြည့်နေတာမို့ မဟာတစ်ယောက်အကြီးအကျယ်သဘောကျကာ မင်းတစ်ပုံငါတစ်ပုံဆိုပြီး သူ့ကိုပေးသွားခဲ့သည် အမှတ်တရတွေပေါ့ ငါမပိုင်ဆိုင်နိုင်တဲ့ တန်ဖိုးအရှိဆုံးသူစိမ်းတစ်ယောက်နဲ့အမှတ်တရတွေပေ့ အရင်လိုအမြဲမတွေ့နိုင်တဲ့အခါ သူခိုဝင်ဖူးတဲ့ရင်ခွင်မှာတခြာတစ်ယောက်ကိုထည့်ထားတဲ့အခါ ငါ့အတွက်ဖြေသိမ့်စရာဆိုလို့ ဒီပုံလေးပဲကျန်ခဲ့တာမလား....

ချစ်ရပါသော သဲငယ်❤Where stories live. Discover now