အပိုင်း ၁၅

478 26 2
                                    


  နာကျင်စရာ အတိတ်သို့ အလည်တစ်ခေါက်

အအေးပိုင်းရာသီဥတုကို သိပ်မကြိုက်ပေမဲ့ သူရောက်နေတဲ့ နေရာက အမြဲအေးနေတတ်တာမို့ နေသားကျဖို့အတော်ကြိုးစားနေရသည်

ရောက်တာ ၂ရက်ပဲရှိသေးလို့ သူကျောင်းတက်ရမဲ့ကိစ္စတောင် မစဥ်းစားရသေး
ဘာဆက်လုပ်ရမလဲ ဘယ်လိုရှေ့ဆက်ရမလဲပါ မတွေးမိသေး အေးဆေးနားနေချင်သေးတယ်
ညနေစာစားပြီး လေးလေးနဲ့ TVကြည့်နေတုန်း

"သားငယ်.....ကျောင်းကဒီမှာပဲတက်မှာမလား
မင်းဖေကြီးက မနေ့ညကငါ့ကိုကြိမ်းသွားတယ်
မင်းနိုင်အောင်ထိန်းတဲ့ မထိန်းနိုင်လို့ပြန်လွတ်ရင် ငါတို့နှစ်ယောက်လုံးအသေပဲတဲ့"

ဦးလင်းသစ်မဟာက ဦးထိပ်တန်းမဟာကို ငယ်ငယ်ကနေ ကြောက်ရသည် အသက်၁၂နှစ်ကွာတဲ့အကိုဖြစ်သလို လေးလည်းလေးစားတာကြောင့် ငယ်ကြောက်ဖြစ်နေရတာမဆန်း....မိသားစုအမွေကိုမဆက်ခံပဲ ဒီနိုင်ငံမှာ လွတ်လပ်စွာလာနေတာကို သူ့အကိုက မျက်စိမွေးစူးနေတာပင်
သူက Freelance ဓာတ်ပုံဆရာ  နိုင်ငံပေါင်းစုံလှည့်ပတ်ကာ သဘာဝကြီးကိုမှတ်တမ်းတင်ပြီးသူ့ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေတာ အဖေနဲ့အဖေထားခဲ့တဲ့ အမွေတွေကိုလည်းသူ့မမက် ကုမဏီထဲခြေချုပ်ပြီးမနေရတာကိုပဲ သူကျေးဇူးတင်နေတာ ဦးမဟာကတော့ တခုခုဆို သူ့ဆီဖုန်းဆက်ပြီး လာကြုံးဝါးတတ်တယ် မင်းလွတ်အောင်ပြေး
ငါပဲဦးဆောင်နေရတာ မင်းအမွေတွေပါငါသုံးဖြုန်းပစ်မှာ ဘာညာနဲ့....တကယ်တမ်းလက်တွေ့မှာက ပြောသာပြောတာ သူ့ဘဏ်အကောင့်ထဲ လစဥ် ငွေအရေအတွက်တွေကပုံမှန်ဝင်နေတုန်း
အိမ်ထောင်လည်းမပြု တစ်ကိုယ်တည်းဘဝမှာ
သူ အမွှေစိန်တစ်ယောက်လာရှုပ်နေတာကိုပင်
သူမနည်းထိန်းနေရတယ်......

မဟာက လွန်ခဲ့တဲ့၃ပတ်လောက်က ငိုကြီးချက်မနဲ့ ဖုန်းဆက်တော့ သူ့မှာကြောင်တောင်တောင်
လွတ်လပ်ချင်လို့ မိန်းမတောင်မယူတာကို
တူဖြစ်သူက ဘဝထဲလာရှုပ်သေးတယ်
ခုဆိုကြည့် သူပါမြန်မာနိုင်ငံပြန်ဖို့ကြောက်ရတဲ့အထဲပါသွားပြီ.....ဝရမ်းပြေးတူဝရီးလိုအပြောခံရ.   ...လူမိုက်အားပေးလူလိုလို အနိမ်ခံရနဲ့
၂နာရီလောက် ဦးထိပ်တန်းတရားဟောတာနားထောင်လိုက်ရတော့ သူ့နားတွေခုထိအူနေသလိုလို....

ချစ်ရပါသော သဲငယ်❤Where stories live. Discover now