အပိုင်း ၃

616 40 0
                                    

သန့်စင်ခန်းကိုသွားတုန်းကသန့်စင်ခန်းကိုသွားတုန်းက၂ယောက်ပေမဲ့ ပြန်လာတာကသူ့ပြည့်တစ်ယောက်ထဲ ထိုင်ခုံနားရောက်တော့ သဲနုငယ်စာအုပ်တွေသိမ်း လွယ်အိတ်တွေပါသိမ်းပြီး

"မဟာ ဗိုက်ဆာရင်စားနှင့်နော် ငယ်ငယ် နေမကောင်းလို့ နေ့တဝက်ကျောင်းဆင်းမယ်တဲ့ ငါဂိတ်ပေါက်ဝထိလိုက်ပို့လိုက်အူးမယ်"

"ရရဲ့လား သူ့ပြည့် ငါပါလိုက်ခဲ့မယ်လေ "

ရတယ်  ရတယ် ငါကဂိတ်ဝထိပို့ရုံပဲ မြန်မြန်လာခဲ့မယ်ဆိုပြီး အလောတကြီးထွက်သွားလေရဲ့....

သဲနုငယ်က ဘာများဖြစ်တာပါလိမ့် ရိုးရိုးနေမကောင်းတာများဟုတ်ရဲ့လားဆိုတဲ့အတွေးဝင်လာမိတော့တယ် တခါတလေ သူတို့နှစ်ယောက်ကိုနားမလည်ဘူး သူတို့ကခင်ခင်မင်မင်ပေါင်းပေမဲ့ ငယ်ပေါင်းမဟုတ်တဲ့ သူ့အပေါ်တော့လျို့ဝှက်ထားတဲ့အရာတွေရှိသေးတယ်ထင်ပါရဲ့.....

"မဟာ.. စားနှင့်တာမဟုတ်ဘူး ဗိုက်မဆာဘူးလား"  

"အာ...ရတယ် သိပ်မဆာသေးလို့မင်းကိုစောင့်နေတာ သဲနုငယ်ကထမင်းချိုင့်မေ့ခဲ့တာလား" 

  "ဟင့်အင်း....မင်းအတွက်ထားခဲ့တာ သူကအိမ်မှာပဲစားတော့မယ်တဲ့ ကဲ....မြန်မြန်စားကြမယ် အတန်းချိန်နီးနေပြီ" ဆိုပြီးနှစ်ယောက်သား စကားမပြောပဲ ထမင်းပဲစားနေကြတော့တယ်.....

ဟင်းတွေလဲစားကြလို့ ဒီအရသာကမပြောင်းလဲပေမဲ့ အရင်နေ့တွေကလောက်ဘာလို့စားမကောင်းတာပါလိမ့်..........

သဲနုငယ်ကျောင်းပျက်တာ ၃ရက်လောက်ရှိနေပြီ သူ့ပြည့်ကိုမေးကြည့်တော့လဲ အဖြေကရေရေရာရာမရ သူ့အိမ်သတင်းသွားမေးဖို့ပြောတော့လည်း စကားတွေလွဲ မအားဘူးပြောတာနဲ့ ဘာဖြစ်မှန်းမသိပဲ စိတ်ကအလိုလိုရှုပ်လာမိရော....

ဒိနေ့တော့လာရင်လာမှာပဲဆိုပြီး အခန်းပေါက်ဝကိုပဲငေးနေမိတော့... မျက်နှာလေးနွမ်းပြီး အတန်းထဲဝင်လာတဲ့သဲနုငယ်ကိုတွေ့လိုက်ရတယ် 

ဒိန်း......... အမ် ဘာလဲ ငါ့ရင်ကဘာလို့ဒီလောက်ခုန်သွားတာလဲ ဘေးလူကပါကြားလိုက်မိပြီလားဆိုပြီး ဘေးဘီဝေ့ကြည့်ရတဲ့ထိ ရင်ကဘာဖြစ်သွားမှန်းမသိ.........

ချစ်ရပါသော သဲငယ်❤Onde as histórias ganham vida. Descobre agora