အပိုင်း ၂၀

601 22 3
                                    


မနက်မိုးလင်းကတည်းကနေ မဟာတစ်ယောက်ဂနာမငြိမ်ဖြစ်နေတာ ၁နာရီကျော်လောက်ရှိနေပြီ
ပိတ်ရက်လေးမို့ သဲနုငယ်အိမ်ကိုသူသွားလည်ဖို့တွေးထားသည်...တခြားနေ့တွေကျ ဖေကြီးက
ကုမဏီသွားခိုင်းကာ အလုပ်တန်းစီလုပ်ခိုင်းထားတယ်...ဦးထိပ်တိန်းက မကျေနပ်တာရှိလည်းပါးစပ်ကပြောရင်ရတာကို ပညာသားပါပါနဲ့
သူ့ကို လှုပ်မရအောင် အလုပ်တွေနဲ့ဖိထားတာ
ဒီနေ့တော့ အလုပ်တွေအကုန်ရွေ့ပြီး
နှလုံးသားကိန်းဝပ်ရာ အိမ်ကလေးဆီသွားမယ်
သူ့ကိုမကြောက်တော့ဖို့ အနူးညံ့ဆုံးနည်းလမ်းတွေနဲ့ တဆင့်ချင်းချဥ်းကပ်မယ်
သားနဲ့သမီးကိုအချိန်ပေးပြီး တနေကုန်နေမဲ့အကြောင်း စာပို့ထားပေမဲ့ မဟာ့ဆီပြန်စာကမလာ....လက်ခံမခံမသိရတာပေမဲ့ သွားဖို့ပဲသူဆုံးဖြတ်လိုက်သည်....ဖေကြီးကတော့ မတားပေမဲ့ ဂရုတစိုက်နေဖို့တော့မှာတယ် မေကြီးကတော့ သူ့မြေးတွေအတွက် သူကိုယ်တိုင် ကိတ်မုန့်လေးဖုတ်နေလေရဲ့....မျက်နှာလုပ်ဖို့အရာလေးရပြီ

မဟာ့အရပ်ထက်မြင့်တဲ့ အဝတ်ဗီဒို ၃ခုလုံးမှာ ဒီနေ့ကျမှ ဝတ်စရာအဝတ်ကမမြင်....
သဲနုငယ်ရှေ့ ပြစ်ချက်မရှိချောနေချင်တယ်
နဂိုရုပ်ခံကချောပေမဲ့ အကုန်ပြည့်စုံနေမှအမှတ်ရမှာမလား....ထပ်တွေဝေနေရင် တွေ့ရမဲ့အချိန်တွေလျော့ကုန်မယ်ဆိုတဲ့အတွေးနဲ့အတူ
မျက်လုံးရှေ့ရှိရာအဝတ်ကိုယူဝတ်လိုက်တော့သည်....ကြက်သွေးရောင်အရင့် စတိုင်ပန်ဘောင်းဘီကို ဆင်စွယ်ရောင် ရှပ်အကျီအပါးလေးနဲ့တွဲဝတ်ကာ အကျီကိုဘောင်းဘီထဲထည့်
LV ခါးပတ် ပတ်လိုက်တော့ မှန်ရှေ့က သူ့ပုံက
Perfect.....အနောက်နိုင်ငံမှာအနေကြာလာလို့
ထွားကျိုင်းနေတာမှန်ပေမဲ့  သေးသွယ်တဲ့ခါး ကျစ်လစ်တဲ့လက်မောင်း သွယ်လျတဲ့ပေါင်တံရှည်တို့ကြောင့် လူများကြားထဲထင်းနေတတ်မြဲ.....တစ်ယောက်သောသူပဲ အမြင်မကြည်နေတာ......

...................

အိမ်ရှေ့က အဆက်မပြတ်တဲ့ဟွန်းတီးသံကြောင့်
သဲနုငယ် မျက်ခုံးတွေတွန့်ကုန်ရတော့သည်
ကလေးတွေတော့နိုးကုန်တော့မှာပဲ
ဘယ်သားသမီးက အလိုက်မသိဟွန်းတီးနေရတာလဲ....
ပိတိရက်လေးမို့ ကလေးတွေကိုသူ့လက်ရာချက်ကျွေးချင်တာကြောင့် သက်မင်းနဲ့နှစ်ယောက်
မီးဖိုချောင်မှာ အလုပ်ရှုပ်နေတာကိုပစ်ထားခဲ့ပြီး
အိမ်ရှေ့တံခါးဖွင့်ရန်အပြေးလေးသွားရသည်
ကားနက်ကြီးက ဟွန်းပဲတီးနေတာ ဘယ်သူမှန်းသိရအောင် ကားမှန်လေးတောင်ချမထားဘူး

ချစ်ရပါသော သဲငယ်❤Where stories live. Discover now