အပိုင်း ၂၉

479 13 4
                                    


ဒီနေ့ရဲ့ Hot အဖြစ်ဆုံးသတင်းခေါင်းစဥ်
Social Mediaထက်မှာ ရှာဖွေမှုအများဆုံးခံရတဲ့
Account များနဲ့အတူ သတင်းစာတွေရော
လူတိုင်းပါးစပ်ဖျားမှာ ရေပန်းအစားဆုံးအကြောင်းအရာတွေ ကတော့..

"Mahar Group ရဲ့ဆက်ဆံသူ မဟာစေစားရာရဲ့
မိသားစုအကြောင်း...."

"Mahar ရဲ့ဆက်ခံသူက သူ့အိမ်ထောင်ဖက်နဲ့ကလေးတွေအား တရာဝင်မိတ်ဆက်ပေး.."

"ဦးမဟာစေစားရာရဲ့ တိတ်တိတ်ပုန်းအိမ်ထောင်ရေး...."

"ယောက်ျားလေးကိုယူထားတဲ့ Mahar Groupရဲ့ဆက်ခံသူ..."

"မဟာစေစားရာရဲ့ အိမ်ထောင်ဖက်က ကလေးမွေးနိုင်တဲ့ ယောက်ျားလေးတစ်ဦးဖြစ်နေ..."

စသည့်အကြောင်းအရာ ခေါင်းစဥ်မျိုးစုံနဲ့ ကောင်းသည့်ခေါင်းစဥ် မကောင်းသည့်ခေါင်းစဥ်များဖြင့် ရေပန်းစားနေကာ လူအများရဲ့စိတ်ဝင်စားမှုကိုအကြီးအကျယ် ခံနေရသည်..
Mahar Group ရဲ့ Centerတိုင်း ဆောက်လုပ်ရေးရုံးတိုင်းနဲ့ ကုမဏီရှေ့တွေမှာ သတင်းထောက်များက စောင့်ကြည့်နေကြသည်..
ထို့အပြင် သဲနုငယ်ရဲ့ဆေးရုံတွင်လည်း ဆူညံပွက်လောရိုက်ကာ လာပြတဲ့လူနာများသာမက
သတင်းသိချင်နေတဲ့သူများ သဲနုငယ်ကိုလာကြည့်ကြတဲ့သူများနဲ့စည်ကားလျက်ရှိ၏..

မနက်၇နာရီခွဲအချိန်တွင် Mahar Official Pageကနေ မဟာနဲ့သဲနုငယ်တို့သားအဖပုံကိုတင်ကာ သူတို့ဆက်ခံသူရဲ့အိမ်ထောင်ရေးအား အတိအလင်းဖော်ပြခဲ့သည်...
ယင်းသို့ဖော်ပြရုံသာမက သားနဲ့သမီးအား မဟာ့အိမ်ထောင်ဖက်ကိုယ်တိုင်ကမွေးထားပြီး Mahar Group ရဲ့ မျိုးဆက်တွေဖြစ်ကြောင်း အထူးတလေရှင်းပြထားသည်...အောက်ဆုံးစာကြောင်းတွင်လည်း ဤသတင်းနဲ့ပက်သက်၍ ထိခိုက်အောင်ခေါင်းစဥ်တပ်ရေးသားသူများအား
ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းကို
ဦးထိပ်တန်းမဟာလက်မှတ်အစစ်ဖြင့် ရေးသားဖော်ပြထားသေး၏...
ထိုအကြောင်းအရာကြောင့် ယခုသတင်းအား မကောင်းသည့်ဖက်မှပြောခြင်းကရှားပါးသည်..
နေ့လည်တွင်လည်း မဟာစေစားရာကိုယ်တိုင် သတင်းစာရှင်းလင်းရေးလုပ်မည်ဖြစ်ကြောင်း
Pageကနေ တိုက်ရိုက်Liveလွင့်မည်ဖြစ်ကြောင်း ဖော်ပြထားသဖြင့် ယောက်ျားအိမ်ထောင်ဖက်ရထားသူအား သိချင်မြင်ချင်ကြတဲ့အတွက် Mahar GroupPage ရဲ့  Followerက ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည်...
Market Placeများတွင်လည်း စြေးဝယျသူမြား
ယခင်နေ့ထက် ပိုမိုများပြားလွန်းတာကြောင့်
ဝန်ထမ်းများပင် လိုက်မမီတော့ချေ...

ချစ်ရပါသော သဲငယ်❤Where stories live. Discover now