အပိုင်း ၁၃

463 25 4
                                    


နာကျင်စရာ အတိတ်သို့ အလည်တစ်ခေါက်...

    တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေတဲ့ ခံစားချက်နဲ့အတူ သူမျက်လုံးကိုဖွင့်ကြည့်လိုက်တော့.....စူးခနဲဖြစ်သွားစေတဲ့ အလင်းရောင်ကြောင့် လန့်ပြီးပြန်မှိတ်လိုက်မိပြန်တယ်....အဆင်ပြေသွားမှ သူဖြည်းဖြည်းချင်း ပြန်ဖွင့်မိတော့
မျက်နှာကျက်အဖြူရောင်နဲ့အတူ ပိုးသတ်ဆေးနံ့လေးကိုခံစားမိတော့တယ်....သူဆေးရုံရောက်နေတာလား.....ဘာတွေဖြစ်ကုန်တာလဲ....

"ငယ်ငယ်....သားနိုးလာပြီးလား
မောင်ရေ ဆရာဝန်သွားခေါ်ပါအူး..."

မားက သူနိုးလာတာကိုဝမ်းသာအားရနဲ့ပြောပြီး ပါပါးကိုဆရာဝန်သွားခေါ်ခိုင်းတယ်....

"နေ.....နေ...ပါး
သားပဲသွားခေါ်လိုက်မယ်
ငယ်ငယ် အရမ်းမလှုပ်ရှားနဲ့နော် ငါပြန်လာခဲ့မယ်"

အလောတကြီးနဲ့ သူ့ပြည့်ထွက်သွားပြီးမှ

"မား.....ငယ် ရေသောက်ချင်တယ်"

"အင်း....မားခပ်ထားပေးတယ်
ဖြည်းဖြည်းလေးသောက်နောျ ငယ်ငယ်"

မားပေးတဲ့ရေခွက်ကိုယူဖို့ ခန္ဓာကိုယ်ရွေ့ပြီး မတ်မတ်ထိုင်ဖို့ကြိုးစားလိုက်တော့ သူ့တစ်ကိုယ်လုံး နပန်ကျင်းလို့ ကိုင်ပေါက်ခံရသလိုနာကျင်သွားရသည်....ခံစားမိတဲ့နာကျင်မှုကြောင့် မျက်ရည်ပါအလိုလိုကျလာရတော့သည်...

"ငယ်.....နိုးလာချင်းချင်းမငိုနဲ့လေ
သားပိုပင်ပန်းမှာပေါ့ တိတ်နော်....ဆရာဝန်လာရင်သက်သာသွားမှာပါ...."

မားက ဘေးကနေစကားပြောပေး လိုအပ်တာတွေလုပ်ပေးနေပေမဲ့ ပါပါးက ခုတင်ခြေရင်းလေးကပဲ မကြည့်ဝံ့သလိုငေးပြီး မျက်ရည်ဝဲတာမြင်ရတော့ သူပိုဝမ်းနည်းရတော့သည်....
သူမေ့နေတာကြာပြီလား.....မဟာ့မွေးနေ့ညကိုပဲသတိရပြီး ကျန်တာသူမသိတော့
ကိုယ်ခန္ဓာနာကျင်မှုပဲခံစားရတယ်....
မဟာရော......သူဆေးရုံတက်နေတာကို
လာမကြည့်ဘူးလား...သူ့ပရောဂကြောင့်ဖြစ်တဲ့ကိစ္စလေ......သူအိမ်ခနပြန်သွားတာလား...ဒါမှမဟုတ်.....သူလက်မခံနိုင်တာလား သူတို့ဒီလိုဖြစ်သွားတာကိုလေ....

ဆရာဝန် သူနာပြုနဲ့အတူ သူ့ပြည့်ပါပြန်ရောက်လာခဲ့သည်...စစ်ဆေးစရာတွေ သေချာကြည့်ပြီးတာနဲ့ ဒေါက်တာက

ချစ်ရပါသော သဲငယ်❤Where stories live. Discover now