အပိုင်း ၁၂

481 26 2
                                    


သုသာန်သုသာန်သုသာန်သုသာန်........ဒီနေရာက လူတွေတွက် ဝမ်းနည်းကြေကွဲမှုအများကြီးပေးတဲ့နေရာ....မလာချင်ဆုံးနေရာ သဲနုငယ်အတွက် ကမ္ဘာကြီး၂ခုတည်ရှိရာနေရာ.....

"ပါပါးနဲ့မား အေးအေးချမ်းချမ်းရှိနေကြတယ်မလား....ငယ့်ကိုရော သတိရကြရဲ့လား
ပါးကအရမ်းကံကောင်းတယ်နော်
သေအတူရှင်မကွာဖြစ်တဲ့မားနဲ့တူတူရှိကြတယ်
ငယ့်မှာသာ...."

စကားလုံးတွေကသာမာန်ပေမဲ့
ကြားရသူနဲ့ပြောနေသူအဖို့ ဆို့နင့်စရာကောင်းတဲ့စကားလုံးတွေပါပဲ
ဘေးချင်းကပ်ရပ် အုတ်ဂူဖြူဖြူလေး၂ခုရှေ့မှာ
အခင်းပိုင်းလေးခင်းပြီး ပါးနဲ့မားကြိုက်တဲ့စားစရာတွေနဲ့ ကော်ဖီခွက်လေး၂ခွက်ချထားလိုက်တယ်.....သူပါဝင်ထိုင်လိုက်ပြီး မနက်စာစားဖို့ပြင်ဆင်လိုက်တော့တယ်....

"မားတို့မြေးတွေတော့ပါမလာဘူး....
ငယ်က ဒီနေ့မားတို့နဲ့အေးဆေးနေချင်လို့လေ
သူ့ပြည့်ကလည်းနားရက်ဆိုတော့ သူထိန်းပေးမယ်တဲ့.....မားသိလား သမီးငယ်ကအရမ်းသွက်တာ သူ့အကိုအေးဆေးနေတာကို သူလုံးဝအားမရဘူး....ငယ်တော့ အသက်ကြီးလာရင် သမီးငယ်ကိုပဲအားကိုးရတော့မယ်... သားကြီးက ဘယ်သူနဲ့တူလို့ အနေအေးမှန်းမသိပါဘူးမားရာ..."

စားသာစားနေရတာ စကားပြောလိုက် မျက်ရည်ကျလိုက်နဲ့ ဒီနေ့ဒီလိုချိန်မျိုးဆို သူထပ်ကာရင်နာရတာပါပဲ.....ကံဆိုးမ.သွားရာ မိုးလိုက်လို့ရွာဆိုတဲ့စကားအတိုင်းပဲ သူ့ဆီဝင်လာတဲ့ ကံဆိုးမှုတွေတပြုံကြီးက သူ့အတွက်တန်ဖိုးထားရတဲ့အရာအားလုံးကို ဆွဲယူသွားတယ်
ဝဋ်ကြီးလိုက်တာ.......

"မားတို့ကြိုက်တဲ့ သီချင်းလေးဖွင့်ပေးမယ်
တနှစ်တခါပဲလာနိုင်လို့ ငယ့်ကိုစိတ်မကောက်ကြနဲ့နော်.....ဆေးရုံနဲ့ဆေးခန်းတာဝန်တွေကြောင့် ငယ်လည်း ချာလည်လိုက်နေတော့တာပါပဲ
ဒါတောင်မားတို့မြေးတွေက အရမ်းလိမ်မာကြလို့
ကံဆိုးမှုတွေထဲကနေ ရလာတဲ့ကံကောင်းခြင်းလေး၂ခုပါပဲ ငယ့်ကိုသိပ်ချစ်ကြတော့
ခုထိ ငယ်အသက်ရှင်နေသေးတာပေါ့
မားတို့ဆီလိုက်လာချင်တယ်.......မားတို့ကိုအရမ်းသတိရတယ်...ငယ်က.....ငယ်က
မားတို့သားဖြစ်ရတာတောင်မဝသေးတာကို
မားကဘာလို့ငယ်ကို အစောကြီးထားသွားရတာလဲ....ဘာလို့စိတ်ချသွားရတာလဲလို့.....ပါပါး...ငယ်ပိုလိမ်မာပါ့မယ်...ငယ်ပါးတို့ဆီလာချင်တယ်......

ချစ်ရပါသော သဲငယ်❤Место, где живут истории. Откройте их для себя