အပိုင်း ၁၆

480 27 2
                                    


  ၄လတာကျော်လွန်ပြီးနောက်.....

တနှစ်တာ စာမေးပွဲအပြီး သဲနုငယ်မှာ ကျောင်းတနှစ်နားရန် အသနားခံစာတင်ရတော့သည်
စာမေးပွဲမပြီးခင်ထိ  အကျီပွပွတွေဝတ်ကာ
သူခမျာ သူများတွေကြားထဲ ရဲရဲပင်မသွားရဲပေမဲ့
ဒီနေ့ လုပ်စရာတွေများတယ်...အပြင်သွားကိုသွားရအူးမယ်
စာမေးပွဲခန်းထဲကထွက်တာနဲ့ ကျောင်းအုပ်ကြီးရုံးခန်းမှာ စာသွားတင်ပြီး ကျောင်းပေါက်ဝမှာစောင့်နေတဲ့ သူ့ပြည့်ဆီ အမြန်လာခဲ့ရတယ်
ဆေးခန်းပြရက် အာထရာဆောင်းရိုက်ရက်မို့သူတကယ်စိတ်လှုပ်ရှားနေသည်

စာတွေဖတ်နေရတုန်း ကျောင်းသွားတက်နေရတုန်းမို့
ဒေါက်တာကပုံမှန်လာစစ်ပေးရုံကလွဲ ဗိုက်မအပ်ရသေး...ဒီနေ့တော့ ဒေါက်တာ့သူငယ်ချင်းဆီတိုးတိုးတိတ်တိတ် အသိပေးကာ အာထရာဆောင်းကို ဆေးခန်းမဖွင့်မီရိုက်ရမှာ
မမွေးခင်၂လအကြိုကနေ ဘန်ကောက်ကိုသွားဖို့ပြင်ဆင်ထားပေမဲ့ ကျန်းမာရေးစစ်ဆေးချက်လိုသေးတာကြောင့်ရော ဗိုက်ထဲက ဘာလေးလဲသိချင်တာကြောင့်ရောပါ သူသွားကြည့်ရခြင်းသာ

ပါးနဲ့မားက နိုင်ငံခြားခရီးစဥ်အတွက် အစစအရာရာပြင်ဆင်နေရသည်မို့ သူ့ပြည့်ကပဲလိုက်ပို့မည်ဆိုတာ သူမငြင်းဖြစ်
တကယ်တော့ သူလည်း သူ့ပြည့်ကို တကယ်အားနာနေပြီ ငယ်ငယ်လေးထဲကနေ ခုထိသူ့အပေါ်ဂရုစိုက်ပေး အနွံတာခံပေးနေတာ တစက်မှလျော့မသွား.....ခုလည်းလူပျိုလေးတန်မဲ့
သားဖွားဆေးခန်းလိုက်ပေးရသေးသည်
သူ့ပြည့်ခမျာ ဗိုက်ကလေးပူပူနဲ့ဖြစ်နေတဲ့သူ့ကိုရော အပြင်မရောက်လာသေးတဲ့ကလေးကိုပါ အသဲတယားယား....
ဖျက်ချဖို့အကြံပေးခဲ့တာ သူမဟုတ်တဲ့အတိုင်း
သဲနုငယ်ကိုတွေ့ရင် ဗိုက်ပဲပြေးကိုင်ကြည့်ရမလိုလို.....ထွက်လာရင် ငါကိုက်စားမှာလို့ကြိမ်းလိုကြိမ်းနဲ့ သူကကြိုချစ်ပေးနေတာ
babyလေးကလည်းလိမ်မာတယ်....စာဖတ် စာကျက်တွေကြောင့်ပင်ပန်းနေပေမဲ့ အစားပျက်တာဘာညာသူမရှိ ကိုယ်ဝန်စရှိတုန်းက မူးတာအော့အန်တာရှိပေမဲ့ တပတ်ကြာတော့ သူအရင်ကထက်ပိုစားဝင်လာသည်...ခုဆို ကလေးကလှုပ်ရှားတတ်နေပြီ ညဆိုသူလှုပ်ရင် လန့်နိုးလာအောင်ထိ ကျန်းမာလှသည်

ချစ်ရပါသော သဲငယ်❤Where stories live. Discover now