အပိုင်း ၁၇

504 28 4
                                    

  ရုန်းကန်လှုပ်ရှားတဲ့သူတွေနဲ့ ဆူညံနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုထဲ
"နွေးထွေးရာ" ဆိုတဲ့ ဆိုင်းဘုတ်တည်ရှိတဲ့ ဆေးခန်းငယ်လေးတစ်ခုဝယ် မစည်ကားသင့်ပေမဲ့ အခြေခံလူတန်းစားတွေအတွက် နေမကောင်းရင် ပြေးလာစရာကောင်းလှတဲ့နေရာမို့ လူနဲနဲများနေသည်...မရှိဆင်းရဲသားနဲ့ သံဃာ သီလရှင်တွေအား အခမဲ့ကြည့်ပေးသည်ဆိုတဲ့ ဗီနိုင်းလေးကလည်း ဆေးခန်းရှေ့ ကွင်းကွင်းကွက်ကွက်....
ဆေးပေးတဲ့ဝန်ထမ်း ဆေးစာအုပ်လက်ခံတဲ့ဝန်ထမ်းကအစ ဆရာဝန်နဲ့သူနာပြုတွေအဆုံး
နွေးထွေးပျုငှာလွန်းတာမို့ ဒီရပ်ကွက်ထဲ နာမည်ကြီးလှသည်.....ဆေးခန်းလာပြဖူးသူတိုင်း
ဆရာဝန်လေးကဘယ်လိုမျိုးနွေးထွေးတာ ဘယ်လိုမျိုးဂရုစိုက်တယ်ဆို ရပ်ကွက်ထဲ သတင်းကောင်းသထင်းထူးသဖွယ် အမြဲပြောတတ်ကြသည်...ဖန်တရာဖြစ်နေတဲ့သတင်းပေမဲ့
အဲ့လိုဂုဏ်ယူပြောရတာပင် သူတို့အတွက်ဘယ်တော့မှ မရိုးခဲ့.....

"ဘွား.....ဒါမျိုးတော့ ကျနော်လက်မခံဘူးနော်
သားသမီးတွေကိုအားနာလို့ မစားမသောက်ပဲနေတယ်ဆိုတာ အမှန်မဟုတ်ဘူး ခုကြည့် နေမကောင်းဖြစ်ရင် သူတို့တွေမှာစိတ်ပါပင်ပန်းနေရပြီ...."

ငယ်စဥ်ခါကနေ အဆင်မပြေမှုတွေကြားထဲရုန်းကန်လာရမှုကြောင့် ရှိရင်းစွဲအသက်ထက်ပိုအိုစာနေသောအဘွားက သူ့စကားတွေကိုမျက်ရည်ဝဲပြီးနားထောင်နေတယ်...
အသက်အရွယ်ကြီးရင့်လာပြီး မလုပ်နိုင်တဲ့အရွယ်မှာ သားသမီးတွေရုန်းကန်မှုကို ပေါ့ပါးစေလိုတဲ့အတွေးနဲ့ စားရမဲ့အစားကိုလျော့စားနေလို့ အစာအိမ်အောင့်ကာခုလိုလာပြခြင်းဖြစ်သည်
သူ့ဆေးခန်းမှာ ဆေးဖိုးဝါးခမကုန်ပေမဲ့ ဒီ့ထက်ပိုဆိုးလာလို့ ခွဲရမည်ဆိုပါက ငွေအစလူအဆုံးစိတ်ရောကိုယ်ပါပင်ပန်းကြရမှာမလား...
ပြုံးပြုံးလေးနဲ့ သူစိတ်တိုဟန်ပြတော့ ဝမ်းနည်းသွားတယ်ထင်ပါရဲ့

"ဒေါက်တာငယ်လေး စကားကိုဘွားနားထောင်ပ့မယ်....နောက်မလုပ်တော့ပါဘူး.."

"ဟုတ်ပါပြီဗျာ့.....ကျနောျက ဘွားအတွက် အာဟာရရှိတာတွေထည့်ပေးလိုက်အူးမို့ ခနစောင့်ပေးနော်"

"မဟုတ်တာ...ဆရာရယ်
ကျနော်တို့ပဲဝယ်ကျွေးလိုက်ပ့မယ် ဆရာကဆေးဖိုးမယူတဲ့အပြင် ခုလိုဝယ်ပေးနေတာအားနာလို့ပါ"

ချစ်ရပါသော သဲငယ်❤Where stories live. Discover now