Description

3.1K 127 5
                                    

[Unicode]

လင်းချီမှာ မှော်ကုန်းမြေသို့ ဝိဉာဥ်ကူးပြောင်းရောက်ရှိသွားပြီးနောက် အထက်တန်းစားမိသားစုတစ်ခု၏ တတိယသခင်လေးဖြစ်လာခဲ့သည်။ ချမ်းသာပြည့်စုံမှုများနှင့် ပြည့်စုံနေသော ဘဝတစ်ခုကို ပျော်ပျော်နေနိုင်တော့မည်ဟု သူတွေးလိုက်ရုံရှိသေး မိသားစု၏ စမ်းသပ်မှုကို ကျော်ဖြတ်ရန်အတွက် နှင်ထုတ်ခံလိုက်ရပြီး 'သေခြင်းတရားနယ်မြေ'ရှိ လေနက်ရဲတိုက်သို့ စေလွှတ်ခြင်းခံရ၏။

ဤနေရာတွင် အမှောင်နတ်သူငယ်များ၊ ထိန်းမနိုင် သိမ်းမရ သောင်းကျန်းလွန်းသည့် လူ့ဘီလူး အော့စ်မျိုးနွယ်များအပြင် သွေးဆာတတ်သည့် နဂါးများမှာ နေ့စဉ်တွေ့မြင်နေရသော မထူးဆန်းလှသည့်အရာများဖြစ်သည်။ လင်းချီ သေချာပေါက် သေလိမ့်မည်ဟု လူတိုင်းက ထင်နေကြပြီး သူ့အလောင်းကိုပင် သွားကောက်ရန် အသင့်ပြင်ပြီး ဖြစ်နေခဲ့သည်။

ထိုအချိန်လေးတွင်ပင် လင်းချီ၌ [လျှာကဝေစနစ်] နိုးထလာခဲ့၏။ ဤသို့ဖြင့် ကိစ္စများမှာ ပြောင်းလဲရန် အကြောင်းဖန်လာခဲ့သည်။

နတ်သူငယ်တို့၏ ဘုရင်မက သူဖန်တီးသော အရွက်သုပ်ကို အလွန်ပင် နှစ်သက်ကာ အော့စ်‌မျိုးနွယ် သူတော်စင်မှာ‌တော့ သူ၏ အမဲသားကင်ကို မစားရမနေနိုင်ချေ။ သန့်စင်မွန်မြတ်ခြင်းနန်းတော်မှ မှော်ဆရာမှာ "လင်းချီအမှတ်တံဆိပ်"ဝီစကီမရှိဘဲ နေ့တစ်နေ့ကို မဖြတ်သန်းနိုင်။ သွေးစုပ်ဖုတ်ကောင်တို့၏ မင်းသားနီကိုးလပ်စ်ပင်လျှင် လင်းချီ၏ လတ်လတ်ဆတ်ဆတ်‌နှပ်ဖျော်ထားသော သွေးကော်ဖီကို ကာလကြာရှည်စွာ အော်ဒါမှာနိုင်ရေးအတွက် ဘာမဆို စတေးရဲသည်အထိ။

ဤ အချင်းအရာတို့မှာ ကောင်းကင်ကိုပင် ပိတ်ဆို့ထားနိုင်သည့် ဧရာမနဂါးကြီးတစ်ကောင် သူ့အိမ်တံခါးရှေ့ ရောက်မလာခင်အထိသာ...

••••••••••••••

[Zawgyi]

လင္းခ်ီမွာ ေမွာ္ကုန္းေျမသို႔ ဝိဉာဏ္ကူးေျပာင္းေရာက္ရွိသြားၿပီးေနာက္ အထက္တန္းစားမိသားစုတစ္ခု၏ တတိယသခင္ေလးျဖစ္လာခဲ့သည္။ ခ်မ္းသာျပည့္စုံမႈမ်ားႏွင့္ ျပည့္စုံေနေသာ ဘဝတစ္ခုကို ေပ်ာ္ေပ်ာ္ေနႏိုင္ေတာ့မည္ဟု သူေတြးလိုက္႐ုံရွိေသး မိသားစု၏ စမ္းသပ္မႈကို ေက်ာ္ျဖတ္ရန္အတြက္ ႏွင္ထုတ္ခံလိုက္ရၿပီး 'ေသျခင္းတရားနယ္ေျမ'ရွိ ေလနက္ရဲတိုက္သို႔ ေစလႊတ္ျခင္းခံရ၏။

ဤေနရာတြင္ အေမွာင္နတ္သူငယ္မ်ား၊ ထိန္းမႏိုင္ သိမ္းမရ ေသာင္းက်န္းလြန္းသည့္ လူ႔ဘီလူး ေအာ့စ္မ်ိဳးႏြယ္မ်ားအျပင္ ေသြးဆာတတ္သည့္ နဂါးမ်ားမွာ ေန႔စဥ္ေတြ႕ျမင္ေနရေသာ မထူးဆန္းလွသည့္အရာမ်ားျဖစ္သည္။ လင္းခ်ီ ေသခ်ာေပါက္ ေသလိမ့္မည္ဟု လူတိုင္းက ထင္ေနၾကၿပီး သူ႔အေလာင္းကိုပင္ သြားေကာက္ရန္ အသင့္ျပင္ၿပီး ျဖစ္ေနခဲ့သည္။

ထိုအခ်ိန္ေလးတြင္ပင္ လင္းခ်ီ၌ [လွ်ာကေဝစနစ္] ႏိုးထလာခဲ့၏။ ဤသို႔ျဖင့္ ကိစၥမ်ားမွာ ေျပာင္းလဲရန္ အေၾကာင္းဖန္လာခဲ့သည္။

နတ္သူငယ္တို႔၏ ဘုရင္မက သူဖန္တီးေသာ အ႐ြက္သုပ္ကို အလြန္ပင္ ႏွစ္သက္ကာ ေအာ့စ္‌မ်ိဳးႏြယ္ သူေတာ္စင္မွာ‌ေတာ့ သူ၏ အမဲသားကင္ကို မစားရမေနႏိုင္ေခ်။ သန႔္စင္မြန္ျမတ္ျခင္းနန္းေတာ္မွ ေမွာ္ဆရာမွာ "လင္းခ်ီအမွတ္တံဆိပ္"ဝီစကီမရွိဘဲ ေန႔တစ္ေန႔ကို မျဖတ္သန္းႏိုင္။ ေသြးစုပ္ဖုတ္ေကာင္တို႔၏ မင္းသားနီကိုးလပ္စ္ပင္လွ်င္ လင္းခ်ီ၏ လတ္လတ္ဆတ္ဆတ္‌ႏွပ္ေဖ်ာ္ထားေသာ ေသြးေကာ္ဖီကို ကာလၾကာရွည္စြာ ေအာ္ဒါမွာႏိုင္ေရးအတြက္ ဘာမဆို စေတးရဲသည္အထိ။

ဤ အခ်င္းအရာတို႔မွာ ေကာင္းကင္ကိုပင္ ပိတ္ဆို႔ထားႏိုင္သည့္ ဧရာမနဂါးႀကီးတစ္ေကာင္ သူ႔အိမ္တံခါးေရွ႕ ေရာက္မလာခင္အထိသာ...

•••••••••••

ဒါလေးကNormalပါ

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now