Chapter 37

127 16 0
                                    

အပိုင်း ၃၇ (ကျောက်ဘီလူး)

ဘုန်း!

အားလုံး အနားယူနေကြစဉ် အနီးနားမှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

"အဲ့ဒါ ဘာသံလဲ"

လူးဝစ်သည် ကြောက်လန့်ပြီး အမြန်ထလိုက်၏။ ပေါက်ကွဲသွားသည့် လမ်းကြောင်းကို ထိတ်လန့်စွာ ကြည့်လိုက်ရာ အနက်ရောင် မီးခိုးများ တက်လာသည်ကို တွေ့လိုက်ရသည်။

"မကောင်းတော့ဘူး ဟိုဘက်မှာ တိုက်ပွဲဖြစ်နေတဲ့ပုံပဲ!"

ယွီမုန့် မတ်တပ်ထရပ်လိုက်ပြီး အနက်ရောင်မီးခိုးတွေကို ဂရုတစိုက်ကြည့်ကာ မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။ "ဒါက ပေါက်ကွဲမှုမန္တာန်ပဲ အလယ်အလတ်အဆင့်တစ်မှာရှိတယ် ကြည့်ရတာ လင်းလုံမြို့တော်က ပြိုင်ပွဲဝင်တွေ ပြင်းထန်တဲ့တိုက်ပွဲတစ်ခု တိုက်ခိုက်နေကြရပုံပဲ”

လူသာသည် အားနည်းသူကို ကူညီလိုသည့် တရားမျှတမှု‌ပေးလိုစိတ်ကို ရုတ်တရက် ထူးဆန်းစွာ ခံစားလိုက်ရ၏။ လင်းလုံမြို့တော်၏ အရှေ့တိုင်းဆန်သောအမျိုးသမီးနဲ့ ပတ်သက်ပြီး သူ့တွင် အတွေးတစ်ချို့ရှိနေသည်။ သူက အခြားသူတွေကိုပြောလိုက်သည်။ "ကျုပ်တို့ သူတို့ကို သွားကူညီကြရင်ရော?"

“မြို့အရှင် ပြောတာကို မေ့သွားပြီလား သူတို့ကိုကူညီတာက စည်းကမ်းနဲ့မညီဘူးလေ"

"သူတို့ကို ဘယ်လိုကူညီပေးမှာလဲ ငါတို့ဘာသာတောင် စမ်းသပ်မှုကို မကျော်ဖြတ်ရသေးတာကို” လူးဝစ်ဟာ ထုံးစံအတိုင်း ဘယ်ဒုက္ခ‌တောထဲမှ မဝင်ချင်ပေ။

သို့သော် လင်းချီက လူသာ၏ အတွေးများကို ဖောက်ထွင်းမြင်‌သောကြောင့် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "ဒီလိုဆို ဘယ်လိုလဲ ယွီမုန့်နဲ့ လူးဝစ်၊ မင်းတို့ ဒီမှာ အနားယူ‌နေ လူသာနဲ့ ငါဘာတွေဖြစ်နေတာလဲ သွားကြည့်လိုက်မယ်”

"နင်ရူးနေလား?"

ယွီမုန့်က လင်းချီ၏ လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်လုံးများက စိုးရိမ်‌နေကြောင်း ထင်ရှား‌နေသည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now