Chapter 14

486 46 6
                                    

အခန်း(၁၄) အောက်ခြေခံလူတန်းစားအဖြစ် တွေ့ကြုံခံစားခြင်း

"ကောင်စုတ်လေး..ငါတို့ မှော်ကုန်သွယ်ရေးအဖွဲ့အစည်းက မြို့ထဲမှာ အရာအားလုံးကို မထိန်းချုပ်နိုင်ပေမဲ့ သာမန်လူတစ်ယောက်ကို သတ်ဖို့ဆိုရင်တော့ အသာလေးဘဲ...!"

သူ၏ စကားလုံးများမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေပြီး မာန်တက်နေသော လင်းချီ၏ အမူအရာကို အောက်ဆုံးသို့ ထိုးကျသွားစေသည်။ လင်းချီ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ "လုံး၀ကို မယုံနိုင်စရာဘဲ...ကျုပ် အရင်က တစ်ခါမှ မခြိမ်းခြောက်ခံရဖူးဘူး"

မော့ထ် နှာခေါင်းရှုံ့လိုက်သည်။ "မင်းက ဆိုင်ဖွင့်စားနေတဲ့ ဘာမှမဟုတ်တဲ့ကောင်ပါကွ ...တစ်ယောက်ယောက် မင်းကို လာပြီး ကူညီမယ်လို့ ထင်နေလား"

"သူ့ကို ဖမ်းလိုက်စမ်း"

မှော်ဆရာနှစ်ယောက်မှ ‌လင်းချီရှေ့သို့ ရုတ်ချည်း ရောက်ရှိသွားပြီး  အတင်းအကြပ် ဖမ်းတော့မည့် အချိန်တွင်

"ကောင်စုတ်လေး ..ငါမင်းကို နောက်ထပ် အခွင့်အရေးပေးလိုက်မယ် မင်း ငါ့ကို ဒီမှော်ကန်စွန်းဥတွေ ရောင်းမလား ဒါမှမဟုတ် ဒီမြို့ကနေ ထွက်သွားမလား...!"

မော့ထ် နောက်ဆုံး သတိပေးချက်ကို ပြောလိုက်သည်။လင်းချီမှာ လျစ်လျူရှုဆဲပင်။မှော်ဆရာ နှစ်ဦးမှာ သူနှင့် လွန်စွာ နီးကပ်‌နေသော်လည်း တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲ။

"သူ့ဆိုင်ကို ဖျက်စီးပစ်လိုက်..."

မော့ထ် အမိန့်ပေးလိုက်သည်နှင့် မှော်ဆရာနှစ်ဦးမှာ သူတို့၏ တာ၀န်ကို စတင်လုပ်ဆောင်တော့သည်။

သို့သော်လည်း သူတို့ မန္တန် မရွတ်ဆိုမှီ မြောက်များစွာသော အစောင့်များက သူ့တို့ကို ရုတ်တရက် ၀ိုင်းရံလိုက်သည်။

"အာ...ဘာ...ဘာတွေဖြစ်ကုန်တာလဲ"

မော့ထ်က သံချပ်ကာ ၀တ်ဆင်ထားသော အစောင့်များစွာကို မြင်သောအခါ ချက်ချင်း ရှုပ်ထွေးသွားသည်။ အစောင့်ခေါင်းဆောင် သူ့ဆီ ဖြည်းညင်းစွာ လျှောက်လာသည်ကို မြင်သောအခါ

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now