Chapter 21

429 37 1
                                    

အခန်း ( ၂၁ ) တည်ငြိမ်နေသော လင်းချီ

"ဟားဟားဟား"

ခန်းမအတွင်းတွင် လှောင်ပြောင်ရယ်မောသံများ ပဲ့တင်ထပ်နေပါသော်လည်း လင်းချီ၏ မျက်နှာအမူအရာသည် လုံးဝပြောင်းလဲသွားခြင်း မရှိခဲ့ပါ။ သူ့အား လှောင်ပြောင်နေသော်လည်း ဂရုမစိုက်ပေ။ သူသည် တခြားသူများအား လိုက်လံမထိန်းချုပ်နိုင်သောကြောင့် သူတို့ရယ်ချင်သလို ရယ်မောနိုင်သည်။

"မင်းတို့ ရယ်ပြီးကြပြီလား? မင်းတို့ပြီးပြီဆိုလျှင် လစ်လိုက်တော့ ငါ ဒီမှာ အခန်းယူဖို့ စောင့်နေတာ!"

လင်းချီ၏ တည်တည်ငြိမ်ငြိမ်နှင့် အမှတ်မထင် ပြောလိုက်သည့်စကားက လှောင်ရယ်နေသောလူအုပ်ကြီးအား တဖြည်းဖြည်း တိတ်ဆိတ်သွားစေခဲ့သည်။

သူ့အား ဒေါသဖြစ်အောင်လှုံ့ဆော်သည့် လူငယ်မှာ မုန်တိုင်းမြို့တော်မှ ချန်းလင်ဟုခေါ်သော မီးဒြပ်စင်မှော်ဆရာဖြစ်သည်။  ကျော်ကြားသည့် ဆရာတစ်ဦး၏ လမ်းညွှန်ချက်နှင့် သူ၏အရည်အချင်းတို့ကြောင့် သူသည် အလယ်အလတ်အဆင့် မှော်ဆရာအဆင့်သို့ ရောက်နေပြီး ဖြစ်သည်။ သူသည် သူနှင့် ရွယ်တူများကြားထဲတွင် ပါရမီရှင်ဟု ပြောရလောက်အောင် အမြဲရှေ့မှ ပြေးနေခဲ့သူဖြစ်သည်။

ထိုသို့ကွာဟချက်ကြောင့် သူသည် လူတိုင်းအား အထင်သေးပြီး အထူးသဖြင့် မှော်ပညာ အခြေခံမရှိသူများကိုဆို ပိုဆိုးသည်။

ဒီတစ်လျှောက် သူသည် ပြိုင်ဘက်များစွာကို အနိုင်ယူခဲ့နိုင်ပြီး လင်းချီကဲ့သို့သော လူများကို အမြဲလှောင်ပြောင်ခဲ့သည်။

သို့သော် ဤသည်က  သူ ပထမဆုံးအကြိမ် ငြင်းပယ်ခံရခြင်း ဖြစ်သည်။

"မင်း ဘာပြောလိုက်တာ?"

လင်းချီသည် လေနက်ရဲတိုက်၏ စည်းမျဉ်းစည်းကမ်းများကို ကောင်းကောင်းသိထားသည်။ ချန်းလင် သူ့အား ဘာမှ မလုပ်နိုင်တာကို သိသောကြောင့် ဆက်ပြီး ပြောလိုက်သည်။ "ငါပြောတာက မင်းရဲ့မှော်တုတ်တံက ငါ့ကိုလမ်းပိတ်နေတယ်လို့"

"မင်း!"

ချန်းလင်၏ ဒေါသတို့ တောက်လောင်လာခဲ့သည်။ သူသည် သူ၏မှော်တုတ်တံအား မြှောက်၍ လင်းချီအား သင်ခန်းစာပေးခါနီးတွင် ရုတ်တရပ် ရပ်တန့်သွားခဲ့သည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Onde histórias criam vida. Descubra agora