Chapter 41

61 10 0
                                    

အခန်း (၄၁) ညတွင်ကျက်စားသော မိစ္ဆာသားရဲများ

လင်းချီက ချန်းလင်၏ ဘ၀င်မြင့်နေသော အမူအရာကို လျစ်လျူရှုလိုက်သည်။ ယခု အရေးကြီးဆုံးမှာ တောင်ပေါ်သို့တက်၍ ဧရာမ သတ္တုရိုင်းသားရဲကို ရှာဖွေရန် ဖြစ်သည်။

ကောင်းကင်မှာ မှောင်လာပြီး မကြာမီ ကြောက်မက်ဖွယ် တောင်တန်းပေါ်၌  များစွာသော မိစ္ဆာသားရဲတို့ အမဲလိုက် ထွက်လာတော့မည်။ ညတွင်ကျက်စားသော သားရဲများမှာ နေ့တွင် အမဲလိုက်သော သားရဲများထက် ပို၍ ရက်စက်ကြမ်းကြုတ်ကြသည်။

ထို့ကြောင့် သူ ချန်းလင်နှင့် အချိန်မဖြုန်းချင်ပေ။ သူ နောက်လှည့်၍  အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ "ငါမင်းအတွက် အချိန်မရှိဘူး ဒီနေရာက ညဆို အရမ်းအန္တရာယ်များတယ် ..မင်းလည်း မသေချင်ဘူးဆိုရင် ငါပြောတဲ့ အတိုင်းလုပ်တာကောင်းမယ်"

ထိုစကားကိုကြားတော့ ချန်းလင်က မဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး "ဟင်း...မင်းက ငကြောက်ပဲ ..မင်းတိုက်ချင်တိုက် မတိုက်ချင်နေ..ငါကတော့ ဒီနေ့မင်းကို သင်ခန်းတစ်ခုပေးမှ ဖြစ်တော့မယ်"

ချန်လင်း သူ့လက်ထဲရှိ မှော်တုတ်တံကို မြောက်လိုက်သည်။ သူ၏ မျက်လုံးများမှာ အနီရောင် ကြာပန်းများကဲ့သို့ မီးတောက်များဖြင့် ရဲရဲတောက်လောင်နေပြီး "အ‌ခြေခံမီးတောက်!"

မှော်တုတ်တံမှ မီးတောက်များ ချက်ချင်း ထွက်လာခဲ့သည်။ မီးတောက်များမှာ မပြင်းထန်သော်လည်း လူနှင့်သာ ထိမိပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။ ကြည့်ရတာ  ချန်းလင်မှ လင်းချီကို သတ်ဖြတ်ရန် ရည်ရွယ်ထားပုံပင်။

လင်းချီ မီးတောက်များ သူ့ဆီလာနေသည်ကို မြင်သောအခါ တုန်လှုပ်ခြောက်ခြားမနေဘဲ တည်ငြိမ်စွာဖြင့် ရှောင်ရန် နည်းလမ်းကို ရှာဖွေလိုက်သည်။

ထို့နောက် ရေနံရံတစ်ခု ရုတ်ချည်းပေါ်လာပြီး  မီးတောက်များနှင့် ထိတွေ့ချိန်တွင် ရေနွေးငွေ့များ ဖြစ်ပေါ်လာသည်။ ထိုဖြစ်ရပ်ကိုကြည့်၍ လင်းချီ မျက်ခုံးများ ပင့်လိုက်မိသည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now