Chapter 16

433 44 0
                                    

အခန်း(၁၆) သိက္ခာမဲ့သော လူး၀စ်

ထိုအချိန်တွင် ခံတပ်ထဲ၌ ယွီမိသားစုနှင့် လီယိုနာ့ဒ် မိသားစု၏ အစောင့်များကို ‌ဖမ်းဆီးနိုင်ခဲ့သောကြောင့် အသံမျိုးစုံနှင့် ဆူညံသက်၀င် လှုပ်ရှားနေသည်။ ကျားသားရေနှင့်ချုပ်ထားသော ပလ္လင်ပေါ်တွင် လူသာက သေရည်ပြင်းပြင်းတစ်ခွက်ကို  ပါးစပ်အပြည့်‌သောက်ပြီး ကျေနပ်နေဟန်ရှိသည်။

အဘယ်ကြောင့်ဆိုသော် ယွီမိသားစုနှင့် လီယိုနာ့ဒ် မိသားစု၏ ဆက်ခံသူများကို ဖမ်းဆီးနိုင်‌ခဲ့သောကြောင့် သူမကြာခင် ကျော်ကြားလာပေတော့မည်။ မည်သို့ပင်ဆိုစေ ထိုမိသားစု နှစ်ခုမှာ ဆန်းသစ်လမြို့တော်တွင် ထင်ရှားသော မိသားစုနှစ်ခုမှဖြစ်သည်။

"ဆရာ တောင်ဓားပြကြီး..."

လှောင်အိမ်ထဲမှ ကျိုးနွံတဲ့အသံတစ်ခု ထွက်ပေါ်လာသည်။

အသံပိုင်ရှင်မှာ လူး၀စ်ပင်။ သူ၏မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နှက်နေပြီး "ဆရာ တောင်ဓားပြကြီး ကျွန်တော် မှားကြောင်း၀န်ခံပါတယ်ဗျာ၊ ခင်များကို မစော်ကားသင့်ခဲ့ဘူး၊ ခင်ဗျားက သဘောထားကြီးတဲ့သူ တစ်ယောက်ပါ၊ ကျွန်တော့်ကို သွားခွင့်ပေးပါဗျာ၊ ကျွန်တော့်မိသားစုက ချမ်းသာပါတယ်၊ ခင်များတောင်းသလောက်ကို ပေးနိုင်ပါတယ်"

အမှန်တွင်တော့ ဤသို့ဖြစ်ရခြင်းမှာ ဤသောက်ပြဿနာကောင် လူး၀စ်ကြောင့်ပင်။

အစောပိုင်းတွင် သူတို့ လေရဲတိုက်သို့ ခရီးဆက်နေရင်း လူး၀စ်နှင့် အပေါင်းအပါတို့မှာ တောင်ဓားပြတချို့နှင့် ‌ဆုံမိကြသည်။ ထိုအချိန်က တောင်ဓားပြများတွင် သူတို့အား ဖမ်းဆီးရန် ရည်ရွယ်ချက်မရှိခဲ့။ ထိုအစား သူတို့၏ စားနပ်ရိက္ခာနှင့် သံချပ်ကာများကိုသာ ထားခဲ့ခိုင်းပြီး ထွက်သွားခွင့်ပြုခဲ့သည်။

သို့သော်လည်း လူး၀စ်က သူတို့ကို သာမန်တောင်ဓားပြများဟုသာ ထင်မှတ်ပြီး ယွီမုန့်ရှေ့တွင်  ရှိုးထုတ်ရန် လူသာ ကို လှောင်ပြောင်ခဲ့သည်။
လူသာမှာ မာနကြီးသော လူတစ်ယောက် ဖြစ်သည့်အလျောက် လူး၀စ်၏ စော်ကားမှုကို သည်းမခံနိုင်သည်မှာ သာမန်ပင်ဖြစ်သည်။ သူ၏ အဆင့်မြင့်ဓားသမား အရည်အချင်းဖြင့် လူး၀စ်ကို အနိုင်ယူရန်မှာ အသာလေးပင်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now