Chapter 32

153 18 1
                                    

အခန်း (၃၂) အမြတ်ကြီးစားသူများ
   
ထိုစကားကိုကြားတော့ လေနက်ခံတပ်တွင် ကုန်သည် အနည်းငယ်သာရှိရသည့် အကြောင်းရင်းကို လင်းချီ သဘောပေါက်သွားသည်။ ရဲတိုက်တစ်ခုလုံး၏ စီးပွားရေးကို ထိုလူတစ်ဦးတည်းက လက်ဝါးကြီးအုပ်ထားပုံပင်။ ပြန်လည်ကောင်းမွန်ခြင်း ဆေးရည်လေးတောင် ထိုမျှ ဈေးကြီးနေသည်မှာ မထူးဆန်းတော့ချေ။
  
"အို....ကောင်းပါပြီ"
   
ရုတ်တရက် တယ်ရီ သူ့ လက်အောက်ငယ်သားကို သေသေချာချာ မေးလိုက်သည်။ "ရှေ့ရက်တွေတုန်းက မှော်စွမ်းအင်ပြန်ကောင်းစေတဲ့ပစ္စည်း ရောင်းတဲ့ကလေးကို မင်းရှာတွေ့ပြီလား"
   
"ဟုတ်ကဲ့... လေနက်ခံတပ်ကို စမ်းသပ်ပွဲအတွက် ရောက်ရှိနေတဲ့  ဆန်းသစ်လမြို့တော်က ပြိုင်ပွဲဝင်တစ်ယောက်ပါ။ သူ့ နာမည်က လင်းချီလို့ခေါ်ပြီး လင်းမိသားစုရဲ့ သခင်လေးပါ အရှင် "
   
လင်းချီ ကျောချမ်းသွားပြီး ဆက်လက်ခိုးနားထောင်နေလိုက်သည်။
   
"အဲ့ကလေးကိုကော မောင်းထုတ်လိုက် သူ ဒီမှာ အကြာကြီးရှိနေရင် ငါတို့ အများကြီး ဆုံးရှုံးသွားလိမ့်မယ်"
   
ထိုအခါ သူ၏ လက်အောက်ငယ်သားမှာ အနည်းငယ် မတင်မကျဖြစ်နေပုံရပြီး "အဲ့တာက ..ကျွန်‌တော်တို့ လုပ်လို့မရမှာ စိုးရိမ်မိပါတယ် သူက ဆန်းသစ်လမြို့တော်က လင်းသခင်လေးပါ အရှင်"
   
"ဘာ ဂရုစိုက်ရမှာလဲ။ လေနက်ခံတပ်က ငါ့ပိုင်နက်ပဲ..ဒီထဲမှာဆို ငါက ဘုရင်ဘဲ"
   
"အဲ့တာက..."
   
ဝုန်း....
   
သူတို့နှစ်ယောက် မတုန့်ပြန်နိုင်ခင် လင်းချီ တံခါးကို ဆောင့်ကန်၍ အထဲသို့ ၀င်ရောက်လာခဲ့သည်။ သူ၏ မျက်နှာမှာ ဒေါသများဖြင့် ပြည့်နှက်နေပြီး လေနက်ခံတပ်ထဲရှိ လူများမှာ မသမာသူများဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
   
"ရှာနေစရာမလိုတော့ဘူး..ကျုပ်အခု ဒီရောက်နေပြီ"
   
"မင်း..မင်းဘယ်သူလဲ.." တယ်ရီက လင်းချီကို ကြည့်ပြီး ကျိန်ဆဲလိုက်သည်။

"ဒါက လေနက်ခံတပ်ရဲ့ မှော်အဖွဲ့အစည်းကွ မင်းလိုအောက်တန်းစားက ဘယ်လို ၀င်လာတာလဲ"
   
လင်းချီက သူ့စကားများကို ဂရုမစိုက်ပေ။ ထိုအစား သူရှေ့ရှိ ထိုင်ခုံပေါ်တွင် ‌ခြေချိတ်၍ ထိုင်လိုက်ပြီး ခေါင်းကိုမော့ကာ "ငါခုလေးတင် မင်းတို့ စကားဝိုင်းကို ကြားလိုက်တယ်..ပြောနေတာတွေက တော်တော် စိတ်၀င်စားဖို့ကောင်းတာဘဲ...မင်းတို့နဲ့ အဲ့ဒီအကြောင်း ဆွေးနွေးမယ်ဆို ရတယ်မလား..."
   
    "မင်း......"

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now