Chapter 29

140 14 0
                                    

အခန်း (၂၉) မှော်အဆင့်တက်စေသော စွပ်ပြုတ်
   
    ချီး‌မွမ်းမှု ရှိသကဲ့သို့ ဝေဖန်မှုလည်း ရှိပေသည်။
    "စွပ်ပြုတ်က လန်းဆန်းပြီး ချိုအောင် ချက်ပြုတ်ထားပေမယ့် အရသာပိုင်းကျတော့ နည်းနည်းလေး လိုနေသေးတယ်  ရှင်းရှင်းပြောရရင် ပထမဆုံးသောက်လိုက်ရင် အရသာရှိတယ် ဒါပေမဲ့ ဒုတိယ၊ တတိယအကြိမ် သောက်လိုက်မယ်ဆိုရင် အရသာက ပေါ့သွားပြီ ဒါကြောင့် ပထမတန်းစားလက်ရာလို့ ပြောလို့ရပေမယ့် ပြီးပြည့်စုံတဲ့ ဟင်းပွဲတော့ မဟုတ်ဘူး"
   
    ကျင်းလင်လင် ထိုမှတ်ချက်တွင် အနည်းငယ် ရှော့ခ် ရသွားခဲ့သည်။ သို့သော်လည်း မည်သူမျှ မပြည့်စုံနိုင်ပေ။ သူမ၏ စွပ်ပြုတ်မှာ လင်းချီ၏ စွပ်ပြုတ်ထက် အရသာရှိမည်ဟု ယုံကြည်ချက် ရှိသည်။
   
    ကြီးကြပ်သူမှ ကျင်းလင်လင်၏ ဟင်းပွဲကို အကဲဖြတ်ပြီးနောက် လင်းချီ ဘက်သို့ လှည့်လိုက်သည်။ ထိုအချိန်တွင် လက်ခုပ်သံများ ရပ်တန့်သွားပြီး တည်းခိုဆောင်တစ်ခုလုံးတောင် တိတ်ဆိတ်သွားသည်။

    လူတိုင်းတိတ်ဆိတ်နေခြင်းက သူတို့ လင်းချီကို အထင်သေးကြောင်း သွယ်ဝိုက်၍ ဖော်ပြနေခြင်းပင်။
   
    သို့သော်လည်း ကြီးကြပ်သူမမကတော့ လင်းချီကို ယဉ်ကျေးစွာ နှုတ်ဆက်ဆဲပင်။

    "သခင်လေးလင်း...ကျွန်မရှင့်ရဲ့ ဟင်းပွဲကို မမြည်းစမ်းခင် အရင်ဦးဆုံးမေးပါရစေ...ရှင်ဘာလို့ စားဖိုမှူးတစ်ယောက် ဖြစ်ချင်ရတာလဲ.."

    "အဲ့တာက....."
   
    "ဆန်းသစ်လမြို့တော်မှာ လင်းမိသားစုက ဩဇာလွှမ်းမိုးမှု အမြင့်ဆုံးဘဲ ...သာမန်လူတွေနဲ့ မြင့်မြတ်သူတွေတောင် ရှင်တို့ မိသားစုကို အရမ်းလေးစားကြတယ်...တကယ်လို့ ရှင်က မှော်နဲ့ ဓား ပညာ မလေ့လာရင်တောင် လူတိုင်းရဲ့ လေးစားမှုကို ခံရပြီးသားပါ ..ဒါတောင် ဘာလို့များ စားဖိုမှူး တစ်ယောက် ဖြစ်ချင်ရတာလဲ..."
   
    လူတော်တော်များများက စားဖိုမှူး အလုပ်ကို အဆင့်အတန်းနိမ့်သော အသက်မွေး၀မ်းကြောင်းတစ်ရပ်အဖြစ် လက်ခံထားကြသည်။ မှော်ကုန်းမြေတွင် မှော်ပညာ မလေ့ကျင့်နိုင်သူတို့သာ ထိုကဲ့သို့သော အသက်မွေး၀မ်းကြောင်းအလုပ်ကို လုပ်ကိုင်ကြသည်။
   
    သို့သော်လည်း သာမန် စားဖိုမှူးနှင့် ထိပ်တန်းစားဖိုမှူးဟူ၍ နှစ်မျိုး နှစ်စားရှိသည်။ ကျင်းလင်လင်ကဲ့‌သို့သော စားဖိုမှူးများမှာ မှော်ဆေးပညာရှင်များထက်ပင် ထင်ရှားကျော်ကြားသည်။ သို့သော်လည်း ကမ္ဘာကြီးတွင် ကျင်းလင်လင် ဘယ်လောက်များများ ရှိနိုင်မည်နည်း။
   
    ထိုကဲ့သို့ အတွေးများ သူ၏စိတ်ထဲတွင် ဖြစ်ပေါ်လာပြီး လင်းချီ တစ်ခဏမျှ တုန့်ဆိုင်းသွားသည်။ထို့နောက် သူခေါင်းကိုမော့ကာ"ယုတ္တိတန်တဲ့ အဖြေကို ပေးတာထက် ကျုပ်လိုချင်တာကို ပြောတာပိုကောင်းမယ်"

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now