Chapter 39

104 10 0
                                    

အပိုင်း - ၃၉ (စွဲမက်ဖွယ် နံနံပင်)

လင်းချီ ငိုက်မျဉ်းနေရာမှ နိုးလို့လာသည်။ ကြယ်လေးပွင့်နတ်ဆိုးသားရဲများက တောထဲတွင် အချိန်မရွေးပေါ်လာနိုင်သည်မဟုတ်လား။

"ဆရာ သတိထားနော်"

ကျင်းလင်လင်သည် လင်းချီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။

မြက်ပင်များက အနည်းငယ် လှုပ်ခါသွားသည်။ လင်းချီသည် မကြုံဖူးသော တိတ်ဆိတ်ငြိမ်သက်မှုမျိုးကို ခံစား‌မိသည်။ သူ့ပတ်ပတ်လည်တွင် လေများမတိုက်နေသဖြင့် ထိုမြက်ပင်များ၏ လှုပ်ရှားမှုမှာ အထူးသံသယဖြစ်ဖွယ်ရှိသည်။

လူလား နတ်ဆိုးသားရဲလား?

လင်းချီ အရဲစွန့်ပြီး မြက်ပင်တို့ကို ဖြည်းညှင်းစွာ ဖယ်လိုက်သည်။ သူ့မြင်ကွင်းထဲရောက်လာသည်က အဆင့်နိမ့်ဝက်သားရဲတစ်ကောင်သာဖြစ်ပြီး ရန်လိုနေသည့်ပုံစံပင် မရှိပေ။

“ဟူး…”

သူ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခေါင်းကို လှည့်ကာ ကျင်းလင်လင်အား ပြောသည်။ “ဘာမှမဖြစ်ဘူး ပြန်ရအောင်!”

ထိုအဖြစ်အပျက်များပြီးနောက် သူတို့နှစ်ယောက်လုံး နိုးကြားလွန်း‌နေပြီး ဘာမှလုပ်စရာလည်း မရှိပေ။

ကျင်းလင်လင်က စလိုက်သည်။ "ဆရာ ယွီမုန့်ကဘာလို့ တစ်နေ့ကုန် ဝတ်ရုံကြီး ရုံထားတာလဲ သူ့မျက်နှာကိုလည်း ဇာပုဝါနဲ့ ကာထား‌သေးတယ် အခု သူအိပ်နေတဲ့အချိန်မှာတောင် ဝတ်ထားတာနော်"

လင်းချီလည်း အမှန်တကယ် ဘာကြောင့်မှန်း မသိ‌ပါ။ ယွီမုန့်ကို သူပထမဆုံးစတွေ့ကတည်းက သူမ၏မျက်နှာကို တစ်ခါမှမမြင်တွေ့ဖူး။ သူမက အစာစားသည့်တိုင် ပါးစပ်ထဲသို့ အစာဝင်နိုင်လောက်သည်သာ ဇာပုဝါကို မြှောက်ကာစားသည်။

သူမ၏မျက်နှာအစစ်ကို တစ်ခါမှမမြင်ဖူး‌ပေ။

ကျင်းလင်လင်နှင့် လင်းချီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့နှစ်ယောက် အတွေးတူနေကြသည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now