Chapter-12

490 47 0
                                    

【Unicode】

အခန်း (၁၂) လောင်းကြေး

ယုလာသည် သူမ မွေးဖွားခဲ့စဉ်မှစကာ ပိုးမွေးသလိုမွေး၍ အလိုလိုက်ခံခဲ့ရသည်။ သူမကို မိသားစုမှ အဖိုးတန်ပုလဲတစ်လုံးလို သဘောထားကြသည်။ သူမမိဘများသည်လည်းသူမကိုတုန်နေအောင် ချစ်ကြပြီး သူမအစ်မသည်လည်း သူမကို အရမ်းဂရုစိုက်ပေးသည်။ သူမဟာ ဘဝတစ်လျှောက် လမ်းဘေးအစားသောက်များအား မစားခဲ့ဖူးပေ။

“ဒီလိုအာဟာရမပြည့်ဝတဲ့ အသင့်စားအစားအစာတွေကို တွေ့ရတာ ငါရွံတယ် အထူးသဖြင့် ရှင့်လိုလူဆီကပေါ့”

ဖေးသည် ထိုစကားကိုကြားလိုက်ပြီးနောက် လင်းမိသားစုနှင့် မိုက်စတားမိသားစု၏ ဆက်ဆံရေးကို သုံးသပ်ကြည့်ပြီး‌ ချက်ချင်းပင် “ယုလာ မင်းဘယ်လိုပြောလိုက်တာလဲ”

“မဟုတ်လို့လား လင်းမိသားစုက သခင်လေးရဲ့ အရှက်တကွဲဖြစ်စေတဲ့ အကြောင်းအရာမှန်သမျှက ကောလဟာလတွေလို့ထင်ခဲ့တာ ဒါပေမဲ့ ဒီနေ့သူ့ကို ကိုယ်တိုင်တွေ့လိုက်ရတော့ သူက လုံးဝအမှိုက်ပဲဆိုတာ ငါသိလိုက်ရပြီလေ။ သူကထင်ရှားတဲ့မိသားစုမှာ မွေးဖွားလာပေမဲ့ မြင့်မြတ်တဲ့ပုံတောင် မပေါက်ဘူး”

ထိုစကားအနည်းငယ်သည် လင်းချီရဲ့အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

သူသည် အသက်ပြင်းပြင်းရှူပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ “ဒါဆို အထက်တန်းလွှာတစ်ယောက်အနေနဲ့ စကားကို ဘယ်လိုပြောဆိုတတ်ရမလဲဆိုတာ မင်း မသိသင့်ဘူးလားနော်။ ကိုယ့်ကိုကိုယ်ရော ပြောပုံက တော်တော်အောက်တန်းကျတယ်လို့ မထင်မိဘူးလား။ မင်းလည်း မြင့်မြတ်တဲ့ပုံမပေါ်ဘူးဆိုတာ ထပ်ဖြည့်ပြောပေးရဦးမှာလား”

“ချလွင်!”

ယုလာဟာ ထိုစကားကို ကြားပြီးနောက် သူမခါးမှ ဓားရှည်ကို ချက်ချင်းဆွဲထုတ်ကာ လင်းချီကို ညွှန်ပြသည်။ “ရှင်နောက်ထပ် ထပ်ပြောတာနဲ့ ရှင့်လျှာကို ဖြတ်ပစ်မယ်!”

သူ့ရှေ့မှာ တောက်ပနေတဲ့ သံမဏိဓားကို ကြည့်နေပြီး လင်းချီဟာ နည်းနည်းမျှတောင် မတုန်လှုပ်ခဲ့ပေ။ သူသည် သက်ပြင်းချ၍ ညင်သာစွာပြောလိုက်သည်။ “မင်းလက်တွေတုန်နေတုန်းပဲနော်…”

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now