Chapter 40

100 9 0
                                    

အပိုင်း ၄၀ (ကြောက်မက်ဖွယ်ရာ တောင်တန်း)

နေထွက်လာသည်နှင့် ကြက်တွန်သံတို့ ထွက်ပေါ်လာသည်။ မိုးကုတ်စက်ဝိုင်းမှ အလင်းတန်းများသည် မြေပြင်ပေါ်သို့ ဖြာကျလာပြီး နွေးထွေးမှုက လင်းချီ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

နေ၏နွေးထွေးမှုသာမက သူ့ခန္ဓာကိုယ်ကို ပွေ့ဖက်ထားသလိုခံစားရသည့် နွေးထွေးမှုတစ်ခုလည်းရှိနေသည်။

လင်းချီ မနေ့ညက ကောင်းကောင်းအိပ်မပျော်သောကြောင့် တောက်ပတဲ့နေရောင်တောင်မှ သူ့ကို မနှိုးနိုင်တော့ချေ။

ဆန့်ကျင်ဘက်အားဖြင့် နေရောင်ခြည်၏ တောက်ပသော အလင်းရောင်က ယွီမုန့်အား နိုးထလာစေသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမဘေးတွင် လင်းချီကို တွေ့လိုက်ရ၏။ သူမမျက်နှာလေး ချက်ချင်းနီမြန်းလာပြီး နောက်သို့ဆုတ်လိုက်သည်။

"ငါ ငါ.... မနေ့ညက သူ့အ‌ပေါ်မှာ အိပ်‌ပျော်သွားတာတော့ မဟုတ်ဘူး မလား" ထိုသို့တွေးရင်း ယွီမုန့် စိတ်လှုပ်ရှားလာသည်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရင်း ချက်ချင်းပင် သူမ၏ ဇာပုဝါနှင့် ဝတ်ရုံကို ဝတ်လိုက်သည်။

ထိုအချိန်တွင် နေရောင်ခြည်သည် ပို၍ တောက်ပလာ၏။ လင်းချီ၊ ကျင်းလင်လင်နှင့် လူးဝစ်တို့လည်း နိုးလာခဲ့သည်။

သူတို့ မနက်စာစားပြီးသည်နှင့် အိတ်တွေကို ထုပ်ပိုးပြီး ခရီးဆက်ကြသည်။ ယွီမုန့်မှာ မနေ့က အဖြစ်အပျက်ကြောင့် အနေရခက်စွာဖြင့် သူ့ကို စကားမပြော‌ကြောင်း လင်းချီသိလိုက်သည်။ လင်းချီလည်း ဘာမှမသိသလို ဟန်ဆောင်နေလိုက်သည်။ နောက်ဆို သူမကို မနှောင့်ယှက်မိဖို့ မနေ့ညက သင်ခန်းစာရသွားပြီဖြစ်၏။

လူးဝစ်သည် မနေ့ညက ဝက်တစ်ကောင်လို အိပ်နေခဲ့တာကြောင့် ဘာဖြစ်သွားမှန်း မသိခဲ့‌ပေ။

ကျင်းလင်လင်ကတော့ ပြောစရာတောင်မလို‌။ သူမ မူးယစ်စေသော နံနံပင်ဟင်းလျာကို စားပြီး‌သည်နှင့် တုံးကနဲအိပ်‌ပျော်သွားခြင်းဖြစ်ရာ ဘာဆို ဘာမှမသိ။

ထို့ကြောင့် သူမမှာ မနေ့ညက ယွီမုန့်အား သူတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုသာ မှတ်မိသည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now