Part2

950 107 10
                                    

ခဏနေရင်ကျောင်းသွားရတော့မယ်ဟင့်အင်မသွားချင်ဘူး ဒီနေ့ကူးငယ်မိတ်ဆက်ပေးမဲ့သူနဲ့မတွေ့ချင်ဘူး သူအရမ်းချစ်ရတဲ့သူပါလို့ပြောမဲ့လူ မတွေ့ချင်ဘူး အသက်ရှူရတာမကောင်းလိုက်တာဗျာ ရင်ထဲမှာမွန်းကျပ်နေတာပဲ
"သဲရေ မထသေးဘူးလား ထတော့လေကွာ ဒီနေ့နည်းနည်းစောစောသွားရအောင်"
"အင်း ငါထပါပြီ ခဏနေလာခဲ့မယ်"
"အင်းမြန်မြန်နော်"

"သားဂျောင်ကု ဂျင်လေးရောတစ်ခါတည်းမခေါ်ခဲ့ဘူးလား မနက်စာပြင်ပေးထားတယ်"
"ခေါ်ခဲ့တယ်မာမီခဏနေလာခဲ့မယ်တဲ့"
"ဒီနေ့သားကြည့်ရတာတက်ကြွနေတာပဲ "
"ဒီလိုပါပဲမာမီကလဲ"
"ဟော ဂျင်လေး လာပြီလား မနက်စာ စားမယ်ထိုင်လေသား"
"ဂျင်မစားတော့ပါဘူးတီလေး"
"ဟျောင့် ညကလဲမစားဘူး မစားလို့မရဘူးနော်စားရမှာ"
"ငါတစ်ကယ်စားချင်စိတ်မရှိလို့ပါ ရင်ထဲပြည့်ကျပ်နေလို့"
"ဘယ်လို"
"ရင်ပြည့်နေသလိုဖြစ်နေတယ်ပြောတာ"
"အင်း မင်းမစားရင်ငါလဲမစားဘူး မင်းစားချင်မှလမ်းရောက်မှတစ်ခုခုစားကြတာပေါ့"
"ငါမစားတိုင်းမစားလို့မရဘူးလေ ကူးးးငယ်ရယ် စားလိုက်ပါနော်"
"အမှန်ပြောရင် ငါလဲအပျော်လွန်နေတာစားချင်စိတ်မရှိဘူး ကျောင်းပဲသွားကြမယ်နော်"
"ဟိုကလေးနှစ်ယောက်တိုးတိုး တိတ်တိတ်နဲ့ဘာတွေပြောနေတာလဲစားမှာလား မစားဘူးလား"
"မစားတော့ပါဘူးတီလေး"
"ငါသားတွေကျောင်းသွားတော့မလို့လား"
"ဟုတ်ကဲ့ဒယ်ဒီ"
"စောလှကြီလား အရင်ကအဲ့လောက်စောမသွားကြပါဘူး"
"ဒီနေ့ ကဆရာကစောစောခေါ်ထားလို့ပါ သိတယ်မလားသားက စံပြကျောင်းသားဆိုတော့လေ"
"ဟုတ်ပါပြီ သွားကြတော့ ဂရုစိုက်သွား"
"ဟုတ်ကဲ့အန်ကယ်/ဟုတ်ကဲ့ဒယ်ဒီ"

"ဂျင်ဘာလို့ငြိမ်နေတာလဲ မျက်နာလဲမကောင်းဘူး ရင်ပြည့်နေတာတော်တော်ဆိုးနေတာလား"
"မဆိုးပါဘူးရပါတယ်"
"အင်း အရမ်းဆိုးရင်ငါ့ကိုပြောနော် အိမ်ပြန်နားရအောင်"
"အင်း"
"ခဏနေရင် ငါ့ရဲ့ပုပုသေးသေးလေးလာတော့မှာ ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာကြည့်ထား"
"ကူးငယ်"
"ဟင်"
"ပုပုသေးသေးလေးတွေကမင်းရဲ့Typeလား"
"အဲ့ဒါတော့ငါသေချာမသိဘူး ငါဘယ်လိုTypeမျိုးကြိုက်လဲတော့မသိသေးဘူး ဒါပေမဲ့"
".........."
"ဒါပေမဲ့ မင်းစီမှာရှိနေတဲ့လက်ကောက်ကောက်လေးတွေမြင်တိုင်ငါသဘောကျတယ် မင်းလိုနှာတံစင်းစင်းလေးရှိတဲ့သူတွေကိုလဲသဘောကျတယ် မင်းလိုမျက်တောင်စင်းစင်းလဲရှိတဲ့သူတွေကိုလဲငါသဘောကျတယ် မင်းလိုရှက်တက်ရင်နားရွက်ကလေးရဲသွားတဲ့သူတွေကိုလဲသဘောကျတယ် ပန်းနုရောင်သန်းနေတဲ့ပါးပြင်မို့မို့လေးတွေကိုငါသဘောကျတယ် နောက်ပြီးးးးမင်းရဲ့နှုတ်ခမ်းကိုလဲငါ...... သဘောကျတယ် ငါပြောချင်တာက ကွာငါ့သူငယ်ချင်းမင်းက အတူနေလာတာကြာတော့သဘောကျတဲ့ပုံစံမျိုးပါ"
".............."
သူငယ်ချင်းတဲ့လားကူးငယ်ရယ် ငါကပဲမင်းမသိအောင်မင်းအပေါ်မှာမရိုးသားတွေစိတ်တွေဒလဟောပေးမိနေတာပဲ
"ကိုကို"
"အာ ရောက်လာပြီလား ကိုယ်စောင့်နေတာ"
"ဟုတ်လားsorryနော် နည်းနည်းနောက်ကျသွားတယ်"
"ရပါတယ် Jiဘာစားပြီးပြီလဲ"
"jiအိမ်ကစားလာပါပြီ"
"အင်း မိတ်ဆက်ပေးရအုံးမယ် ဂျင် ဒါကJiminတဲ့ဒါက ကိုယ့်သူငယ်ချင်းKim Seok Jinတဲ့"
"အင်း တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်"
"စကားနည်းတယ်နော်ဆော့ဂျင်က"
"ဟုတ်တယ်သူကအဲ့လိုပဲ"
"အင်း Jiဒီနေ့သွားစရာရှိလို့အဲ့ဒါကိုကိုလိုက်ပေးမယ်မလား"
"ရတာပေါ့ကိုယ့်ရဲ့ပုပုသေးသေးလေးအတွက်ပဲဟာ"
"ဟာ ဘယ်လိုပြောနေတာလဲ ဆော့ဂျင်ရှိနေတာကို"
"ဘာမှမဖြစ်ပါဘူး Jiရဲ့"
"Jiနဲ့ကိုကိုနဲ့ကလိုင်းပေါ်မှာဆုံကြတာအမေရိကားမှာနေတာလေJiက ပြန်ရောက်တာဟိုတစ်နေ့ကပဲရှိသေးတာ ဂျောင်ကုကိုခင်သလို Jiကိုလဲခင်ပေးနော်"
"ဟုတ်"
လိုင်းပေါ်မှာဆုံတာတဲ့လား သူနဲ့ပက်သတ်ပြီးငါ့ကိုအသိတောင်မပေးဘူး ကူးငယ်ရယ်တော်လိုက်တာ ငါ့နှလုံးသားကိုကြေမွနေအောင်လုပ်နိုင်တာပဲ
"သွားရအောင်လေ ကိုကို "
"ဂျင် ငါဒီနေ့အတန်းမတက်တော့ဘူးနော်အဆင်ပြေတယ်မလား ကျောင်းဆင်းချိန်မှီအောင်တော့ပြန်လာမှာပါ ငါ့ကိုစောင့်နေနော်"
"အင်းပါ ဂရုစိုက်သွားနော်ကူးငယ်"
"အဲ့ဒါမင်းကိုပြောရမှာ ဂရုစိုက်နေနော်ဘယ်မှမသွားနဲ့ တစ်ခုခုလဲဝယ်စားထားအုံး"
"ကိုကိုသွားရအောင်လို့"
"ကိုယ်သွားပြီနော်ဂျင်"
"အင်း"
"ဘာတွေငေးကြည့်နေတာလဲအရုပ်ကလေး"
"ဟင် မင်းက"
"မမှတ်မိတော့ဘူးလား ညကပိုက်ဆံချေးတဲ့တစ်ယောက်လေ"
"ေအာ် ဒါနဲ့ဒီကျောင်းကလား"
"မဟုတ်ပါဘူး ကိုယ့်ဦးလေးစီလာတာ အမှတ်မထင်အရုပ်ကလေးကိုတွေ့လိုက်လို့"
"အော်"
"ထွက်သွားတဲ့ကျောပြင်နှစ်ခုကိုငေးပြီး စိတ်ညစ်နေမဲ့အစား ပျော်ပျော်နေပါအရုပ်ကလေးရယ်လူတိုင်းဒီလို ခံစားဖူးကြပါတယ်"
"ဂျင်ကအဲ့လောက်တောင်ရုပ်ပျက်သွားတာလား"
"မဟုတ်ပါဘူးအရုပ်ကလေးရယ် ကိုယ်ခံစားကြည့်တာပါ"
"ထားပါ ဂျင်အခန်းထဲသွားတော့မယ်"
"နေအုံးလေ ကိုယ့်စီကပိုက်ဆံယူသွားအုံး"
"ရပါတယ်မယူတော့ပါဘူး"
"ကိုယ်မင်းနဲ့ခင်လို့ရမလားအရုပ်ကလေး"
"..........."
"ကိုယ်တကယ်စိတ်ရင်းနဲ့ပါ"
"အင်း ခေါ်ပြော​ေလာက်တော့အဆင်​ပြေပါတယ်"
"ရပါတယ် ခေါ်ပြောအဆင့်ထားလဲ ကိုယ့်နာမည်က ကင်မ်ထယ်ယောင်ပါ"
"ကင်မ်ဆော့ဂျင် "
"ကိုယ်မှတ်ထားပါ့မယ်"
"ဂျင်အခန်းထဲသွားတော့မယ်"
"ဟုတ်ပါပြီဗျာ "
ကူးငယ် မင်းမသိအောင်ငါသူငယ်ချင်းထားတာမဟုတ်ပါဘူး မင်းတောင်ငါ့ထက်သံယောစဥ်ရှိမဲ့သူနောက်ငါ့ကိုထားပြီးသွားနေသေးတာ ငါလဲဒီလိုသူငယ်ချင်းတစ်ယောက်လောက်ထားတာတော့ဘာမှမဖြစ်လောက်ဘူးထင်ပါတယ်

L.O.V.EWhere stories live. Discover now