part17

761 96 23
                                    

ဒီတိုင်းနေလို့လဲမဖြစ်ဘူးဒီနေ့ကယောင်းငယ်စီမှာအလုပ်ဆင်းရမဲ့နေ့လေ မေမေ့ကိုကူညီဖို့စာစောထရမယ်ပြီးရင်ယောင်းငယ်စီသွားရမယ်အလုပ်ထဲမှာအာရုံစိုက်နေရင်တော့တစ်ယောက်သောသူကိုခဏတာမေ့နိုင်ကောင်းပါရဲ့ အင်းးးအရင်ကသူ့ရင်ခွင်ထဲက နိုးထနေကျဆို​ေတာ့ အကျင့်ပါသွားတယ်ထင်ပါရဲ့ အခုတော့ မနက်ခင်း အာရုဏ်သစ်ကဂျင့်အတွက်တော့စိတ်ပျက်စရာပါပဲ
"​​မောနင်းပါမေမေ"
"မောနင်းပါကွယ် အစောနိုးလာတာလား ဒါမှမဟုတ်အိပ်မပျော်တာလား"
"ဂျင်အိပ်ပျော်ပါတယ်မေမေရဲ့ ဒီနေ့ယောင်းငယ်စီမှာအလုပ်စဆင်းမလို့အစောထလာတာ"
"သားရယ် အဆင်ပြေရဲ့လားအလုပ်ဆင်းဖို့က မေမေ့သားလေအဆင်သင့်မဖြစ်သေးရင်"
"ဟုတ် သားအဆင်ပြေပါတယ်မေမေရယ် သားအလုပ်တွေလုပ်မှဖြစ်မယ်မဟုတ်ရင် သူပြန်လာတဲ့အချိန်ထိ ဒီအိမ်ကမထွက်နိုင်ပဲ ဖြစ်လိမ့်မယ်"
"သားက ဒီအိမ်ကထွက်သွားဖို့ဆုံးဖြတ်ချက်ချပြီးပြီလား"
"သားဆုံးဖြတ်ချက်ချပြီးပြီမေမေ ဂျင်ဒီကထွက်မသွားရင် ဂျင်ရောမေမေရော နာကျင်ရလိမ့်မယ် အရင်ကဒီအိမ်မှာမျှော်လင့်ချက်လေးနဲ့နေနေတာပါ အခုမျှော့်လင့်ချက်လဲမရှိတော့ဘူးဆိုတော့ ဒီအိမ်မှာနေပြီးသူပြန်ချစ်ဖို့မဆုတောင်းတော့ဘူး အတိတ်ကပါလာတဲ့ အကုသိုလ်ကံဝဋ်ကြွေးတွေကအတော်များတယ်ထင်ပါရဲ့ ပေးဆပ်ခြင်းနဲ့ချစ်တာတောင်အကျိုးမပေးဘူးငေးကြည့်ချင်ရင်တောင်အနီးမှာမရှိတဲ့ဘဝမိုလို့ သားဒီနွံထဲကရုန်းထွက်ဖို့ဒီအိမ်ကြီးကိုခြေကန်မှရမယ်မေမေ သားကိုနားလည်ပေးပါ"
"ေအာ် သားငယ်ရယ်.....မေမေ့သားလေးက ကံကောင်းမှာပါအားမငယ်နဲ့နော်"
"ထားပါ​ေတာ့ မေမေCoffeeမဖျော်ရသေးဘူးမလား သားဖျော်လိုက်မယ်လေနော်"
"အေးအေး"
"ဟော သားဂျင်နိုးလာတာလားကွ"
"ဟုတ်ကဲ့အန်ကယ် "
"ဘာလဲသားမေမေကိုကူညီဖို့လား"
"ဟုတ် နောက်ပြီးဒီနေ့ဂျင်အလုပ်ဝင်မှာမလို့ပါ"
"ဟေ ဘယ်သူစီလဲသားရ "
"ဂျင့်သူငယ်ချင်းရဲ့ကုမ္ပဏီမှာပါအန်ကယ်လေး"
"အန်ကယ့်ကိုကုမ္ပဏီနာမည်ပြောပြပေးလို့ရမလား "
"ဟုတ်ကဲ့အန်ကယ်V STAR Group လို့တော့ ပြောတာပဲ"
"ဟေ ကမ္ဘာကျော်ပဲ သားက အဲ့ကုမ္ပဏီကိုမရောက်ဖူးဘူးလား ထင်တာပဲဆိုတော့"
"ဂျင် အလုပ်ကိုသွားမလျှောက်ပါဘူး အိမ်ကနေပဲဒီတိုင်းလုပ်ချင်တယ်ပြောလိုက်တာ သူ့ကုမ္ပဏီနာမည်တောင်သူပြောလို့သိရတာ ဂျင်မမေးဖြစ်ဘူး"
"ဟေ ဟုတ်လား ဒါနဲ့ဘာလုပ်ရမှာလဲဘာရာထူးလဲ"
"အတွင်းရေးမှူး"
"အတွင်းရေးမှူးဟုတ်လား အန်ကယ်တော့စိတ်ဝင်စားနေပြီ"
"ဟုတ်ကဲ့အဲ့ကုမ္ပဏီရဲ့CEO ကင်မ်ထယ်ယောင်းရဲ့အတွင်းရေးမှူးပါ"
"အဟင်းးးငါ့သားက ကံကောင်းတာပဲ အဲ့ကုမ္ပဏီကသူဌေးလေးကမာနကြီးတယ်ပြောတယ်အလုပ်ကိုလဲ​သေသပ်တယ်တိကျတယ် အပေါင်းအသင်းဆိုတာလဲမရှိဘူးတဲ့အခုတော့ငါ့သားသူငယ်ချင်းဖြစ်နေတာကို"
"ဟုတ်ကဲ့"
"အန်ကယ်ကစပ်စုတယ်မထင်ပါနဲ့မင်းရဲ့ညီလေးကသိတယ်မလား ဂျင့်ကိုအလုပ်မခိုင်းပါနဲ့ဂရုစိုက်ပါ ဘာဖြစ်ဖြစ်သူ့ကိုအသိပေးပါနဲ့မှာသွားတော့စိတ်ချရအောင်မေးကြည့်တာVမှာအလုပ်ရတာဆိုတော့လဲစိတ်ပူစရာမလိုပါဘူး"
"ဟုတ်ကဲ့ပါအန်ကယ်လေးဂျင်ကလဲမပြောပြတာမဟုတ်ပါဘူးအခုမှအလောတကြီးဖြစ်သွားလို့ပါအရင်ရက်တွေကသားနည်းနည်းရှုပ်ထွေးနေလို့ပါ"
"ဟုတ်ပါပြီကွယ်"
"ဒါနဲ့အန်ကယ်လေးနဲ့တီလေးကအစောနိုးနေတာလား"
"ဟုတ်တယ်သားရေ လမ်းလျှောက်ပြီးပြန်လာတာ မင်းတီလေးကတော့ သားဂျင်မေမေနဲ့ချက်ပြုတ်ဖို့ထတာနဲ့တူတယ် နောက်ထပ်အကူနှစ်ယောက်လဲအန်ကယ်ခေါ်ထားတယ်"
"ဟုတ်ကဲ့ပါ အန်ကယ်လေး"

L.O.V.EWhere stories live. Discover now