Part7

768 85 13
                                    

ဒီနေ့နဲ့ဆိုကူးငယ်နဲ့မခေါ်တာသုံးရက်ရှိပြီ သူ့ကိုဂျွန်ဂျောင်ကုလို့နာမည်အပြည့်အစုံခေါ်ကတည်းက ဂျင့်ကိုသူကမခေါ်တော့ဘူးလေ ဂျင်ကမှားတာပဲဂျင်ပြန်ချော့မှာပါ အဲ့နေ့က ယောင်းငယ်ကိုသာ အိမ်လိုက်မပို့ခိုင်းခဲ့ရင်ကူးငယ်က ကျတော့်ကိုစိတ်ဆိုးမှာမဟုတ်ဘူးဟူးးးးးး
"သားဂျင် ဘာတွေသက်ပျင်းချနေတာလဲကွယ် "
"အာ မဟုတ်ပါဘူးတီလေးရဲ့ "
"​ဂေျာင်ကုလေးကိူအိပ်ယာသွားနှိုးပေးပါအုံးကွယ် အခုထိအိပ်ယာထမလာဘူး ကျောင်းသွားရမှာကိုနောက်ကျနေတော့မှာပဲ ဒီကလေးပုံစံပျက်နေတာသုံးရက်လောက်ရှိနေပြီ"
"ဟုတ်ကဲ့တီလေး ဂျင်သွားနှိုးလိုက်ပါအုံးမယ်နော်"
"အေးအေး"

ငါတံခါးမခေါက်ပဲဝင်လိုက်ရင်ကောင်းမလား တံခါးခေါက်ပြီးမှဝင်ရမလား ကူးငယ်နဲ့စကားမပြောဖြစ်တဲ့သုံးရက်အတွင်းမှာ အရမ်းဝေးကွာသွားသလိုခံစားရတာ အခုလဲ သူ့ကိုသွားနှိုးမှ ဂျင့်ကို စိမ်းကားနေရင် ဂျင်ပဲခံစားရမှာ ဒါပေမဲ့ သူကျေနပ်အောင်ထိချော့ဖို့က ဂျင့်တာဝန်ပါ ဘာပဲဖြစ်ဖြစ် ဝင်သွားလိုက်မယ်ကွာ
ကျွီ.......
"ကူးငယ် ထတော့လေ ကျောင်းသွားရမှာမလား"
"ကူးငယ် ထတော့နော် အရမ်းနောက်မကျစေနဲ့လေ ကူးငယ်ကထူးချွန်ကျောင်းသားလေ နောက်ကျလို့လဲမကောင်းဘူးလေ ကူးငယ် ဂျင်တောင်အဆင်သင့် အင့်!!"
"ဘာ ဘာလုပ်တာလဲကူးး"
"ရှူးးးတိုးတိုးနေ အိပ်နေတယ်လေ"
"ဟို ကူးငယ် မထချင်ရင်ဆက်အိပ်အုံးလေ ဂျင့်ကိုတော့လွှတ်ပေးပါအုံး "
"ငြိမ်ငြိမ်လေးနေပေးပါလားဗျာ ငါးမိနစ်လောက်ကလေးပါ ကိုယ်အိပ်မရတာသုံးညရှိပြီ အခုငါးမိနစ်လောက်တော့ အိပ်ခွင့်ပြုပါကွာ"
"ဘာလို့လဲ ကူးငယ် ဘာလို့မအိပ်တာလဲ"
"ဘေဘီလေးကို အိမ်ကနှင်လွှတ်လိုက်တာ စိတ်ဆိုးသွားလို့ ချော့နေရလို့"
"အော် "
အဟင်း နည်းနည်းလေး ဂျင့်ကိုဂျင် အထင်ကြီးမိပြီးတွေးလိုက်မိတာက တစ်မျိုး ကူးငယ်ဖြေသွားတာက တစ်မျိုး ကောင်းပါရဲ့
"ဂျင်"
"........"
"ကိုယ့်အချစ်လို့ဆို"
"ဟင် ပြော ပြောလေ"
"ဒီနေ့ကျောင်းမသွားနဲ့"
"ဟမ် မဖြစ်ဘူး​လေ ကူးငယ်ရယ် ကျောင်းက"
"ကိုယ်ခွင့်တိုင်ထားတယ် ဂျင့်အတွက်ပါ"
"ဘယ်လို ဘယ်တုန်းကလဲ"
"ညကတည်းက"
" ဘာလို့ကျောင်းပျက်ချင်တာလဲ ဂျီမင်လေးနဲ့ချိန်းထားလို့လား"
"ဂျင်နဲ့အိပ်ချင်လို့ သုံးညလုံးမအိပ်ရတာ အခုမှအိပ်ရလို့"
"ဟမ်"
"အိပ်တော့ကွာ ကိုယ်အိပ်သလို ကိုယ့်အချစ်လဲ​ပြန်အိပ်နော် ကိုယ်ဖက်ထားပေးမယ်"
"ကူးငယ်အိပ်ချင်တစ်ယောက်ထဲပဲအိပ်နေလေနော် ဂျင်ကတော့ထမှာဖြစ်မှာ"
"ဂျင်"
"ဟို ဂျင်ပြောတာ"
"ဘာမှမပြောနဲ့"
"လွှတ်အုံးလေကူးငယ် ဟို ဟို ကူးငယ်ရင်ဘတ်ပေါ်အိပ်နေရတော့ လေးနေမှာပေါ့"
"ဘာမှမလေးဘူး"
"မလေးရင်တောင် လူမြင်မကောင်းဘူးလေ"
"ဘာမှလူမြင်မကောင်းစရာမရှိဘူး ငယ်ငယ်ကလည်းဒီလိုပဲဟာ ကိုယ့်အခန်းလဲ မင်းက လွဲပြီးဘယ်သူမှ တံခါးမခေါက်ပဲမဝင်ရဲဘူး"
"အဲ့ဒါဆိုလဲ ကူးငယ်ရယ် တီလေးက နှိုးခိုင်း"
"ကိုယ့်အချစ် ကိုယ်ဒေါသထွက်နေပြီနော်"
"ေအာ် အင်းအင်း ဂျင်အိပ်မယ်နော် ကူးငယ်က ဒေါသမထွက်နဲ့နော် ဒီလိုလေးမျက်လုံးမှိတ်ရင်ရပြီမလား"
ကူးးငယ်ရေ ဂျင်တော့ရူးတော့မှာပဲ ကူးငယ်ပါးစပ်က**ကိုယ်**ဆိုတဲ့နာမ်စားလေးနဲ့ **ကိုယ့်အချစ်**ဆိုတဲ့အသံလေးကြောင့် အချစ်နွံထဲ ပိုနစ်မြုပ်နေရတယ် ဒီထက်မကပိုချစ်လာအောင် မလုပ်စမ်းပါနဲ့ကူးငယ်ရယ် သူ့ရင်ဘတ်လေးပေါ်ကနေတစ်ဆင့် သူ့ရဲ့ဘယ်ဘက်ဘေးကို ဖက်ခေါင်းအုံးလေးပမာ ဆွဲချပြီး ဂျင့်ကို ရင်ခွင်ထဲ ထည့်သိပ်ပေးတဲ့ကူးငယ်က ငယ်ငယ်ကအတိုင်းပဲ အချိန်တွေအကြာကြီးအထိ ဒီလိုပဲနေသွားချင်တယ်ကူးငယ်ရယ်

L.O.V.EWhere stories live. Discover now