Part5

832 103 14
                                    

"ကူးငယ်"
"ပြော ကိုယ့်အချစ်"
"ဂျင့်ကိုအပြင်လိုက်ပို့ပေးပါလား"
"ပြောပါအူံးကိုယ့်အချစ်လေးကဘယ်သွားချင်လို့လဲ"
"ဂျင့်ရဲ့ အသုံးအဆောင်တွေနဲ့လိုအပ်တာလေးတွေရှိလို့အဲ့ဒါသွားဝယ်ချင်လို့"
"Okလေ သွားမယ် ဒီနေ့ကကျောင်းလဲပိတ်တော့ ကိုယ်တို့နှစ်ယောက်လျှောက်လည်ကြတာပေါ့"
"ဒီနေ့ကူးငယ် ဘယ်မှသွားစရာမရှိဘူးမလား" "မရှိပါဘူးကွာ "
"အဲ့ဒါဆို ဒီနေ့ ဂျင့်ကိုအချိန်ပေးနော် "
"ကိုယ့်အချစ်သဘော"
"ကူးငယ်ကလဲဘယ်လိုတွေခေါ်နေတာလဲ"
"အာ ရှက်သွားတာလား ပါးလေးတွေနားရွက်လေးတွေရဲလာပြီ ဟား ဟား ချစ်ဖို့ကောင်းချက်ကွာ"
"ကူးးငယ်နော်"

"ကူးငယ် ဒီအင်္ကျီလေးယူရအောင်"
"ဂျင်ကြိုက်လို့လား ဂျင်ကြိုက်ရင်ယူလေ"
"မဟုတ်ဘူး ကူးငယ်နဲ့အတူဆင်တူလေးဝတ်လို့ရတယ်လေနှစ်ထည်ကဆင်တူလေးဆိုတော့ ကူးငယ်ကသဘောမကျလို့လား"
"ကိုယ်လဲသဘောကျပါတယ် ယူလိုက်လေ ဒီနေ့ကိုယ်က ဂျင့်ကိုစပွန်ဆာပေးမလို့"
"အာ မဟုတ်တာ ဂျင့်ဘာသာဝယ်မှာပါ"
"မဟုတ်တာကိုယ့်အချစ်ရာ ကိုယ်ဝယ်ပေးတာလေး ဒီတစ်ခါတော့လက်ခံပေးနော်"
"အင်းပါ"
"လက်ထဲကအထုပ်တွေကိုယ့်ကိုပေးလေ လေးနေရောပေါ့ "
"ရပါတယ်ကူးးးငယ်ရယ် ကူးငယ်လက်ထဲကအထုပ်တွေကများနေပြီဒါလေးကတော့ဂျင့်ဘာသာ သယ်ပါ့မယ်"
"ကိုကို"
"ဟင် Baby"
"ကိုကိုက shoopingထွက်လာတာလား"
"ဟုတ််တယ် ကိုယ်ဂျင်နဲ့အတူဝယ်စရာရှိလို့"
"Shoppingထွက်မှာကို ဘေဘီကိုပြောမသွားဘူး ပြောရင်ကိုကိုနဲ့အတူ ဘေဘီပါလိုက်လို့ရတာပေါ့"
"အင်းသွားဖို့အစီအစဥ်မရှိပဲထွက်လာမိလို့ပါ"
"ထားပါ ဒါနဲ့ babyလက်ထဲမှာ အထုတ်တွေများနေလို့အဲ့ဒါ ဆော့ဂျင်ရှီ ကူပေးလို့ရမလား"
"ကိုယ်သယ်ခဲ့မယ်လေကွာ"
"ဟင့် အင် မရပါဘူး ကိုကိုလက်ထဲကအိတ်တွေပါ ဆော့ဂျင်ရှီကိုသယ်ခိုင်းလိုက် ဘေဘီက ကိုကိုနဲ့အတူ နေ့လည်စာသွားစားမလို့"
"ကိုယ် ကိုယ် သူ့ကို"
"သွားရအောင်လေနော်ကိုကို နော်လို့"
"ဂျင်"
"ပေးလေးအိတ်တွေပေးခဲ့ပြီ လိုက်သွားလိုက်ပါ"
"ဘေဘီအိတ်တွေလဲ ညမှကိုကိုလာပို့လေနော် ဆော့ဂျင်တစ်ခါတည်းယူသွားလိုက်"
"ဟုတ်"
"ဒီက အကိုတို့ယူထားတဲ့အင်္ကျီဆင်တူလေးရပါပြီ"
"ကိုကိုဝယ်ထားတာလား ဘေဘီနဲ့အတူဝတ်ဖို့လား"
"ဘေဘီအတွက်မဟုတ်"
"ဟုတ် ဟုတ်ပါတယ်ဂျီမင် ကူးငယ်ကိုယ်တိုင်ဝယ်ထားတာပါ"
"မလိုချင်ဘူးကိုကို ဘေဘီကဒီထက်ကောင်းတဲ့တံဆိပ်နဲ့အင်္ကျီတွေပဲလိုချင်တာ ဘေဘီနဲ့အတူတူသွားဝယ်မလား"
"..........."
"ဒါဆိုဒီအင်္ကျီတွေကို ဆော့ဂျင်ပဲယူလိုက်တော့နော် လာကိုကို သွားရအောင်"
"ဂျင် အဆင်ပြေမှာမဟုတ်"
"သူအဆင်ပြေပါတယ်ကိုကိုရယ် ဟုတ်တယ်မလားဆော့ဂျင်"
"ဟုတ်ပါတယ်ဗျ ဂျင်အဆင်ပြေပါတယ်"
"အင်းဒါဆိုကိုယ်လိုက်သွားမယ်နော်"
"အင်း"
ဒီတစ်ယောက်နဲ့ပက်သတ်ကတည်းက မင်းရဲ့ရွေးချယ်မှုက ငါမဟုတ်တော့ဘူးကူးငယ် ကြည့်ပါအုံး ဂျီမင်ကိုပြုံးပြနေတဲ့သူအပြုံးတွေကတောက်ပလိုက်တာ ဂျီမင်လေးကိုကြည့်နေတဲ့ ရီဝေတဲ့အကြည့်လေးတွေကလဲ ညှို့ဓာတ်ပါလိုက်တာ သူ့ဘေးမှာဂျီမင်လေးရှိရင် ကူးငယ်လေး ပျော်တက်ပြီထင်ပါရဲ့

L.O.V.EWhere stories live. Discover now