part18

817 98 13
                                    

"မင်းကို ကိုယ်ဘာပြောထားလဲဟမ် အဲ့ဒီကောင်နဲ့တွဲသွားတွဲလာလုပ်တာတောင်မကြိုက်ပါဘူးဆိုနေမှ ကိုယ်အချစ်ရာ"
"မဟုတ်ပါဘူးကူးးငယ်ရယ် ဂျင်အလုပ်လုပ်ချင်လို့ပါ"
"ဒယ်ဒီစီမှာလုပ်လေ"
"ဂျင်အလုပ်သင်ရုံပါ စိတ်မဆိုးပါနဲ့ကူးငယ်ရယ်"
"မကြိုက်ဘူးအလုပ်ထွက်"
"အဲ့ဒါတော့"
"ကိုယ့်အချစ်က အရာအားလုံးထက် ဒီက ကူးငယ်လေးကိုဦးစားပေးမယ်မလားဟင်"
"အင်းဂျင်စဥ်းစားပါအုံးမယ်"
"အဲ့ဒါကြောင့် ကိုယ့်အချစ်ကိုချစ်နေရတာ"
"ဟမ်"
"ဟိုနေ့က ဘာလို့ဖုန်းချပြစ်တာလဲ သူနဲ့ကိုယ်နဲ့က အတူမအိပ်"
"ဟို ကူးငယ်နေကောင်းတယ်မလား"
"အမ် ကောင်း ကောင်းတယ်လေ ဘာလို့အလောတကြီးဖြတ်မေးတာလဲ ဖုန်းစပြောကတည်းက မမေးပဲနဲ့ နေကကောင်းတယ် မင်းကိုလွမ်းတာကလွဲရင်"
"ကူးးငယ်ကတော့လေ😊😊"
"မပြုံးနဲ့အဲ့လို"
"ဟင် ဘာလို့လဲ"
"သဝန်တိုလို့ ကိုယ့်သူငယ်ချင်းကိုတစ်ခြားကောင်တွေကြည့်မှာမကြိုက်လို့"
"အော်"
"ဒါပေမဲ့ကိုယ့်ရှေ့မှာတော့ပြုံးလို့ရတယ်နော်"
"ကူးပေါက် အရူးလေး"
"လွမ်းတယ် အဲ့လိုလေးခေါ်ပြီးစိတ်ဆိုးပြတဲ့ကိုယ့်အချစ်မျက်နာလေးကို ပြီးတော့နမ်းချင်တယ်"
"ကူး ကူးငယ်ကလဲ ဘာတွေပြောနေတာလဲ "
တောက်စ် အမျိုးယုတ်ဆော့ဂျင် ငါ့ကိုကို ကိုမြှူစွယ်နေတာ ပြောတော့ရိုးသားပါသလေး ဘာလေးနဲ့ ဟက် ငါ့အကြောင်းသိရသေးတာပေါ့ ကိုကိုနဲ့ ဒီညDateမယ်ဆိုလာတာ သူတို့အတွက်အနှောက်အယှက် ဖြစ်သွားမလား အဟက် ဒီလိုနူးနူးညံ့ညံ့စကားတွေ ငါ့တောင်မပြောဖူးဘူး
"ကိုယ်လေ အခုချိန်မှာအဖြစ်ချင်ဆုံးဆန္ဒပြောပါဆိုရင် မင်းကိုလေ ရင်ခွင်ထဲ ထည့်ပြီးဖက်အိပ်ချင်တာ် မင်းပါးလေးကိုနမ်းချင်တယ် ပြီးတော့"
"ကူးငယ် ညစာ စား စားပြီးပြီလား"
" ကျစ်  မပြီသေးဘူး"
"အဲ့ဘက်မှာအေးနေပြီထင်တယ်ဂရုစိုက်နော် နွေးနွေးထွေးထွေးနေနော် အအေးမမိစေနဲ့"
"သိတယ်"
"ဟမ် ကူးငယ်ကစိတ်ဆိုးနေတာလား"
"မဆိုးဘူး ခင်ဗျားသာဂရုစိုက်"
"ဟုတ်ကဲ့ပါဗျ"
"မနောက်နဲ့ကိုယ့်အချစ် "
"ခစ် ခစ် ခစ် ကူးပေါက်လေး"
"အလုပ်ထွက်ဖို့စဥ်းစားထား အဲ့ကောင်ပေးတဲ့လစာထက် ကိုယ်ပေးမယ်"
"အင်းပါ သူဌေးလေးရာ"
"အတည်ပြောနေတာ"
"ကူးငယ်"
"ဗျာ"
"Goodnightနော်"
ရပြီဒီလောက်ဆိုအလွမ်းပြေပြီ ကူးငယ်နားပါစေတော့လေ
"ဟင် အိပ်တော့မလို့လား အစောကြီးရှိသေးတယ်လေ"
"ကူးငယ်တို့နဲ့အချိန်မတူဘူးလေ"
"အာ ဟုတ်သား"
"အင်း"
"ဘယ်လို လုပ်မလဲ ကိုယ်ဖုန်းမချချင်သေးဘူး ပြီးတော့ ဒီနေ့ညက ဘယ်လိုကြီးလဲမသိဘူးရင်ထဲလေးလေးကြီး ပြီးတော့ ကိုယ့်အချစ်ကို ပိုလွမ်းနေတယ် ဖြစ်နိုင်ရင် ကိုယ်မင်းကိုအပြေးလာဖက်ထားချင်တယ်"
"အင်းအတူတူပဲ"
"ဟင် အတူတူပဲလို့ပြောလိုက်တာလား"
"ကိုကို"
"ဟင် ဘေဘီ ဘယ်တော့ကရောက်နေတာလဲ"
"အခုပဲရောက်လာတာ ဒီညကိုကိုနဲ့အတူတူအပြင်ထွက်Dateမလို့လေ နေ့တိုင်းဘေဘီတို့နှစ်ယောက်အခန်းထဲမှာကြီးပဲဆိုတော့"
"ဘေဘီ!!!"
"အို့....sorryဆော့ဂျင်နဲ့ဖုန်းပြောနေတာလား နေကောင်းတယ်မလားဆော့ဂျင်"
"ဟုတ် ကောင်းပါတယ် ကူးငယ် ဂျင်ဖုန်းချလိုက်တော့မယ်နော်"
"ကိုယ်.....ကျစ်"
"Gnဆော့ဂျင်"
"ဟုတ်ကောင်းသောညပါဂျီမင်ရှီ"
တီ.......လုံးဝကိုဖုန်းချပြစ်တာပဲ အရမ်းလွမ်းနေခဲ့ရတာဒီအသံလေးကိုကြားရဖို့ ကိုယ့်အချစ်ရယ် ကိုယ့်ကိုကိုတောင်ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး
"ကိုကို"
".........."
"ဘေဘီတို့အပြင်သွားရအောင်လေ"
"မသွားတော့ပါဘူးဘေဘီရာ"
"ကိုကိုနေမကောင်းလို့လား"
"ကောင်းပါတယ်"
"ဘေဘီတို့အရင်လိုပဲ ပြန်နေကြရအောင်လေနော် ဘေဘီမှားခဲ့တာတွေအတွက်လဲတောင်းပန်ပါတယ်"
"ဘေဘီတောင်းပန်စရာမလိုပါဘူး ကိုယ်လဲစိတ်ရှုပ်နေခဲ့လို့ မင်းကိုအော်မိခဲ့တာပါ"
"ဟုတ်တယ်ဘေဘီတို့နှစ်ယောက်ညှိညှိနှိုင်းနှိုင်းနဲ့နေကြမယ်လေ ေဘဘီကြောင့် ကိုကိုလဲစာကိုအာရုံမစိုက်ရဘူးတောင်းပန်ပါတယ် ဘေဘီအချိုးပြင်ပါ့မယ်"
"ရပါတယ်ဘေဘီရာ ကိုယ်တို့နှစ်ယောက်ကြားမှာပြောစရာမလိုပါဘူး"
"ကိုကို"
"အင်း"
"ဘေဘီတို့ ဒီနှစ်တွေအတွင်းမှာ ကိုကိုကစာကိုပဲအာရုံစိုက်ပြီးအောင်မြင်ဖို့အတွက် မိဘတွေသူငယ်ချင်းတွေမိတ်ဆွေတွေကိုအဆက်အသွယ်ဖြတ်ပြီး ကြိုးစားကြမလား "
"အဲ့လိုကျ ကိုယ်.... "
"ကိုကိုရယ် အဲ့လိုပဲလုပ်ရအောင်ပါနော် ကိုကိုဘေးမှာ ဘေဘီတစ်ယောက်လုံးရှိနေတာပဲ မိဘတွေကိုတော့တစ်ခါတစ်လေဆက်သွယ်ပေါ့"
"........."
"ကိုကိုအောင်မြင်မှရမှာလေ ဒါမှ ဟန်ဂုကိုမြန်မြန်ပြန်နိုင်ပြီး ကိုကိုဂရုစိုက်ချင်သူတွေကိုဂရုစိုက်လို့ရမှာ"
"ကိုယ်စဥ်းစား"
"မစဥ်းစားပါနဲ့တော့ကိုကိုရယ် ဘေဘီပြောသလိုပဲလုပ်ပါတော့နော်"
"အင်းပါ"
"ကိုကိုဖုန်းပေး ကဒ်တွေပါ ဖြုတ်ပြီး ဘေဘီတို့အစကနေအများပြီးကြိုးစားရအောင်"
"နောက်နေ့မှဖြုတ်ပါလားဘေဘီရယ်ကိုယ်...."
"ကိုကိုကလဲ အခုဖြုတ်လိုက်ပါနော် ဘေဘီကိုချစ်တယ်မလားဟင်"
"အင်းပါ"
အဲ့နေ့က ဆက်သွယ်မှုလေးဟာနောက်ဆုံးဆိုတာသိခဲ့ရင် ဂျင်ရော ကူးငယ်ရော ဖုန်းချပြစ်ခဲ့ပါ့မလား........

L.O.V.EWhere stories live. Discover now