part10

881 115 12
                                    

ကျစ် ဘောလုံးမှန်ရုံနဲ့ နောက်ကျောတစ်ခုလုံးအိပ်မရအောင်စပ်ဖျင်းဖျင်းဖြစ်နေတာတော့မဟုတ်သေးဘူး ငါယောကျာ်းပါ ဒီလောက်အသဲနုမနေဘူး အသားအရည်ကလဲ ဆိုးချက် ဘာနဲ့ထိမိထိမိတန်းယောင်လာတာတွေရဲတာတွေကိုမကြိုက်တာ ဗိုက်အောင့်တာရပ်နေလို့ကျန်းကျန်းမာမာနေရမယ်မရှိဘူး နောက်ကျောကနာလာပြန်ပြီ ဟူးးးခက်ပါရဲ့ ဒါပေမဲ့လဲ ကိုယ်ချစ်ရတဲ့သူအတွက်ဒီလောက်ကလေးကတော့အေးဆေးပါ ယောင်းငယ်ဝယ်ပေးလိုက်တဲ့ဆေးတွေနဲ့ဆို ပျောက်မှာပါ
"ဂျင် "
"ဂျင်ရေ🏃🏃"
"ဆော့ဂျင်"
"ဟဲ့ ဟဲ့ သားရယ်ဖြေးဖြေးပေါ့ ဂျင်လေးကရှိပါတယ် အပေါ်ထပ်မှာ ဘာတွေအဲ့လောက်လောကြီးနေတာလဲ"
"ဂျင်ရေ"
"မေးတာလဲမဖြေဘူးခက်ပါရဲ့ ဒီကလေးတွေနဲ့တော့"
"ဂျင် ကိုယ်ဝင်လာပြီနော်"
"အာ ကူးငယ်"
"ဘာလို့ငါခေါ်တာမထူးတာလဲ"
"ဂျင် မကြားလို့ပါ"
"အရမ်းနာသွားလား"
"ဘာကိုလဲ"
".........."
"ဘောလုံးကြောင့်လား ဟား ဟား ကူးငယ်ရယ် မနာပါဘူး ကူးငယ်သူငယ်ချင်းကယောကျာ်းလေးတစ်ယောက်ပါနော်ဒီလောက်ကလေးတော့အေးဆေးပဲ"
"ဟုတ်လို့လား မနာတာ"
"ကဲ ခက်ပြီ ဂျင်ကမနာတာကို ကူးငယ်ကအတင်းနာခိုင်းနေတယ်"
"ဘာလို့ အစားဝင်ခံတာလဲ"
"ကိုယ့်ရှေ့မှာ ကိုယ်ချစ်တဲ့သူနာကျင်ရမှာကိုကူးငယ်ကလက်ခံသလား ကိုယ်ချစ်ရတဲ့သူနာကျင်တာက ကိုယ်ကိုတိုင်နာကျင်ရတာထက်ပိုဆိုးတယ်ကူးငယ် ဒါတောင် အပြင်ကဒဏ်ရာကိုပဲပြောသေးတာနော်"
"ဘယ်လို ဂျင် ဘာကိုပြောချင်တာ"
"အာ ကူးငယ်ကလဲ ကူးငယ်လိုဂျင့်အပေါ်အရမ်းကောင်းပြီး ညီအကိုလိုချစ်ရတဲ့ကူးငယ်နာကျင်မှာမကြိုက်တာပြောတာ ရှင်းပြီလား"
"ဟုတ်တယ်ဂျင် မင်းအခုလိုအစားဝင်ခံတာမင်းနာသွားတာထက်ငါကဘာလို့ပိုခံစားနေရပါလိမ့်အရမ်းပဲ ဟော ဒီကနေရာကအရမ်းနာနေတုန်းပဲ ဂျင်ဘောလုံးမှန်တဲ့အချိန်ကနေအခုထိပဲ ဘာလ်ု့ဆို မင်းကငါ့အချစ်ဆုံးသူငယ်ချင်းကို"
"ကူးငယ် ရယ်"
ဘယ်ဘက်ရင်အုံလေးကိုပုတ်ပြပြီး သူနာကျင်နေရကြောင်းပြောတဲ့ကူးငယ်ကြောင့် အရမ်းဝမ်းသာမိပေမဲ့ နောက်ဆဲက်တွဲ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ခေါင်းစဥ်အောက်ရောက်သွားတဲ့အတွက်တော့ ပိုနာကျင်လာရသလိုပဲ
"ဘာမှမဖြစ်တာသေချာတယ်နော်"
"ကူးငယ်"
"ဟင်"
"တကယ်လို့ ငါတို့နှစ်ယောက်ဝေးသွားခဲ့ရင် မင်းငါ့ကိုလွမ်းနေမှာလား"
"ဘာလို့ဝေးရမှာလဲ မရဘူးနော်ဂျင် မရဘူး ထွက်သွားခွင့်မပြုဘူး"
"ဂျင်ကသဘောပြောပြတာပါ ဒါပေမဲ့ ကူးငယ်ကနိုင်ငံခြားကိုထွက်သွားမှာလေ အဲ့အခါကျရင် ဂျင့်ကိုလွမ်းနေမယ်မလား"
"နိုင်ငံခြားသွားလဲ သုံးလေးနှစ်ပေါ့ လွမ်းတာတော့အရမ်းလွမ်းနေမှာသေချာတယ် မင်းမပါပဲကျောင်းသွားရတာတောင် ငါကလွမ်းနေတာ"
"အော် ........ကူးငယ်အိမ်ထောင်ကျသွားရင်ရော"
"အဲ့ဒါကျ.....အင်းးး🤔🤔🤔 ဂျင့်ကိုပါ တစ်ခါတည်းကိုယ့်အိမ်ကိုခေါ်ထားမှာ"
"ဘယ်လို ကူးငယ်က "
"​​ဟုတ်တယ်လေ ငါမှမခွဲနိုင်တာ"
"အတ္တကြီးလိုက်တာ ကူးငယ်ရာ"
"ဟုတ်တယ် ငါကမင်းနဲ့ပတ်သက်ရင်အတ္တကြီးတယ်ဂျင်"
"ဂျင်ကရော အိမ်ထောင်မပြုရတော့ဘူးလား"
"မပြုရဘူး တစ်သက်လုံးငါနဲ့ပဲနေ မင်းကို ငါလုပ်ကိုင်ကျွေးနိုင်တယ်"
"ဂျင်ချစ်တဲ့သူပေါ်လာရင်ရော"
"ကိုယ်ကလွဲပြီး ဘယ်သူမှမချစ်နဲ့ ကိုယ်ကမင်းကိုစောင့်ရှောက်နိုင်တယ်"
"ဟက် ကူးငယ်ကတစ်ကယ်ကိုအတ္တကြီးတာပဲ"
"........."
"ကူးငယ်ရဲ့အိမ်ထောင်ဖက်က ဂျင့်ကိုသဘောမကျရင်ဘယ်လိုလုပ်မလဲ"
"ငါကသေချာရှင်းပြမှာပေါ့ ဒါက ကိုယ်အရမ်းချစ်ရတဲ့အကိုတစ်ယောက်မလို့ မင်းကြည်ဖြူရမယ်ဆိုပြီး"
"ဟား ဟား ဟား "
"ဘာလို့ရယ်တာလဲ"
"သဘောကျလို့လေ ကူးငယ်က အရာရာကိုအလွယ်လေးထင်နေတာပဲ"
"...::....."
"နားတော့ကူးငယ် ရေချိုးပြီးဆင်းလာခဲ့ ညစာစားရအောင်"
"အင်း"
"သားညစာမစားရသေးလို့လား"
"ဟုတ်ကဲ့အန်ကယ်ကူးငယ်နဲ့အတူစားမလို့သူ့ကိုစောင့်နေလို့"
"အော် အန်ကယ်လဲသားတို့ကိုပြောစရာရှိတယ်"
"ဟုတ်ကဲ့အန်ကယ်လေး"
"ဒယ်ဒီ"
"သားငယ် လာပြီလား"
"ပြောစရာရှိလို့လားဒယ်ဒီ"
"အေးဟုတ်တယ် ဒီချိန်လောက်ပဲမင်းတို့နှစ်ယောက်နဲ့ဆုံတာလေ"
"ဟုတ်ကဲ့"
"ဘယ်လိုလဲ နိုင်ငံခြားသွားမှာသေချာပြီလား ကျောင်းပိတ်ဖို့လဲမလိုတော့ဘူးဆိုတော့ဒယ်ဒီစီစဥ်လိုက်ရ​တော့မလား"
"သေချာတယ်ဒယ်ဒီ စီစဥ်ပေးပါ"
"သားဂျင်ရော သားငယ်နဲ့အတူကျောင်းလိုက်တက်မလား ဒါမှမဟုတ် ဒယ်ဒီအလုပ်ထဲမှာပဲ အလုပ်ဝင်မလား "
"ဂျင် နိုင်ငံခြားတော့မလိုက်တော့ပါဘူး အန်ကယ်လေးအလုပ်ထဲဝင်မဲ့ကိစ္စကတော့ဂျင်စဥ်းစားပါ့မယ်"
"အေးကွာ မင်းတို့နှစ်ယောက်အမြန်လုပ်ငန်းခွင်ဝင်မှဖြစ်မယ် ဒါမှဒယ်ဒီကနားရမှာ သားနှစ်ယောက်ရှိပြီး ဒယ်ဒီအလုပ်လုပ်နေရတာတော့မဟုတ်သေးဘူး"
"ဟုတ်ကဲ့ဒယ်ဒီကျတော်နိုင်ငံခြားက ပြန်လာတာနဲ့ဒယ်ဒီအေးဆေးနေလို့ရပါပြီ"
"အေးပါအခုတော့ဒယ်ဒီလဲ နားတော့မယ်"
"ဟုတ်ကဲ့"
"ဂျင်"
"ပြောလေကူးငယ်"
"ဘာလို့နိုင်ငံခြားမလိုက်ချင်တာလဲ"
"အဟင်းးဂျင်ကကူးငယ်လေးလိုဘဝမဟုတ်ဘူးလေ ကျောင်းတက်နေတာနဲ့မေမေလဲအသက်ကြီးပြီလုပ်ကျွေးချိန်ရလိုက်မှာမဟုတ်ဘူး ဂျင့်အမေကိုတင့်တောင်းတင့်တယ်ထားနိုင်ဖို့ ဂျင်ကြိုးစားဖို့လိုပြီ အများကြီးမဟုတ်တောင်မေမေကို ကိုယ်ပိုင်အိမ်လေးနဲ့နားနားနေနေသက်သက်သာသာထားဖို့ကြိုးစားရအုံးမယ်"
"ဘာကိုလဲ ကိုယ်ပိုင်အိမ်လိုချင်တာဆိုရင် ငါဝယ်ပေးမယ်ကွာ မင်းနာမည်နဲ့ အဲ့လိုမကောင်းတဲ့စိတ်တွေဝင်မနေနဲ့"
"ကူးငယ်ရယ် ကူးငယ်နားမလည်ပါဘူး မေမေကိုဂျင်က ဂျင့်ချွေးနည်းစာလေးနဲ့ပဲသန့်သန့်လေးထားချင်တာ"
"ဒါဆိုဒယ်ဒီအလုပ်ကိုဝင်လေ ဘာလို့စဥ်းစားနေမှာလဲ"
"ကူးငယ်ရယ် ကူးငယ်နားမလည်သေးပါဘူး တစ်နေ့တော့ကူးငယ်နားလည်မယ်သိလာပါလိမ့်မယ်"
"နားလည်အောင်ရှင်းပြလေ ငါနားလည်မှ"
"ကဲ ကူးငယ် ဂျင်ပင်ပန်းနေလို့အိပ်တော့မယ်နော်"
"...:......."
မင်းအကြောင်းကိုငါနားမလည်တာငါမသိ​သေးတာရှိသေးတယ်လားဂျင်ရယ်

L.O.V.EWhere stories live. Discover now