part20

915 109 18
                                    

ဒီလိုအဝေးကိုရှောင်ပြေးခဲ့တာဟာ ဂျင်မှားလားမှန်လားမခွဲခြားတက်တော့ဘူး အခုဆို သူ့ရဲ့အငွေ့အသက်ရှိနေတဲ့အိမ်ကနေပြောင်းလာတာတစ်လပြည့်တော့မယ် ဂျင်ထွက်သွားတာသိရင် သူဆက်သွယ်လာမယ်ထင်ပြီးမျှော်ခဲ့ရတဲ့ရက်တွေကလဲမနည်းမနော သူ့အသံလေးခဏလောက်နောက်ဆုံးအနေနဲ့ကြားချင်ရုံပါ သူ့အငွေ့အသက်လေးရှိတဲ့နေရာမှာတောင်သူ့အခန်းထဲဝင်ပြီးအရမ်းလွမ်းလို့ငိုခဲ့ရတာအခုဆိုသူတို့ဘယ်လိုမှရှာလို့မရမဲ့နေရာလေးမှာ နေသားမကျပဲ ဂျင့်စိတ်တွေဗရမ်းဗတာဖြစ်နေတာရောဘယ်သူသိမှာတဲ့လဲ လွမ်းတယ်အရမ်းလွမ်းတယ်ကူးငယ်ရယ် ခဏလောက်ဖြစ်ဖြစ်မင်းအသံလေးကိုကြားချင်တယ် ငါနဲ့ဗိုက်ထဲကပိစိလေးဘဝကသနားဖို့ကောင်းလိုက်တာ လွမ်းခွင့်ပဲရှိပြီး တမ်းတခွင့်မရှိဘူး အခုလိုအချိန်မှာတောင် ပါးပါးကမင်းဒယ်ဒီလေးကိုပိစိလေးဘေးမှာခေါ်မထားပေးနိုင်တဲ့အတွက်တောင်းပန်ပါတယ်ကလေးလေးရယ် ပိစိလေးဒယ်ဒီနဲ့ပါးပါးက ဘဝကံလှသောမလှသောမပြောနဲ့ တစ်အိမ်ထဲနေတဲ့အချိန်တွေတောင် ဂျီမင်လေးရောက်ပြီးတဲ့နောက်ပိုင်း ဝေးကွာသွားလိုက်ပုံများ ကမ္ဘာခြားသွားသလိုပါပဲပိစိရယ် ပါးပါးအဖြစ်ကလေ ပိစိလေးဒယ်ဒီအပေါ်မှာ သက်ဆိုင်သူလို့လဲသတ်မှတ်လို့မရခဲ့ဘူး တစ်ဖက်သတ်အချစ်ဆိုတော့ ပေးဆပ်ခြင်းတွေ အခုလိုအလွမ်းတွေနဲ့သာ တစ်ခန်းရပ်နေခဲ့ရတာ ပါးပါးကလေ သူ့ကိုဘယ်လောက်ချစ်လဲဆို သူ့ဘက်က ချစ်ပိုင်ခွင့်လဲရှိတယ် မုန်းပိုင်ခွင့်လဲရှိတယ် ပါးပါးကတော့သူ့ကိုချစ်ပိုင်ခွင့်ပဲရှိခဲ့တာ သူ့ကိုတစ်ခြားတစ်ယောက်နဲ့မြင်တိုင်းမုန်းပြစ်လိုက်ချင်ပေမဲ့ပါးပါးမုန်းမရခဲ့ဘူး ဘာပဲဖြစ်ဖြစ်အချစ်ဟာအချစ်ပဲမလား ပါးပါးသူ့ကိုအရောင်တွေနဲ့ချစ်ကတည်းက မုန်းဖို့မှမဟုတ်ခဲ့တာ အဲ့တော့မုန်းလဲမမုန်းချင်ဘူး မုန်းလဲမမုန်းရက်ခဲ့ဘူး တကယ်တော့လေပါးပါးကပိုးဖလံလိုပဲ ပူမှန်းသိရက်နဲ့မီးထဲကိုအတင်းဝင်နေသလိုပဲ သူစိတ်ချမ်းသာအောင်လိုက်လျောညီထွေစွာလဲနေခဲ့တယ် တိတ်တဆိတ်လဲသူ့ကြောင့်နာကျင်ခဲ့ရတယ် မျက်ရည်တွေများစွာကျပြီးတော့လဲ လွမ်းနေရတယ် ရင်နင့်အောင်ခံစားရအောင်လဲသူလုပ်ခဲ့တယ် ဒါတောင်မှ ပါးပါးကလေ မင်းဒယ်ဒီရဲ့ အသိအမှတ်ပြုခြင်းကိုမခံရဘူး ဘာလို့ဆို မင်းဒယ်ဒီက စေ့စပ်ထားသူရှိနေလို့လေ အခုဆိုပါးပါးတို့ကသူနဲ့ဝေးရာကိုထွက်လာပြီ တစ်ခါမှသူနဲ့အကြာကြီးမခွဲဖူးဘူး သူနိုင်ငံခြားသွားတာတောင်ဖုန်းလေးတော့ဆက်ဖြစ်သေးတယ် အခုတစ်ခါပါးပါးသူ့စီကထွက်လာတာက တစ်နှစ်လဲဖြစ်နိုင်တယ် နှစ်နှစ် သုံးနှစ် ဆယ်နှစ် တစ်သက်လုံးလဲဖြစ်နိုင်တယ် ပိစိရယ် တောင်းပန်ပါတယ်ပါးပါးကအသုံးမကျလို့😢😢😢 ပိစိလေးဒယ်ဒီကိုမုန်းလို့ ပါးပါးကရှောင်ပြေးလာတာမဟုတ်ပါဘူးပိစိရယ် မဖြစ်နိုင်မှန်းသိလို့လှည့်ထွက်ရုံကလေးပါ မဖြစ်နိုင်တာမှန်းရင် ကိုယ်ပဲနာကျင်ရတာပိစိရ ဒါကြောင့်ပါးပါးက မင်းဒယ်ဒီထက်အရင် သူနဲ့အဝေးကိုထွက်လာခဲ့တာမဟုတ်ရင် သူက ပါးပါးတို့ကိုအရင်ထားပြီး သူ့ချစ်သူနဲ့လက်ထပ်မှာ😢😢😢
"သားဂျင် မအိပ်သေးဘူးလားသားရယ် ညတိုင်းဒီလိုနောက်ကျမှအိပ်နေရင်ဗိုက်ထဲက ကလးပါထိခိုက်နေမယ်"
"ဟုတ်သားအိပ်တော့မှာပါမေမေ"
"အင်းပါ"
"တောင်းပန်ပါတယ် ဂျင်တောင်းပန်ပါတယ်မေမေ သားကြောင့်အခုလို အခုလိုနေရာမှာ"
"သားရယ် မေမေကဘာမှမဖြစ်ပါဘူးအခုလိုအေးအေးချမ်းချမ်းလေးနေရတာလဲမေမေသဘောကျပါတယ် သားကအပြစ်မလုပ်ထားတဲ့အတွက်လဲတောင်းပန်စရာမလိုဘူးကြားလားမေမေ့သားလေး"
".........."
"သားအခုလိုထွက်လာမိတာနောင်တရနေသလား ဒါမှမဟုတ်မေမေ့သားက ပိုင်ဆိုင်ရဖို့ တစ်ခါမှမတွေးမိဘူးလား"
"မေမေရယ်သားနောင်တမရဘူး အခုလိုစောစောထွက်လာမှ သားခံစားရသက်သာမှာ နောက်ပြီးသူ့ကိုပိုင်ဆိုင်ဖို့သူစိတ်ညစ်အောင်လုပ်ဖို့မတွေးမိပါဘူး သူချစ်တဲ့သူနဲ့ပျော်ရွှင်နေတာမြင်ရတာကလဲ သားပျော်မိပါတယ် ပိုင်ဆိုင်ရမှာအချစ်မဟုတ်ပါဘူးမေမေရယ် သူစိတ်အနှောက်အယှက်မဖြစ်အောင် သူချစ်သူနဲ့ပျော်နိုင်အောင် သူ့အနားကထွက်ခွာပေးရဲတာလဲအချစ်ပါပဲ ဟောအခုတော့ဂျင်ဘဝလေးဘယ်လောက်အေးချမ်းလဲ မျှော်လင့်ချက်ကင်းကင်းလေးနဲ့ အေးအေးချမ်းချမ်းလေးချစ်နေရတာလေအဟင်းးး"
"သားရယ်သားအပြုံးတွေကအရင်လိုအသက်မပါလိုက်တာ မွေးထားတဲ့မေမေကသိတာပေါ့မေမေ့သားလေးရင်ထဲဘာတွေဖြစ်နေလဲဆိုတာ"
"အချစ်ရေးနဲ့ပတ်သတ်ရင် ကုသိုလ်နည်းခဲ့တဲ့သူမို့ အရာရာမပြည့်စုံတဲ့မေမေ့သားက သူ့ရဲ့အချစ်ကိုမရခဲ့ရုံပါမေမေရယ် ဂျင့်အတွက်စိတ်မပူပါနဲ့တော့ ဂျင်အဆင်ပြေပါတယ် မဖြစ်နိုင်ပဲအခုလိုဝေးရမှာအတူတူ သူနဲ့တွေ့ဆုံပေးတဲ့ကံကြမ္မာကိုသားအပြစ်တင်တယ်မေမေ ဘာလို့ဆိုကံကြမ္မာကသားကိုနောက်ပြောင်လွန်းတယ်မေမေရဲ့"
"သားရယ်"
"ထားပါ သားကြောင့်မေမေစိတ်ညစ်နေပြီ မေမေအိပ်တော့နော် ဂျင်လဲအိပ်တော့မယ်"
"ဟင်းးးအင်းပါမေမေ့သားကသန်မာပါတယ် ဖုန်းကိုပဲကိုင်ပြီးမအိပ်ပဲမနေနဲ့တော့ သူက ဖုန်းကဒ်တောင်ပြောင်းသွားပြီမလားသားငယ် "
"ဟုတ်ဂျင်အိပ်တော့မှာပါမေမေ"
ဂျင့်စီကိုဖုန်းမဆက်ချင်လောက်အောင် စိမ်းကားနေတဲ့ကူးငယ်လေးရယ် ဝင်မလာတဲ့ဖုန်းကောတွေကို မျှော်နေမိတဲ့ဂျင်နဲ့ပိစိလေးရယ် အချိန်တန်ရင်သူဖုန်းမခေါ်လဲနေသားကျမှာလို့တွေးနေတဲ့ငါ့ရဲ့စိတ်ကလေးရယ်က ရင်ဘတ်ထဲကတဆစ်ဆစ်နာကျင်အောင်တော့ကူညီပေးတယ်ကူးငယ်ရယ် မင်းဖုန်းမလာရင်မသိမှာဆိုးလို့မအိပ်ခဲ့တဲ့ညလေးတွေကလဲငါ့ကိုအဖော်ပြုပေးပါတယ် တစ်ညလောက်လေးပဲဖြစ်ဖြစ် အရင်တုန်းကလိုအပူအပင်ကင်းစွာအိပ်စက်နိုင်တဲ့ညလေးတော့ပြန်လိုချင်မိတယ် ညဘက်ရောက်ရင်ပြူးကျယ်လာတဲ့မျက်လုံးတွေကလဲဒုက္ခပေးလွန်းသလို အတွေးပေါင်းစုံတွေးနေတဲ့ငါ့စိတ်ကလဲခြောက်ခြားလွန်းတယ်ကူးငယ်ရယ် မျက်လုံးမှတ်လိုက်တာနဲ့အိပ်ပျော်သွားမဲ့ညလေးတစ်ညတော့ငါပြန်လိုချင်မိတယ် တစ်ညတည်းပါတကယ်တစ်ညတည်းပါ ဝမ်းနည်းနေရင်တောင်အရင်လိုရင်ဖွင့်လို့မရတဲ့ဘဝကြီးကတကယ်ဆိုးလွန်းပါတယ်ဗျာ အခုဆို တစ်ခုခုဆိုရင်တိုင်ပင်ဖို့ ဂျင့်ဘေးမှာ ကူးငယ် ယောင်းငယ်နဲ့Seokie တစ်ယောက်မှမရှိတော့ဘူး အတွေးတွေကိုလက်စသက်ပြီးအိပ်ပါတော့မယ်လေ အော်ဒါနဲ့ ကူးငယ် မင်းကိုအရင်ညတွေကထက်ဒီညပိုလွမ်းတယ်နော် အခုချိန်ဆိုမင်းလဲအနားယူနေလောက်ရောပေါ့ အိမ်မက်လှလှမက်ပါစေချစ်ရတဲ့ကူးငယ်လေး ငါပို့သတဲ့မေတ္တာတွေကြောင့်မင်းရင်ထဲအေးချမ်းနေပါစေ ဒါပေမဲ့ မင်းအဆက်အသွယ်ဖြတ်ပြစ်တဲ့ဂျင်က မင်းကိုခွင့်မလွှတ်ဘူးကူးငယ်

L.O.V.EWhere stories live. Discover now