Part3

898 111 14
                                    

"ဂျင် မိုးမိထားတာကြာသွားတယ်နော်နွေးနွေးထွေးထွေးနေ"
"အင်း"
"မနက်ကရောအစာပြေတစ်ခုခုစားတယ်မလား"
"အင်း"
"အခုရောနေရတာအဆင်ပြေရဲ့လားနှုတ်ခမ်းလေးတွေကိုပြာနေတာပဲ"
"ဂျင်အဆင်ပြေပါတယ် ကူးးးငယ်ရယ်"
"ဆန်ပြုတ်ပဲသောက်ခိုင်းထားတော့ သဲဗိုက်ပြန်ဆာနေပြီလား"
"မဆာပါဘူး ဂျင်အိပ်တော့မယ် ကူးးးငယ်"
"ဂျင်"
"ဟင်"
"ငါ ငါ​ေလ ဘာမှမဟုတ်တော့ပါဘူးကွာကောင်းကောင်းအိပ်နော်ဂျင်"
"အင်းပါGn ကူးငယ် အိမ်မက်လှလှမက်ပါစေနော်"
"အင်းကိုယ့်အိမ်မက်ထဲမှာဒီကအသဲလေးအချစ်လေးဂျင်ကိုလာခေါ်မယ်နော်"
".........."
"ကိုယ့်ရဲ့ပုပုသေးသေးလေးလေးနဲ့အတူ အိမ်မက်ထဲမှာဂျင်လေးပါ ပါရင်ပိုပျော်ဖို့ကောင်းမှာမျိုး"
"ဂျင်အိပ်ချင်ပြီ"
"အင်းအိပ်တော့လေ ကိုယ်မီးပိတ်ခဲ့မယ်နော် ညအိပ်မီးပဲထွန်းခဲ့မယ်"
"အင်း"
ကျေးဇူးပြုပြီးမပြောပါနဲ့လားငါ့ကိုခွဲသွားပြီး ရေမြေခြားမှာထွက်ခွာသွားတော့မယ်လိူ့ *အချစ်*တဲ့ ဟက် စကားလုံးကသာနှစ်လုံးပဲရှိတာ လူတစ်ယောက်ရဲ့ဘဝကိုပျော်ရွှင်အောင်လုပ်ပေးနိုင်သလို အရမ်းခံစားရအောင်လဲလုပ်နိုင်တယ် လူတစ်ယောက်ရဲ့နှလုံးသားကိုလဲတစ်စစီကျိုးပဲ့ကြေမွနိုင်အောင်လဲလုပ်နိုင်တယ် နှစ်ကိုယ်တူအချစ်တွေတောင်ရံဖန်ရံခါပူလောင်ရတာ ဂျင်လိုတစ်ဖက်သတ်အချစ်ဆိုရင်တော့ ဘယ်လောက်ပူလောင်နေမလဲ အခြားသူနဲ့ပျော်ရွှင်နေတာတောင်သဝန်တိုခွင့်မရှိတဲ့ဘဝ တစ်ဖက်ကိုပဲသတ်နေတဲ့တစ်ဖက်သတ်အချစ်ကိုဘဝဆက်တိုင်းမခံစားပါရစေနဲ့ပဲဆုတောင်းရုံပေါ့
ဒေါက် ဒေါက် ဒေါက်
"သားငယ်အိပ်​​ပြေီလားမေမေဝင်ခဲ့မယ်နော်"
"ဟုတ်ကဲ့မေမေ သားမအိပ်သေး​ပါဘူး ဝင်ခဲ့ပါ"
"မေမေကသားကိုအိပ်နေပြီထင်တာ ဂျောင်ကုလေးကပြောလို့သားအိပ်နေပြီဆိုပြီး"
"​ဟုတ်တယ်မေမေရဲ့ သားအိပ်တော့မလို့ပြင်နေတာပါ"
"သားမျက်နာလဲမကောင်းဘူးနေမကောင်းဘူးလား "
"ကောင်းပါတယ်မေမေရယ် နေ့လည်ကမိုးနည်းနည်းမိသွားလို့ခေါင်းကိုက်နေလို့ပါ"
"ဂရုစိုက်မှပေါ့သားရယ် မေမေကဂျောင်ကုလေးနဲ့အတူပြန်မလာတော့ သားတို့ရန်ဖြစ်ထားတယ်ထင်တာ"
"မဖြစ်ပါဘူးမေမေရယ် ကူးးငယ်နဲ့အဆင်ပြေပါတယ်"
"အေးပါကွယ်မေမေသားလေးလိမ်မာတာမေမေကသိပါတယ် ဒါပေမဲ့ သားရဲ့​ေဖဖေမရှိတဲ့နောက်ဒုက္ခရောက်နေတဲ့မေမေတို့သားအမိကိုကူညီထားတဲ့ဂျောင်ကုလေးတို့မိသားစုအပေါ်သည်းခံရမယ်နော်သားငယ် "
"ဟုတ် သားသည်းခံပါ့မယ်"
"အေးကွယ် သားလဲအိပ်တော့လေ မေမေလဲဘုရားရှင်ခိုးပြီးအိပ်တော့မယ်အခုတလောအိပ်ရေးမဝလို့ထင်တယ်ခေါင်းတွေခနခနမူးနေလို့"
"မနက်ဖြန်ဆေးခန်းပြမလားမေမေ"
"ရပါတယ်သားငယ်ရယ်ပြစရာမလိုပါဘူး အိပ်ရေးမဝလို့ပါ"
"ဟုတ်မေမေ ဂရုစိုက်ပါ ဂျင့်မှာမေမေတစ်ယောက်ပဲရှိတော့တာ"
"ဟုတ်ပါပြီ ကွယ် အိပ်တော့နော်​မေမေ့ရဲ့သားလေး မွမွ"
"ဟုတ်ကဲ့မေမေ"
"Hello Baby jiလေး အိပ်နေပြီလား ကိုယ်လွမ်းလို့ဖုန်းဆက်လိုက်တာ"
"..........."
"babyလေးလဲလွမ်းနေတာလား"
"......:..."
"အင်းပါ မနက်ဖြန် ေကျာင်းပိတ်တော့တစ်နေကုန်လည်ကြတာပေါ့"
".............."
"ကိုယ် ဂျင့်ကိုပါခေါ်ခဲ့မယ်လေ ရလား"
"..........."
"လိမ်မာလိုက်တာကိုယ့်ရဲ့babyလေး အိပ်တော့နော်"
"............."
"Gn baby ji "

L.O.V.EWhere stories live. Discover now