part24

1.2K 118 40
                                    

"မာမီ ဒယ်ဒီနဲ့ မေမေကင် တို့ခဏလောက်ပြန်နားလိုက်ပါ ကျတော်စောင့်နေပေးပါ့မယ်"
"မဟုတ်တာ မာမီတို့လဲအတူစောင့်မယ် ဂျင်လေးအားငယ်နေလိမ့်မယ်"
"မာမီတို့ပင်ပန်းနေပါပြီ"
"ဟုတ်ပါတယ် ကျတော်နဲ့ဂျောင်ကုနဲ့ပဲ စောင့်ပေးပါ့မယ် ဂျင်လေးသတိရလာမှ ကျတော်ဖုန်းဆက်ပါ့မယ် ပြန်နားလိုက်ပါနော်"
"မေမေရဲ့သားလေးနဲ့မြေးလေးအဆင်ပြေလောက်မှာပါနော်"
"အဆင်ပြေမှာပါမေမေရယ် ဂျင်လေးနဲ့ianလေးက ဒီလောက်ချစ်စရာကောင်းတာ အစောင့်အရှောက်တွေက ဒီတိုင်းနေမှာမဟုတ်ပါဘူး"
"ဒါဆို ဒယ်ဒီ မမကင်မ်နဲ့မင်းမာမီကိုခေါ်ပြီးခဏပြန်နားလိုက်မယ် အကြောင်းထူးရင်ဖုန်းဆက်နော်"
"ဟုတ်ကဲ့"

"ဒီကိစ္စကိုသွေးရိုးသားရိုးလို့ထင်နေလားဂျောင်ကု"
"ဘာကိုလဲ"
"အပြစ်မရှိတဲ့ကလေးတစ်ယောက်ကို ဘယ်သူကမှရန်ငြှိုးထားမှာမဟုတ်သလို ရန်ငြှိုးထားရှိမှာလဲမဟုတ်ဘူးဘယ်တော့မှရန်မဖြစ်ဘူးတဲ့ဂျင်ကလဲ သူတစ်ပါးက ကားနဲ့ဝင်တိုက်ရလောက်အောင်ထိ ယုတ်မာမနေဘူး "
."မင်းပြောချင်တာက သက်သက်မဲ့လုပ်ကြံတာလား"
"သေချာပေါက်ပေါ့ငါနဲ့ပတ်သက်တဲ့သူဒါမှမဟုတ် မင်းနဲ့ပက်သတ်တဲ့သူက လုပ်ကြံတာပဲ"
"မဖြစ်နိုင်တာ"
"ငါဒီလိုမျိုးအတွေ့အကြုံ တစ်ခါကြုံဖူးသွားပြီ ဂျောင်ကု ငါ့လူတော့မဟုတ်ဘူး အခုက ေသချာပေါက်မင်းကြောင့်ပဲ "
"ဘာ!!"
"ဟုတ်တယ်ianလေးသာ တစ်ခုခုဖြစ်ကြည့် မင်းနဲ့ ငါထင်နေတဲ့သူကိုလုံးဝအလွတ်မပေးဘူး "
"မင်းကဘာလဲ ဂျီမင်ကိုထင်နေတာလား ဘေဘီကဘယ်တော့မှအဲ့လိုမလုပ်ဘူး"
"ခွပ်! !ဆောက်ရူးပဲ မင်းကဂျောင်ကု"
"မင်း!!!!"
"ဂျင်နဲ့ပက်သတ်ရင်ငါမလုပ်ရဲတာမရှိဘူးဂျောင်ကု မင်းဟာမင်း ဘာကောင်ကြီးဖြစ်နေနေဖြစ်နေ"
"ခွပ်!!!စကားပြောဆင်ကျဥ်"
ကျွီ......
"ဒီကလူနာရှင်တွေ"
"ဗျာ ဟုတ် ဟုတ်ကဲ့"
"ကလေးက သွေးအရမ်းလိုနေပါတယ် အဲ့ဒါ သူ့မိခင် ဖခင် ဒါမှမဟုတ် သွေးအမျိုးအစားတူတဲ့သူ လိုက်ကူညီပေးပါ"
"သွားလိုက်ထယ်ယောင်း ကလေးကိုသွေးလှူပေးလိုက်"
"မင်းသွားရမှာ"
"ဘာ! ဘာလို့ငါလဲ မင်းက သူ့အဖေမဟုတ်ဘူးလား"
"မင်းသွားဆိုသွားလိုက် ဒါတွေမေးမနေနဲ့ ကလေးအတွက် မေးခွန်းမမေးပဲဆရာနဲ့လိုက်သွားလိုက်"
"ငါနဲ့အမျိုးအစားမတူရင်"
"မင်းနဲ့သေချာပေါက်တူတယ်ဂျောင်ကု"
"သွားရအောင် နောက်ကျလိမ့်မယ်"
"ဟုတ်ကဲ့Dr"

L.O.V.EWhere stories live. Discover now