part14

824 96 31
                                    

"တော်တော်မှပျော်ခဲ့ရဲ့လားဟမ်"
"ဘာက်ိုလဲကူးငယ်"
"တစ်နေ့လုံးငါ့ကိုပြစ်ထားပြီးအဲ့ဘာမဟုတ်တဲ့ကောင်နဲ့လျှောက်လည်နေတာ"
"အာ မဟုတ်တာ ဂျင်လျှောက်မလည်ဘူး"
"ဒါဆိုဘာလဲDateနေကြတာလားမင်းတို့"
"မဟုတ်ပါဘူးကူးငယ်ရယ် ဂျင်သူနဲ့dateမနေပါဘူး"
"ဘာလဲငါ့ကိုပြစ်ထားချင်လို့လား"
"ပြစ်မထားပါဘူးကူးငယ်ရယ် ဂျီမင်လေးလဲရှိနေတာပဲ"
"ကိုယ့်အချစ်မှမဟုတ်တာ"
"ဟင်"
"ဘေဘီက ကိုယ့်အချစ်လောက်အလိုက်မသိဘူး"
"အခုသူပြန်ပြီလား"
"အင်းပြန်သွားပြီ"
"အင်း ဂျင်ခဏနားလိုက်အုံးမယ်နော်"
"နေပါအုံး ဟင် နေမကောင်ဘူးလား လက်ကလေးကနွေးနေတယ်"
"ကောင်းပါတယ်ကူးငယ်ရဲ့အပြင်ကပြန်လာလို့အသားပူနေတာပါ"
"လက်ဖဝါးလေးကပါနွေးနေတာလေ"
"..........."
"လက်ထဲကဘာတွေလဲ"
"အမ် ဟို ဟို မေမေ့ဆေးတွေပါ"
"မဟုတ်တာပြစမ်းကိုယ့်ကို"
".........."
"ကျစ် နေမကောင်းတာပေါ့ဆေးခန်းသွားချင်တာကိုယ့်ကိုပြောရောပေါ့"
"........."
"လာအခန်းထဲသွားမယ်လမ်းရောလျှောက်နိုင်လား မလျှောက်နဲ့ကိုယ်ပွေ့ချီခဲ့မယ်"
"ဟာ ရပါတယ်ကူးငယ်ရယ်ဂျင့်ဘာသာလျှောက်ပါ့မယ်"
"ငြိမ်ငြိမ်နေ မနေရင်လွှတ်ချပစ်လိုက်မယ်"
လွှတ်ချမှာတော့အကြောက်သား ငြိမ်သွားလိုက်ကြောင်ပေါက်လေးကျနေတာပဲ ဒီကောင် အခုတလောအရမ်းပိန်သွားသလိုပဲ ပွေ့ရတာလဲ ငှက်မွှေးလေးမနေရသလိုပဲ မဖြစ်သေးပါဘူး အစားကိုသေချာဂရုစိုက်ကျွေးအုံးမှာပဲ မေမေကင်ကိုလဲမှာထားမှ ဂျင့်ကိုဘာမှမခိုင်းဖို့သူကမွေးထားတာမှန်ပေမဲ့ ဂျင်ကိုမေမေကင်မ်မပိုင်ဘူး ငါပဲပိုင်တာဖြစ်တဲ့အတွက်သတိတော့ပေးအုံးမှ လူလဲအရိုးပဲရှိတော့တယ် ကိုယ့်အချစ်ရယ် စိတ်ညစ်စရာများရှိလို့လား အလုပ်တွေပင်ပန်းနေလို့လား
"ကူးငယ် အောက်ချပေးတော့လေ အခန်းထဲရောက်နေတာကြာပြီ ဒီတိုငိးပွေ့ချီထားတော့ကူးငယ်လဲလေးနေရောပေါ့"
"လေးတယ်ဝက်ပေါက်စလေးချီထားရတဲ့အတိုင်းပဲ"
"ဟီးဟီးး"
"ဘာစားပြီးပြီလဲ ဆေးသောက်ရအောင်"
"အပြင်ကစားလာပြီ"
"နေမကောင်းတာကိုမိုးချုပ်မှပြန်လာတာ ဂျင်မင်းကအရမ်းဆိုးလာတာပဲ"
"........"
"ဆေးသောက်ရအောင်"
"ဟင့် အင်မသောက်ဘူး"
"ဟာ မသောက်လို့မရဘူးလေ"
"မနက်ကလဲဆရာကအတင်းဆေးထိုးတယ် အခုကျကူးငယ်ကဆေးသောက်ဖို့ဆူတယ် ဟင့် အီးးးဟီးးး"
"ဟာ မငို မငိုနဲ့လေ နေပါအုံးဆေးထိုးတာကဘယ်နေရာထိုးတာလဲ"
"အမ်"
"ဟို ကိုယ်မေးတာကကွာ ကျစ်"
"ယောင်းငယ်က လက်မောင်းကနေပဲဆေးသွင်းခိုင်းလို့ဆရာကလဲအဲ့ကပဲဆေးသွင်းလိုက်တာဘာလို့လဲ"
"မေးကြည့်တာ"
"အင်း"
"အခုတော့ဂျင်က လိမ်မာတယ်ဆေးသောက်နော်"
"မသောက်ပါဘူးဆို အီးးဟီးး"
"ဟင်းး"
ကိုယ်ကချော့တိုက်ပြီးပြီးသူကမသောက်တော့လဲ ရတဲ့နည်းနဲ့ဗိုက်ထဲဆေးဝင်အောင်လုပ်ရမှာပဲ
"ကူးငယ်ဘာလို့ဂျင့်ဆေးတွေသောက် အွန့်😳"
မထင်ထားဘူး ဂျင့်ကိုဒီလိုနည်းနဲ့ကူးငယ်ဆေးတိုက်မယ်လို ဖျားနေတဲ့အဖျားတောင်အကုန်ပျောက်သွားသလိုပဲ ကိုယ့်ချစ်ရတဲ့သူရဲ့နှုတ်ခမ်းလေးနဲ့...........
"ဟိတ် ဘာလဲလန့်သွားတာလား "
"........"
"အဟမ်း ကိုယ်က စေတနာနဲ့ဆေးဝင်အောင်အဟမ်းကူညီပေးတာ "
"ဂျင်ရေချိုးခန်းခဏသွားလိုက်အုံးမယ်"
"မသွားနဲ့ရေချိုးလို့မရဘူးကိုယ့်ငွေ့ရှိသေးတယ်အဝတ်စားလဲချင်လဲ ပြီးရင်အိပ်တော့"
"ဟုတ်"
"ကိုယ်လဲဖုန်းခဏသွားပြောလိုက်အုံးမယ်"
"......."
"မေမေကင် ဒီမှာဘာရပ်လုပ်နေတာလဲ ဂျင့်စီသွားမလို့လား"
"အင်းဟုတ်တယ်သူနေမကောင်းတော့"
"အော် မေမေ့ကင်ကိုသားပြောရအုံးမယ် ဂျင့်ကိုဘာမှမလုက်ခိုင်းပါနဲ့သူခမျာအရင်ကတည်းကဖြူဖက်ဖက်လေး "
"အန်တီကဘာမှမခိုင်းပါဘူးကွယ်သူကိုက"
"နောက်နေ့သားသူ့ကိုသေချာပြောထားမယ်"
"ဟုတ်ပါပြီကွယ်"
"အခုဂျင့်စီသွားမှာမလားသွားပါ ကျတော်ဖုန်းခဏပြောမလို့"
"အေးပါကွယ်"
"မေမေ ကူးငယ်နဲ့ဘာတေ ပြောနေတာလဲ"
"ဒီလိုပါပဲ ဒါနဲ့သားငယ်သက်သာရဲ့လား တကယ်ဆိုမေမေကသားငယ်ကိုဂရုစိုက်ပေးရမှာအခုတော့မေမေကအလုပ်တွေပဲ"
"မဟုတ်တာမေမေရာသားနားလည်ပါတယ်တကယ်ဆိုသားကတောင်ဂရုစိုက်ပေးရမှာပါ ဂျင်ခဏအဝတ်အစားလဲလိုက်အုံးမယ်နော်မေမေ"
"အင်း"
သားလေးရယ် ဘယ်လောက်တောင်နာကျင်နေရလဲ အခုဆိုဂျောင်ကုလေးကလဲသက်ဆိုင်သူရှိလာပြီ မဖြစ်နိုင်တော့တဲ့လမ်းကိုသားကိုမလျှောက်ချင်တော့ဘူးသားခံစားရမှာသိပေမဲ့လဲသူ့ကိုဆက်မချစ်ဖို့မေမေတားရလိမ့်မယ်
"မေမေ ဘာတွေတွေးနေတာလဲဟင် ဂျင်ခေါ်တာလဲမထူးဘူး"
"မတွေးပါဘူးသားငယ်ရယ် သားဘာစားချင်လဲမေမေချက်ပေးမယ်"
"ဘာမှကိုစားချင်စိတ်မရှိဘူးမေမေ "
"သားလေးရယ် မနေ့ကမေမေ့သားလေးဘယ်လောက်ထိခံစားနေရမလဲ လက်လျှော့လိုက်ပါတော့သားရယ်လက်လျှော့လိုက်ပါတော့"
"မေမေ ဂျင်ကလေ သူ့ကိုမပိုင်နိုင်တော့မှန်းသိပါတယ် သူ့ကိုသားလဲမရိုးသားတဲ့စိတ်နဲ့မချစ်ချင်တော့ပါဘူးသားကလေသူ့ကိုညီလေးတစ်ယောက်လိုပဲသဘောထားချင်တာပါ ဒါပေမဲ့ဂျင့်ကို နှလုံးသားကခွင့်မပြုသေးဘူးမေမေ"
"သားငယ်ရယ် မေမေသားငယ်လေးကိုမကြည့်ရက်ဘူး "
"သားကြောင့်မေမေပါခံစားနေရပြီသားတောင်းပန်ပါတယ်မေမေ"
"သားငယ်ကိုမေမေတားမရရင်လဲမတားပါဘူးသားမချစ်နိုင်တော့တဲ့နေ့အထိရောက်အောင်ကြိုးစားပါ မေမေသားငယ်ကိုပြောပြမယ် ကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင်နေပါ တစ်နေ့သားဂျင်တန်ဖိုးကိုသိတဲ့လူရဲ့တန်ဖိုးထားခြင်းကိုခံရလိမ့်မယ် မေမေပြောတာသားနားလည်ရဲ့လား"
"ဟုတ်သားနားလည်ပါတယ်မေမေ"
"သားဂျင်သူ့ကိုရင်ဘတ်ချင်းအနီးကပ်မချစ်ရတော့လဲဘာဖြစ်လဲအဝေးကချစ်ပေါ့ ပိုပြီးတောင်အေးချမ်းသေးတယ်သား"
"မေမေ အဝေးကနေတိတ်တခိုးချစ်ရတာကအေးချမ်းတယ်ထင်နေတာလားထားပါတော့မေမေပြောသလိုအဝေးကနေတိတ်တခိုးချစ်ရတာအေးချမ်းတာတော့အေးချမ်းမှာပေါ့ဒါပေမဲ့ရင်ဘတ်ထဲကကျအောင့်တယ်မေမေ"
"တကယ်ဆိုမေမေ့သားလေးသာမိစုံဖစုံနဲ့ပိုက်ဆံရှိခဲ့ရင်မေမေ့သားလေးလိုချင်တာဖြည့်ဆည်းပေးနိုင်မှာအခုတော့မေမေက"
"ဟာ မေမေရာ သားကသူ့ကိုမေ့နိုင်အောင်ကြိုးစားမှာပါ မေမေတို့ကြောင့်မဟုတ်ပါဘူး"
"မေ့နိုင်အောင်ကြိုးစားပါသားရယ်ဂျီမင်ဆိုတဲ့ကလေးကအစစအရာရာပြည့်စုံတယ်ကြည့်ရတာလဲဘာမဆိုလုပ်ရဲမဲ့ပုံဘာနဲ့ယှဥ်ယှဥ်မေမေတို့ကအောက်ကလူတွေမို့သားသူနဲ့သွားမယှဥ်နဲ့နော်"
"မေမေရယ်သားဘယ်တော့မှ ကူးငယ်ကိုသူများနဲ့ပြိုင်မလုပါဘူးသားက သူမသိအောင်ပဲချစ်နေမဲ့သူပါ"
"မေမေလဲအလုပ်ကြိုးစားမယ် ငွေမရှိရင်မေတ္တာတွေချစ်တာတွေမပြောနဲ့ထမင်းတစ်လုတ်ရေတစ်ခွက်တောင်စားရသောက်ရဖို့မလွယ်တော့တဲ့ခေတ်ကြီးထဲမှာ အချစ်ဆိုတာသိပ်အရေးမပါတော့ဘူးအဲ့တော့​နောက်ကျငါ့သားလေးလိုချင်တာရှိရင်ပေးနိုင်အောင်ငွေနောက်ကိုခပ်မှန်မှန်နဲ့ခပ်မြန်မြန်လိုက်ရမယ်ထင်တယ်"
"မေမေကတော့လေ ဂျင်ကအလုပ်ကြိုးစားမှာပါမေမေဘာမှလုပ်စရာမလိုဘူး သားအတွက်မပူပါနဲ့တော့မေမေကအသက်ကြီးလာပြီးမေမေ့ကို အေးအေးဆေးဆေးသာသာယာယာလေးပဲနေစေချင်တယ် မေမေသားကိုချစ်လို့အခုလိုပြောတာသိပါတယ်ဒါပေမဲ့မေမေရယ်အပူမရှာပါနဲ့ဂျင်အဆင်ပြေပါတယ်"
"ဟုတ်ပါပြီအတက်ကလေးရယ် မွ ချစ်လိုက်ရတာမေမေ့သားလေးကိုညကိုတစ်ခုခုဖြစ်ရင်မေမေ့ကိုနှိုးနော်"
"ဟုတ်ကဲ့မေမေ သားလဲမေမေ့ကိုချစ်တယ်နော်အာဘွားးမွ"
"အဲ့ဆိုမေမေသွားတော့မယ်နော်"
"ဟုတ်ကဲ့မေမေ"
"စိတ်ညစ်စရာတွေမေ့ပြီးအိပ်ပျော်အောင်အိပ်လိုက်အုံးနော်သားငယ်"
"ဟုတ်ပါပြီမေမေရယ်"
"ဘယ်သူ့ကိုမေ့ခိုင်းနေတာလဲ"
"သားဂျောင်ကု"
"​ေအာ်မေမေက အလုပ်အကြောင်းတွေမေ့ပြီး အေးဆေးအိပ်ဖို့ပြောနေတာပါ"
"အင်း"
"အန်တီနားတော့မယ်နော်သားဂျောင်ကု"
"ဟုတ်"
"မအိပ်သေးဘူးလားကူးငယ်က ဘာလို့ပြန်လာတာလဲ"
"မင်းကဖျားနေတာမလား စောင့်အိပ်ပေးမလို့လေ"
"ရပါတယ်အဲ့လောက်လဲမလိုတော့ပါဘူးသက်သာနေပါပြီ"
"မရဘူး "
"ပြောမရလဲ အိပ်ပါဒါနဲ့ဂျင့်ကုတင်ကသေးသေးလေးရယ်နှစ်ယောက်အိပ်ဖို့ကြ"
"ရတယ်မင်းသာအိပ်ပါ"
"ထိုင်စောင့်မလို့လား"
"မစောင့်ပါဘူး ကဲပါကွာနည်းနည်းလှဲပြီးအိပ်ပါတော့"
"အခုကူးငယ်ကဆူလိုက်တာလားဂျင့်ကို"
"မဟုတ်ပါဘူးကွာ"
"ဟုတ်ပါတယ် "
"ကျစ် မရတော့ဘူး ငါအသဲယားလာပြီ"
"ဟင် "
"အစကတော့မင်းအိပ်မှငါ့အခန်းထဲပြောင်းပေးမလို့ဆေးအရှိန်နဲ့အိပ်ချင်နေပြီထင်တာအခုတော့စွာနေတော့မအိပ်ခင်ပဲချီသွားတော့မယ်"
"ဟာ ဂျင်လမ်းလျှောက်ပါ့မယ်"
"တိတ်တိတ်နေ"
"အင့်"
"နာသွားတာလားငါဖြည်းဖြည်းလေးပဲချပေးတာပါ"
"မနာပါဘူး"
"ရွှတ် မွမွ"
"အာ ဘာလုပ်တာလဲ"
"ခုနကအသဲယားတာမနမ်းရသေးလို့"
"အဲ့လိုမလုပ်ပါနဲ့"
"ဘာလို့လဲ"
"ဂျီမင်လေးက"
"ကျစ် ဘာဖြစ်လဲ မင်းက ငါ့ရဲ့ညီအရင်းလိုချစ်လို့နမ်းတာလေ"
"အော်"
"သိလား မနက်ကမင်းအိပ်ယာလာမနှိုးတော့ငါ့မှာ စိတ်ဆိုးသွားရတာ"
"ဂျီမင်လာနှိုးတယ်လေ"
"သူက ကိုယ့်အချစ်မှမဟုတ်တာ"
"........"
မနက်က ကူးငယ်ကဂျီမင်းလေးကိုမက်မက်မောမောနက်နက်ရှိုင်းရှိုင်းနမ်းနေတာပဲ စိတ်ဆိုးတယ်ဆိုတာအပိုပြောတာပါကူးးငယ်ရာ ကူးငယ်မနက်ကပျော်နေတာပါ
"ဂျင် ဘာတွေတွေးနေတာလဲ"
"ဟင့်အင် ဂျင်အိပ်ချင်ပြီ"
"ဘာလို့ဟိုဘက်တိုးအိပ်တာလဲလာခဲ့ကိုယ့်လက်မောင်းပေါ်"
"အတင်းမဖက်နဲ့ နောက်ပြီးစောင်လဲဖယ်ပေးအုံး လူကိုစောင်နဲ့ထုပ်ထားတာလက်တောင်လှုပ်မရဘူး"
"အေးနေမှာဆိုးလို့ဒီတိုင်းပဲနေ နွေးသွားအောင်ကိုယ်ဖက်ပေးထားမယ် ကိုယ်ရင်ခွင်ကနွေးတယ်"
".........."
ငါ့ကိုအကျင့်ပါအောင်မလုပ်ပါနဲ့လားကူးငယ်ရယ် ကူးငယ်ကိုနွယ်နဲ့နှိုင်းရမလား နွံနဲ့နှိုင်းရမလားမသိတော့ဘူးရစ်ပတ်တဲ့နေရာတော်သလိုနစ်အောင်လုပ်နိုင်တဲ့နေရာမှာလဲတော်တယ်
"ကိုယ့်အချစ်"
"ဟင်"
"ဘာမှမဟုတ်တော့ဘူးအိပ်တော့"
"ကူးငယ်"
"အင်း"
"ဂျင်အလုပ်လုပ်မလို့"
"ဘာ!!!!!"
"ဘာလို့အော်တာလဲ"
"ဘာလို့အလုပ်လုပ်မှာလဲ ဘာတွေလိုနေလို့လဲ မင်းကြိုက်တာပြောကိုယ်ဖြည့်ဆည်းပေးမယ်"
"မလိုပါဘူး အိမ်မှာနေတာပျင်းလို့ပါ နောကိဆိုကူးငယ်ကလဲဂျင့်နားမှာနေပြီးစကားပြောရမှာမဟုတ်ဘူးနိုင်ငံခြားသွားတော့မှာ အိမ်မှာဂျင်ပျင်းနေမှာ"
"ကိုယ်...."
"ဂျင်အလုပ်လုပ်ချင်လို့ပါ ကူးငယ်ရယ်"
"မဖြစ်ဘူး မင်းကအလုပ်ကြမ်းမလုပ်နိုင်"
"ဂျင်အလုပ်ကြမ်းမလုပ်ပါဘူး ကုမ္ပဏီတစ်ခုမှာလျှောက်ထားတာပါ"
"မဖြစ်ပါဘူးကွာ"
"ကူးငယ်ကလဲ"
"ကျစ် အေးလုပ်ကြည့်ကွာ မင်းပင်ပန်းတာတွေ့ရင်ချက်ချင်းအလုပ်ထွက်ရမယ်နော်"
"အင်းထွက်မယ်ဟီးဟီး"
"ရယ်မနေနဲ့ အိပ်တော့"
"ဟုတ်"
ဖြစ်နိုင်ရင် ကိုယ်မင်းကိုဘာအလုပ်မှလဲမခိုင်းချင်သလိုငါ့ဘေးနားမှာပဲပြုံးပျော်ရွှင်နေတာပဲ မြင်ချင်တယ် စိတ်ထဲလို့ပဲလားတော့မသိဘူး ငါဂျီမင်နဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်းမင်းငါ့ကိုစိမ်းသွားတယ်ဂျင် အရယ်အပြုံးသိပ်မရှိတော့ဘူး မင်းမျက်လုံးထဲ တစ်ခုခုကိုစိုးရိမ်နေတဲပုံပဲမြင်နေရတယ် ဟင်းးးးးသိပ်နားလည်ရခက်တယ် ကိုယ့်အချစ်ရယ်...........
"ဂျင်အိပ်သွားတာလား အသက်ရှူသံမှန်မှန်လေးနဲ့တကယ်အိပ်သွားတာပဲ  ကလေးလေးကြနေတာပဲ အပြစ်ကင်းစင်လိုက်တာ ကိုယ့်အချစ်ရယ် မင်းမျက်နာလေးညှိုးမှာမလိုလားဘူး ဖြစ်နိုင်ရင်အမြဲမင်းကို ဒီလိုမျိုးထွေးပွေ့ထားချင်တယ် ငါမင်းကိုဘယ်သူနဲ့မှစိတ်မချဘူးဂျင် "

L.O.V.EWhere stories live. Discover now