part16

776 94 30
                                    

အန်ကယ်နဲ့တီလေးက ဂျင်ပဲလိုက်ပို့လိုက်ပါဆိုလို့ ကူးငယ်ကိုကျတော်လိုက်ပို့နေတာ ဘယ်လိုလုပ်ရမလဲသူကျတော့်ကိုကျောခိုင်းပြီးချစ်တဲ့သူလက်ကိုဆွဲသွားမဲ့ မြင်ကွင်းကို ကျတော်ရင်နာနာနဲ့ကြည့်ရတော့မယ်ရက်စက်လိုက်တာဗျာ........
"ဂျင် ကိုယ်စိတ်ချမယ်နော် ဘာပဲဖြစ်ဖြစ်ကိုယ့်ကိုဆက်သွယ်ပြီးပြောနော် တစ်ယောက်ထဲကြိတ်ခံစားမနေပါနဲ့ နောက်ပြီးကိုယ့်ကိုလွမ်း"
"ကိုကို သူကလေးမဟုတ်တော့ပါဘူး အဲ့လောက်မှာမနေနဲ့ အလကားသူစိတ်တွေရှုပ်နေမှာပေါ့ ဆော့ဂျင်လဲသူ့ခြေထောက်ပေါ်သူရပ်တည်ပါလိမ့်မယ် ကိုကိုအဓိကဂရုစိုက်ရမှာက ဒီကဘေဘီလေးကိုပဲ"
"ဟုတ်ပါတယ်ကူးငယ်ရယ် ကူးငယ်သာဂရုစိုက်နော် ဂျီမင်လေးစိတ်ဆိုးမဲ့အလုပ်တွေလဲမလုပ်နဲ့နော်"
"ကိုယ်မင်းကို စိတ်ချလို့ရတယ်မလား"
"အင်းစိတ်ချပါ ဂျင်က ကူးးငယ်မရှိရင်သန်မာအောင်ရပ်တည်တော့မှာပါ"
"ကိုယ်......."
"ကိုကို့ လေယာဥ်ထွက်တော့မယ်"
"အော် အင်းအင်း ကျန်းမာရေးဂရုစိုက်နော်ဂျင်ကိုယ့်အမြန်ပြန်လာမယ်"
"ဟုတ်ကဲ့ပါဆရာလေးကူးငယ်ရယ်သွားတော့နော်"
"အင်း"
"ငါတို့သွားပြီနော်ဆော့ဂျင် လာကိုကိုသွားမယ်"
"ဟုတ်"
အော်ဂျင့်ရဲ့ကူးငယ်လေးတောင်ချစ်တဲ့သူနဲ့အတူ မိဘတွေကိုကျောခိုင်းပြီး ပျံသန်းတက်နေပြီ ဂျင်ကသာ.......
"သားဂျင်ပြန်ရအောင်လေ သခင်လေးတို့လေယာဥ်တောင်တက်သွားပြီ"
"ဗျာ အာ ဟုတ်ကဲ့ဦးလေး ပြန်နှင့်လိုက်ပါ ဂျင်သွားစရာလေးရှိသေးလို့ပါ"
"သားဂျင်ရယ် ဖြစ်ပါ့မလား "
"ဖြစ်ပါတယ်ဦးလေးရယ် သားသူငယ်ချင်းစီခဏသွားချင်လို့ပါ"
"အင်းပါ ဂရုစိုက်ပြန်ခဲ့နော် သားမေမေကမျှော်နေမှာ"
"ဟုတ်ကဲ့ပါ"

10 hour later
"မေမေ"
"သား မေမေ့သားလေး ဘယ်တွေသွားနေတာလဲသားရယ်မေမေရင်ထဲပူလိုက်ရတာ"
"သားတောင်းပန်ပါတယ် မေမေစိတ်ပူ​အောင်လုပ်မိပြီ နောက်ကျမေမေသားကြောင့်စိတ်မဆင်းစေရတော့ပါဘူးနော် သား.... သား......."
"သားလေးရယ် မေမေ့သားလေး မေမေစီပြန်လာပြီမေမေကိုဖက်တွယ်ပြီး ရင်ဖွင့်လိုက်ပါတော့လားမေမေ့သားလေးရယ်"
"အာ မဟုတ်တာ မေမေကလဲသားက သားက ဘာမှမဖြစ်ပါဘူး သားက ယောင်း ယောင်းငယ်စီသွားတာပါ မေမေ့သားက သန်မာ သန်မာပါတယ်"
မသိဘူးဝမ်းနည်းတယ်အရမ်းခံစားရတယ်ရင်ကွဲမတက်ခံစားရတယ် ရူးလောက်အောင်ခံစားနေရလို့မေမေ့ရှေ့မှာဟန်ဆောင်ပြီးစကားပြောနေလဲစကားတွေထစ်ကုန်တယ် သားကြောင့်မေမေပါခံစားရတယ်မေမေရယ်
"မညာတက်ပဲမညာပါနဲ့ငါ့သားရယ် မေမေကမေမေ့သားလေးကိုနားလည်တယ်နော်ငိုချင်ငိုချလိုက်နော်"
"အဟင့်မေမေ အီးးးဟီးးးသားကလေသူနဲ့တစ်ခါမှမခွဲဖူးဘူး မေမေနဲ့သာခွဲဖူးတာ သူနဲ့ကသားတစ်ခါမှမခွဲဖူးဘူး သားကလေး လွမ်းတယ်အရမ်းလွမ်းတာ"
"..................."
"သူကလေ ဂျီမင်လေး လက်ကိုဆွဲသွားပြီးလေယာဥ်ပေါ်ပျော်ပျော်တက်သွားတာ သားကသာ သားကသာ"
"မဟုတ်တာ ဂျောင်ကုလေးကလဲမေမေ့သားကိုလွမ်းနေမှာပါ"
"ကူးငယ်လေးကိုလေဂျင်က ဘယ်မှမလွှတ်ချင့ဘူး သူကျောင်းပြီးမှာဆိုးလို့ရက်တွေရှည်အောင်အချိန်တွေကြာအောင်သားကဆုတောင်းနေခဲ့တာ ဒါပေမဲ့လေ ဆုတောင်းမှအချိန်တွေကမြန်လိုက်တာမေမေရယ်"
"အော်သားလေးရယ်"
"သူကလေ ဂျင့်ကိုဒီကထွက်မသွားနဲ့တဲ့ဒါပေမဲ့သားက သူပြန်မလာခင်မေမေ့လက်ကိုဆွဲပြီးထွက်သွားတော့မှာ ဘာလို့ဆို ဂျင်ဒီတစ်ခါပဲနာကျင်ပါရစေတော့ နောက်ထပ် ထပ်ပြီးမခံစားချင်တော့ဘူး အီးးးဟီးးးဟင့် ဟင့်"
"အင်းပါမေမေ့သားသဘော မငိုနဲ့တော့တိတ်နော် မေမေရဲ့ရင်ခွင်ထဲမှာနေနော် မေမေ့သားလေးခံစားရတာပျောက်အောင်မေမေကချော့သိပ်ပေးမယ်"
"ဟင့် ဟုတ်"

L.O.V.EWhere stories live. Discover now