Part8

797 119 33
                                    

"မောနင်းဒယ်ဒီ မာမီ မေမေကင်မ်"
"မောနင်းသား"
"ဒယ္ဒီ ဒီနေ့အလုပ်နားတယ်လား""
"ဒီနေ့တော့အိမ်မှာနားအုံးမလို့"
"ဟုတ်ကဲ့"
"ဒါနဲ့ ဒယ်ဒီအလုပ်တွေကိုဘယ်ချိန်သင်ယူပြီးဘယ်ချိန်မှ အလုပ်ထဲဝင်ဖို့စဉ်းစားထားလဲ"
"သားလဲဒီမှာကျောင်းပြီးတော့မှာပါ ကျောင်းပြီးတာနဲ့ဒယ်ဒီအလုပ်အတွက် နိုင်ငံခြားမှာသွားသင်ပြီးချက်ချင်းအလုပ်ဝင်ပါ့မယ်"
"အင်း ဒါနဲ့ ဒယ်ဒီတို့ဘယ်ချိန်မြေးချီရမလဲပြောအုံး ငါ့သားကအထည်လဲသာတွဲနေတာ အတိတကျချစ်ရမဲ့သူမရှိသေးဘူးလား"
" အင်းသားလဲမပြောတက်သေးပါဘူးဒယ်ဒီရယ် ဒါတွေထားပါ ဂျင်ရောဟင် "
"ဂျင်လေးက ကျောင်းသွားပြီလေ "
"ဟင် ဘယ်ချိန်ကတည်းကလဲ"
"ခုနှစ်နာရီလောက်ကတည်းက သူကိစ္စလေးလဲရှိလို့ဆိုပြီး "
"သား ကျောင်းသွားတော့မယ်မာမီ "
"ဟဲ့မနက်စာမစားတော့ဘူးလား"
"သားဗိုက်မဆာတော့ဘူးမာမီ"
"သားဂျောင်ဂု မနက်စာလေးတော့စားသွားလေ"
"မစားတော့ဘူးမေမေကင်မ်"
"အေးအေး ဂရုစိုက်သွားနော်"
"ဟုတ်"
ငါ့ကိုထားခဲ့ပြီးတစ်ယောက်ထဲထွက်သွားရတယ်လား ကျောင်းသွားလဲငါ့ကိုနှိုးမှပေါ့ တောက်စ်

"ကင်ဆော့ဂျင်"
"အာ ဂျီမင် ရောက်လာပြီလား"
"အင်း"
"ဂျင့်ကိုဘာပြောစရာရှိလို့ ကူးငယ်မပါပဲလာတွေ့ခိုင်းတာလဲ"
"တို့မင်းကိုသတိပေးစရာရှိလို့"
"ဟမ် ဂျင့်ကို"
"ဟုတ်တယ် အမြဲတမ်း မင်းကကိုကို့ ရဲ့ဘေးမှာရှိနေတော့ မင်းကိုငါ လွတ်လွတ်လပ်လပ်စကားပြောခွင့်မရတာ"
"ဘာပြောချင်လို့လဲ "
"အမြဲတမ်း ကိုကို့ ဘေးမှာရှိနေတဲ့မင်းကို စိတ်ကြီးမဝင်စေချင်လို့ ငါတို့ချစ်သူနှစ်ယောက်လျှောက်လည်လဲမင်းကတကောက်ကောက်နဲ့ မင်းကြောင့်ငါတို့နှစ်ယောက်အေးဆေးချိန်းတွေ့ရတယ်ဆိုတာမရှိဘူးပြသနာကတစ်ခုပြီးတစ်ခုတက်နေတာမင်းပါရင် ဘာမဟုတ်တဲ့အူကြောင်ကြောင်မင်းကို ဂရုစိုက်နေရတာနဲ့ ငါတို့ရဲ့သာယာတဲ့အချိန်လေးပျက်စီးရတာခဏခဏပဲ"
"ဂျင်ကြောင့်လား"
"သိပ်မှန်တာပေါ့"
"ဒါပေမဲ့အရင်လဲ ဒီလိုပဲ ကူးငယ်နဲ့နေလာတာလေ"
"မတူဘူး အရင်ကအရင် အခု ကိုကို့မှာငါရှိနေပြီ တစ်ကယ်ဆို မင်းဆိုတာတောင်မလိုအပ်တော့ဘူး"
"............"
"ညကလဲအဲ့လိုပဲ ကိုကိုနဲ့ ပျော်စရာအချိန်လေးဖြစ်ရမှာကို ကလပ်လိုက်လာပြီး အရှုပ်ထုတ်လာလုပ်တယ် ကိုကိုက မင်းကို ဂရုစိုက်တယ်ဆိုပြီးတော့လဲ သိပ်ပြီးဘဝင်မြင့်မသွားနဲ့ ကင်မ်ဆော့ဂျင် မင်းလိုလူကို ကိုကိုက ချစ်သူအဖြစ်ဘယ်တော့မှသတ်မှတ်မှာမဟုတ်ဘူး ဘာလို့ဆို ကိုကိုက မင်းကို ညီအရင်းတစ်ယောက်လိုပဲခံစားလို့ရတယ်တဲ့ ဟက် နောက်ပြီးမင်းတို့နှစ်ယောက်အဆင့်အတန်းက မိုးနဲ့မြေလို့ကွာဝေးတယ် ငါနဲ့ကိုကိုဆိုတာ လိင်တူချင်းယူတောင်ငွေရှိလို့အဲ့ပါးစပ်ပေါက်တွေကိုပိတ်သွားအောင်ငါလုပ်နိုင်တယ် မင်းဆိုတာက အိမ်အကူ ဟက် တိတိကျကျပြောရရင်အိမ်ဖော်ထမင်းချက်တောက်တိုမရ ရဲ့သား မင်းလဲကိုယ့်ချစ်တဲ့သူအတွက်စဥ်းစားတက်မယ်ထင်ပါတယ်"
"ကျတော်သိပါတယ် ဂျီမင် ကျတော်လဲ ဂျီမင်ရဲ့ချစ်သူကိုလုယူမှာမဟုတ်လို့ မစိုးရိမ်ပါနဲ့ ကျတော်တို့နှစ်ယောက်က သူငယ်ချင်းတွေပါပဲ တစ်မျိုးပြောရရင် ကူးငယ်ပြောတဲ့ညီအကိုတွေပါ စိတ်ချပါ ကျတော်ကူးငယ်နဲ့ ဆင်ချင်ပြီးနေထိုင်ပါ့မယ် ဒါပေမဲ့အပြစ်မရှိတဲ့မေမေကိုတော့ဆွဲမထည့်ပါနဲ့"
"Ok လေ ဆော့ဂျင်က ဆင်ချင်မယ်ဆိုတော့ ကောင်းတာပေါ့ ဒါနဲ့ဒီစကားတွေကိုတို့နှစ်ယောက်ထဲသာ သိပါစေနော်"
"စိတ်ချပါ"
"ဒါဆိုငါသွားတော့မယ်"
"အင်း"
တစ်ဖက်သတ်ချစ်နေရပြီးနာကျင်ခံစားရတာနဲ့မလုံလောက်လို့ အနီးကပ်နေခွင့်ရတဲ့ဘဝကနေ အဝေးကပဲရပ်နေပြီးချစ်နေခိုင်းတာလားဗျာ ဂျီမင်ပြောတာလဲမှန်တာပဲ ငါ့လို တောက်တိုမရကို ကူးငယ် ကပေါင်းသင်းပေးနေတာနဲ့ ငါကျေနပ်နေရမှာလေ ငါ့အဆင့်ငါသိဖို့လိုတယ် ငါကဘဝင်မြင့်နေတာပဲ

L.O.V.EWhere stories live. Discover now