Part4

904 111 23
                                    

"အရုပ်ကလေး"
"ဟင် ဘယ်လိုရောက်လာတာလဲ"
"ဒီလိုပါပဲကိစ္စလေးတွေရှိနေလို့"
""..........."
"ဒါနဲ့အတန်းချိန်လစ်လာတာလား "
"မဟုတ်ပါဘူး ဂျင့်သူငယ်ချင်းကိုနေ့လည်စာ စားရအောင်စောင့်နေတာအခုထိပေါ်မလာသေးလို့"
"ကိုယ့်အထင်တော့သူမပေါ်လာလောက်တော့ဘူးအခုပဲအတန်းချိန်တစ်ချိန်တောင်ပြီးနေပြီဟာ"
"အင်းးးဟုတ်တယ်နော် အဲ့ဆိုဂျင်နောက်တစ်ချိန်သွားတက်တော့မယ်နော်"
"ဆော့ဂျင်"
"ဟင်"
"မင်းစိတ်ညစ်နေတယ်မလား"
"အဟွင်းးးမညစ်ပါဘူး ဒီလိုပါပဲ"
"ဟန်ဆောင်အပြုံးနဲ့မရယ်ပါနဲ့လားဆော့ဂျင် ရယ်မင်းကဖြူစင်မှုလေးနဲ့လိုက်ဖက်ပါတယ်"
"........"
"ဒီနေ့ကိုယ်သွားစရာရှိတယ်စိတ်ပြေလက်ပျောက်ကိုယ်နဲ့ခဏလိုက်ခဲ့မလား"
"မလိုက်တော့ပါဘူး ဂျင်စိတ်လဲမညစ်ပါဘူး"
"ဆော့ဂျင်ရယ် ကိုယ်တစ်ယောက်ထဲသွားရမှာအခက်ခဲဖြစ်နေလို့ပါလိုက်ခဲ့ပါကွာနော်"
"အင်းကောင်းပြီလေ ဂျင်လိုက်ခဲ့မယ်""
အတန်းထဲမှာထိုင်နေလဲဘေးမှာလွတ်နေတဲ့ခုံကိုကြည့်ပြီးဝမ်းနည်နေရမှာစာဦးနှောက်ထဲမရောက်မှာတူတူ သူနဲ့လိုက်သွားတာကအဆင်ပိုပြေမယ်ထင်တယ်
"အရုပ်ကလေး"
"နာမည်ပဲခေါ်ပါ"
"ဘာလို့လဲ ကိုယ်ကမင်းကိုအရုပ်လေးနဲ့တူလို့အရုပ်လေးလို့ခေါ်တာဘာဖြစ်လို့လဲ"
"သဘောပါ ဘာမှမဖြစ်ပါဘူးခေါ်ချင်သပ ဆိုလဲသဘော"
"အရုပ်ကလေးကလိမ်မာတယ်"
".........."
"ကိုယ်ဗိုက်ဆာနေလို့အဲ့ဒါ ဘယ်ဆိုင်မှာစားရင်ကောင်းမလဲဟင် မနေ့ကတည်းကအလုပ်မအားလို့ဘာမှမစားရသေးလို့"
"ထယ်ယောင်းက သွားစရာရှိတယ်ဆို စားဖို့အချိန်ရပါ့မလား"
"ဗိုက်ဆာလို့ ဗိုက်ထဲကအရမ်းနာနေပြီ စားပြီးမှမမှီလဲမသွားတော့ဘူး"
"အင်းအဲ့ဆိုဂျင်သိတဲ့ပဲခေါက်ဆွဲဆိုင်ကိုသွားမလားဟင်"
"ဂျင်ရောစားမှာဆိုသွားမယ်"
"အင်းသွားမယ်လေဂျင်လဲမနက်စာရောနေ့လည်စာရောမစားရသေးဘူး"
"အင်းသွားမယ်"
အရုပ်ကလေးရယ် မင်းမစားရသေးဘူးဆိုတာသိလို့မင်းကိုအပြင်ခေါ်ထုတ်လာတာပါ အရုပ်ကလေးမျက်နာကဝမ်းနည်းမှုတွေနဲ့မလိုက်ဖက်ပါဘူး အခုချိန်မှာငါလဲ.........

"ဂျင် ဘယ်ကပြန်လာတာလဲ ငါကျောင်းမှာသွားကြိုနေသေးတယ် မင်းကိုအိမ်ပြန်နှင့်ပြီထင်တာ"
"အင်း ငါအပြင်ခဏသွားနေတာ"
"ဘာလုပ်သွားတာလဲ ဘယ်သူနဲ့လဲ ကင်မ်ဆော့ဂျင်"
"ဒီလိုပါပဲ "
"ငါ့ကိုလွယ်လွယ်မဖြေနဲ့ဆော့ဂျင်"
"ကူးးးငယ်ရယ် ငါလွယ်လွယ်မဖြေပါဘူး ငါအပြင်ခဏလေးသွားခဲ့ရုံပါ"
"ဒါဆိုမနက်ကရောဘာလုပ်နေလဲ တစ်မနက်လုံးတစ်ညနေလုံးခဏလေးဆိုပြီးအပြင်သွားတာလား"
"မဟုတ်တာ မနက်ကမင်းငါ့ကိုကျောင်းမှာထားပြီးထွက်သွားတဲ့အချိန်ကအတန်းထဲမှာပါ နေ့လည်စာ စားချိန်ရောက်တော့ မနက်စာရော နေ့လည်စာရော မင်းမစားရသေးလို့စားမယ်ထင်ပြီးစောင့်နေခဲ့တာပါ အတန်းချိန်ပြီးခါနီးမှ ငါအပြင်ကိုသွားခဲ့တာပါ"
"ငါ မင်းနားမှာ စောင့်မကြည့်နိုင်တော့ဘူးဆိုပြီး ခြေလမ်းတွေပျက်မယ်တော့မကြံနဲ့ကင်ဆော့ဂျင်မင်းက အဲ့လိုပျက်ပိုင်ခွင့်မရှိဘူး အဲ့ဒါကိုမင်းမှတ်ထားလိုက် ကင်ဆော့ဂျင်"
"..........."
ကူးးးငယ်ရယ် မင်းအရမ်းဒေါသထွက်နေတာပဲ ငါ့နာမည်တောင်အပြည့်အစုံခေါ်သွားတယ်ဆိုတော့မင်းဒေါသထွက်အောင်ငါလုပ်မိသွားပြီပဲ
"သားငယ်"
"မေမေ"
"ဟင်းးးးဂျောင်ကုလေးနဲ့အခုတလောအဆင်မပြေဘူးမလား"
"အဆင်ပြေပါတယ်မေမေရယ် သားကြောင့်တော့မေမေ သက်ပျင်းမချပါနဲ့ မေမေရယ် အခုလဲ ကူးငယ်နဲ့အဆင်ပြေပါတယ်"
"အင်းပါ သားငယ်ကပဲ ဂျောင်ကုလေးစိတ်တိုင်းကျနေပေးလိုက်ပါကွယ်"
"ဟုတ်ကဲ့ပါမေမေ သားအခုတော့အဝတ်အစားသွားလဲလိုက်အုံးမယ်နော် ပြီးမှ မေမေကိုလာကူညီပေးမယ်"
"အင်းပါ"

L.O.V.EWhere stories live. Discover now